ငှက်မြီး သစ်ခွ၏ ပွင့်ဖတ်သည် ငှက်၏ အမြီးနှင့် တူသဖြင့် အမည်ရလာသည်။ ပန်းနတ်သမီး Iris ၏ အမည်ဖြင့် အမည်ပေးခံရသည်။ အိုင်းရစ်စ်သည် ဂရိနတ်ပုံပြင်ထဲတွင် သက်တံ့ နတ်သမီး ဖြစ်သည်။ သူသည် နတ်များ နှင့် လူ့ပြည်အကြား သံတမန် ဖြစ်သည်။ သူ၏ အဓိက တာဝန်မှာ စိတ်ရင်းကောင်းသူ သေဆုံးပြီးနောက် ဝိညာဉ်ကို မိုးနှင့် မြေအကြား သက်တံ့မှတဆင့် ကောင်းကင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ရောင်စုံတောက်ပသော ငှက်မြီးသစ်ခွသည် မတူညီသော အဓိပ္ပာယ်များကို ဆောင်နေသည်။ အဖြူရောင် ငှက်မြီးသစ်ခွသည် ဖြူစင်ခြင်း၊ အဝါရောင်သည် သူငယ်ချင်း မေတ္တာ အဓွန့်ရှည်ခြင်း၊ တက်ကြွလန်းဆန်းခြင်း၊ အပြာရောင်သည် တဘက်သားအား မဟာဆန်ကြောင်း ချီးမွမ်းခြင်း သို့မဟုတ် တိတ်တခိုး ချစ်နေခြင်း၊ ခရမ်းရောင်သည် အချစ် နှင့် မင်္ဂလာဟူ၍ အသီးသီး အဓိပ္ပာယ်များကို ဆောင်နေသည်။ ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်၏ ငှက်မြီးသစ်ခွမှာ ခရမ်းပြာရောင် အဓိက ဖြစ်သည်။ ငှက်မြီးသစ်ခွ ပွင့်သောရာသီတွင် ခရမ်းပြာရောင် လိပ်ပြာများ အစိမ်းရောင် အရွက်များအကြား ပျံဝဲနေသည်ကို တွေ့နိုင်မည်။ နွေဦး၏ သတင်းကို အဝေးသို့ ပို့ပေးချင်သလို ဖြစ်နေသည်။
ပန်းချီဆရာ မိုနတ်၏ ကီဗနီမှ ပန်းခြံထဲတွင်လည်း ငှက်မြီးသစ်ခွ စိုက်ထားသည်။ ထို့ကြောင့် ၎င်း၏ ပိတ်ကားပေါ်တွင် ငှက်မြီးသစ်ခွကို သဘာဝကျကျ၊ တက်ကြွလန်းဆန်းစွာ ဆွဲခဲ့သည်။ ဂရိလူမျိုးသည် အုတ်ဂူတွင် ဤပန်းကို စိုက်လေ့ရှိသည်။ လူ သေဆုံးပြီးနောက် ၎င်း၏ ဝိညာဉ်အား ကောင်းကင်သို့ ပြန်ပို့ပေးရန် အိုင်းရစ်စ်ပန်းကို အပ်နှံခြင်း ဖြစ်သည်။ ထို့ကြောင့် အိုင်းရစ်စ်ပန်း၏ ပန်းစကားမှာ “အချစ် သံတမန်” ဖြစ်လာသည်။
ခရမ်းရောင်သည် ထာဝရ နှင့် ဖြူစင်သော အချစ်ကိုလည်း ကိုယ်စားပြုသည်။ မြင့်မြတ်ဖြူစင်သော အချစ်၏ သင်္ကေတ ဖြစ်သည်။ မေလတွင် စိမ့်မြေ၏ ငှက်မြီးသစ်ခွ ပွင့်ပြီ။ ခရမ်းရောင် ဖဲကြိုး ပန်းပူဇော်ဆုတောင်းခြင်းသည် သင်၏ ဆန္ဒကို ခရမ်းရောင် ဖဲကြိုးဖြင့် ပေးပို့ပြီး ထာဝရ ကောင်းချီး ရရှိရန် ဖြစ်သည်။
ငှက်မြီးသစ်ခွ ပွဲတော်ကာလတွင် ဇုန်ထဲသို့ ဝင်ရောက်သော ဧည့်သည်မှန်သမျှကို ပေးဟိုင် စိမ့်မြေ ဝန်ထမ်းမှ ခရမ်းရောင် ဖဲကြိုး ပေးအပ်မည်။ ဇုန်၏ ညာဘက်လျှောက်လမ်း အမှတ် ၄ စင်မြင့်တွင် ဖဲကြိုးဖြင့် ဆုတောင်းရန် နေရာ လုပ်ထားသည်။ ပေးဟိုင် စိမ့်မြေမှ ဝန်ထမ်းအားလုံးသည် လူကြီးမင်း ပျော်ရွှင် ချမ်းမြေ့ရန် ဆုတောင်းပေးပါသည်။