ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

တိုင်းရင်းသား ရင်ပြင် နံပါတ် ၁ ဆိပ်ခံတံတား နံပါတ် ၂ ဆိပ်ခံတံတား နံပါတ် ၃ ဆိပ်ခံတံတား နံပါတ် ၄ ဆိပ်ခံတံတား

မြက်တန်းခံစား နယ်မြေမြက်တန်းခံစား နယ်မြေ

ထောက်ခံချက်အညွှန်

Project မှမိတ်ဆက်စကား

အာရုံစူးစိုက်မှုလိုအပ်နေကိစ္စရပ်များ

       မြက်တန်းခံစား နယ်မြေသည် ကျွန်ုပ်တို့ စိမ့်မြေ၏ ကိုယ်စားပြုနိုင်ဆုံး နှင့် ထူးခြားဆုံး ခရီးသွား အစီအစဉ် ဖြစ်သည်။ အပိုင်း ၄ ပိုင်း ပါရှိသည်။ မြက်လှော်ခြင်း၊ မြက်နင်းခြင်း၊ ငါးနင်းခြင်း၊ ငါးကင်ခြင်း တို့ဖြစ်သည်။ ဤနေရာတွင် သင်သည် ကမ္ဘာပေါ်တွင် တခြားနေရာ၌ မရှိသော ပျော်ရွှင်မှုကို ခံစားနိုင်မည်။

      

       စိမ့်မြေ ကာကွယ်သော ဥပဒေ နှင့် ထိန်ချုံး စီရင်စု ပြည်သူ့အစိုးရမှ ၂၀၀၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စိမ့်မြေ ကာကွယ် စီမံခန့်ခွဲ စည်းမျဉ်းအရ စိမ့်မြေ၏ ဂေဟ အရင်းအမြစ်ကို ဖျက်ဆီးသော လုပ်ရပ် မှန်သမျှကို တားမြစ်သည်။ ထို့ကြောင့် စိမ့်မြေကို မတက်နင်းရပါ။ သို့သော် ဧည့်သည် အများအပြားက မြက်တန်းကို ခံစားလို၍ လာသဖြင့် ဧည့်သည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပြီး ရှုခင်းဇုန်၏ ဝန်ဆောင်မှု ပိုမိုကြွယ်ဝစေရန်၊ ဧည့်သည်များ ပါဝင်ပြီး ပျော်ရွှင်မှု ပိုစေရန်၊ ဧည့်သည်များကို ကမ္ဘာတွင် တွေ့ရခဲသော ပေါလောပေါ် မြက်ကော်စော၏ ဆန်းကြယ်မှုကို ခံစားစေရန်၊ ကျွန်ုပ်တို့ ကုမ္ပဏီသည် “ကာကွယ်ထိန်းသိမ်းခြင်း အဓိက၊ သင့်လျော်စွာ ဖော်ထုတ်” ဟူသော မူဖြင့် သက်ဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ်ပြီး ရှုခင်းဇုန်မှ မြက်တန်းများကို သုတေသနလုပ်ပြီး ကျွမ်းကျင်ကုမ္ပဏီအား အလုပ်အပ်နှံခဲ့သည်။ စိမ့်မြေ ပေါလောပေါ် မြက်တန်း၏ ထူးခြားချက်ကိုလိုက်ပြီး လူအင်အားဖြင့် လုပ်ထားသော ပေါလောပေါ် မြက်တန်းကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ယခု အများရှေ့တွင် ရှိနေသည်မှာ လူအင်အားဖြင့် လုပ်ထားသော ပေါလောပေါ် မြက်တန်း ဖြစ်သည်။ ဤသည်မှာ ဧည့်သည်များ ခံစားရန် သီးသန့် စီစဉ်ထားခြင်း ဖြစ်သည်။ မြက်တန်းပေါ်မှ မြက်များအားလုံး စိုက်ပျိုးထားသော မြက်အစစ် ဖြစ်သည်။


မြက်လှော်ခြင်း။ ရှေးအခါက ဒေသခံ ရွာသားများသည် စိမ့်မြေတွင် မြက်ကော်စော တစ်ချပ် ဖြတ်ပြီး လှေလုပ်ကာ ရေပေါ်တွင် လှော်ပြီး လူ နှင့် ပစ္စည်း သယ်ဆောင်ကြသည်။ တစ်ခါတစ်ရံ ငါးဖမ်းရန် လှေအဖြစ်လည်း သုံးသည်။ မြက်တန်း၏ ပုံမှန်အထူ ၁ မီတာခန့် ရှိပြီး ၁ စတုရန်း မီတာလျှင် အလေးချိန် ၅ ကီလို ခံနိုင်သည်။ ခံနိုင်ဝန် အလွန်များသည်။ ယခု ကုမ္ပဏီမှ လုပ်ထား မြက်ခင်းကို အများက စီးနင်းရာတွင်လည်း ၎င်း၏ ဆန်းကြယ်မှုကို ခံစားနိုင်မည်။ တချိန်တည်းမှာ သင်၏ ဟန်ချက် ထိန်းနိုင်စွမ်း၊ ခံနိုင်ရည်၊ ခါးအားကို စမ်းနိုင်သည်။ တမူးထူးခြားတဲ့ ပျော်ရွှင်မှုပါ။


မြက်နင်းခြင်း။ သင်သည် ရေကုတင်အကြီးကြီးပေါ်သို့ ရောက်နေသကဲ့သို့ မိုးပေါ် လမ်းလျှောက်သော အရသာကို ခံစားရမည်။ သင့်ကို လန့်လန့်နဲ့ ဆန်းကြယ်တဲ့ မြက်ပင်လယ်မှာ လမ်းလျှောက်တဲ့ အတွေ့အကြုံကို ပေးအပ်မည်။


       ငါးနင်းခြင်း။ ငါး နင်းခြင်းသည် ဒေသခံတွေရဲ့ ရိုးရာ ငါးဖမ်းနည်းပါ။ ငါးနင်းရတာ ပိုပျော်စရာ ကောင်းပါတယ်။ ကမ္ဘာပေါ်မှာ တခုတည်းသော ငါးဖမ်းနည်းကို ခံစားရမယ်။ ခြေထောက်နဲ့ ငါး ထွက်လာအောင် နင်းတာပါပဲ(ငါး အိုးထဲခုန် လို့လည်း ခေါ်တယ်။)။ ကံကောင်းရင် အများကြီး ရမှာ။ လက်တွေ့ကစားနည်းမှာ လူ ၄၊ ၅ ယောက်လောက် ဝိုင်းပြီး မြက်ကော်စောပေါ် အပြင်ကနေ အတွင်းဘက်ကို လျှောက်မယ်။ မြက်ကော်စောအောက်က ငါးတွေ လန့်ပြီး မြက်ကော်စောအကြား အပေါက်ကနေ မြက်ကော်စောပေါ် ခုန်တက်လာမယ်။ အဲ့ဒီအချိန်မှာ ငါးဖမ်းသူက မြက်ကော်စောပေါ်မှာ ငါးကို တိုက်ရိုက် ဖမ်းလိုက်ရုံပဲ။ နောက်ဆုံး ဖမ်းမိတဲ့ငါးတွေကို ကိုယ်ဘာသာ ကင်စားတဲ့ နယ်မြေကို ယူသွားပြီး ကင်စားလို့ရတယ်။ စားဖြစ်အောင် စားကြည့်ပါ။ လျှာဖျားကိုလည်း ခရီး ထွက်ခိုင်းလိုက်ပါ။