ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

တိုင်းရင်းသား ရင်ပြင် နံပါတ် ၁ ဆိပ်ခံတံတား နံပါတ် ၂ ဆိပ်ခံတံတား နံပါတ် ၃ ဆိပ်ခံတံတား နံပါတ် ၄ ဆိပ်ခံတံတား

ညွှန်းဆိုသော စံနှုန်းညွှန်းဆိုသော စံနှုန်း

ထောက်ခံချက်အညွှန်

Project မှမိတ်ဆက်စကား

အာရုံစူးစိုက်မှုလိုအပ်နေကိစ္စရပ်များ

       အမှတ် ၄ မြစ်ဆိပ်။ တိရစ္ဆာန်နှင့် အပြန်အလှန် ဆက်ဆံသော နယ်မြေ။ ဤနယ်မြေတွင် မဟာဆန်သော ငန်းဖြူ၊ ငန်းမည်း(swan)၊ အိပ်ချင်မူးတူးပုံစံနှင့် ဘဲခေါင်စိမ်း၊ “ငှက်များ၏ ဘုရင်” တနည်းအားဖြင့် ဇာမဏီဟု တင်စားခံရသော ဒေါင်းလည်း ရှိသည်။ ဤနေရာ ရောက်လျှင် လူနှင့် တိရစ္ဆာန် သဟဇာတ ဖြစ်စွာ နေထိုင်သော ပုံရိပ်ကို လက်တွေ့ခံစားရမည်။ ဤနေရာတွင် ဓာတ်ပုံရိုက် နိုင်သလို အစာထုပ် ဝယ်ပြီး သူတို့ကို ကိုယ်တိုင် ကျွေးနိုင်သည်။ ကျွန်ုပ်တို့ စိမ့်မြေမှ ငန်း(swan) များသည် အလွန် သိတတ်ပြီး ထူးခြားသော စွမ်းရည်လည်း ရှိသည်။ သူတို့သည် ကလေးလေးလို နို့ဗူးဆို့တတ်သည်။ အစာများကို နို့ဗူးထဲ ထည့်လိုက်သည်နှင့် ငန်းများသည် စုပ်ယူ စားသုံးမည်။ ဧည့်သည်များကို အစာကျွေးသော ပျော်ရွှင်မှုကို ခံစားရစေသည်။ ကံကောင်းလျှင် ငှက်များ၏ ဘုရင် ဖြစ်သော ဒေါင်း အမြီးဖြန့်တာကို တွေ့ရဦးမည်။ ဧည့်သည်များအတွက် ပျော်ရွှင်မှု ပေးအပ်မည် မလွှဲပါ။


တိရစ္ဆာန်အကြောင်း မိတ်ဆက်

       ငန်းလေး(swan)။ ငန်းလေး(swan)သည် ဆောင်းခိုငှက် တစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ် ဟန်ပန် မဟာဆန်ပြီး လည်ပင်းရှည်၊ ခန္ဓာကိုယ် သန်မာ၊ ခြေထောက်ကြီးသည်။ ရေထဲတွင် ကူးလူးနေသော ဟန်ပန် အလွန် အိနြေ္ဒရှိသည်။ သူတို့၏ မဟာဆန်သော ဟန်ပန်ကြောင့် ရှေးခေတ်မှ ယခုခေတ်ထိ ငန်းလေး(swan)သည် ဖြူစင်ခြင်း နှင့် မွန်မြတ်ခြင်း၏ ကိုယ်စားပြု ဖြစ်ခဲ့သည်။ ငန်းလေး(swan)သည် အမြင့်သို့ ပျံသန်းရာတွင် နံပါတ် ၁ ဖြစ်သည်။ အမြင့် မီတာ ၉ ထောင်ထိ ပျံသန်း နိုင်သည်။ ကမ္ဘာ့ အမြင့်ဆုံးတောင်ထိပ်--ဧဝရတ် တောင်ထိပ်ကို ပျံသန်း ဖြတ်ကျော်နိုင်သည်။ ငန်းလေး(swan)သည် “တစ်သက်တာ အဖော်စနစ်”ကို ထိန်းသိမ်းထားသည်။ သစ္စာရှိသော “အချစ်”ကို ပိုင်ဆိုင်သည်။ ပုံမှန် အစာ ရှာထွက်ရာ သို့မဟုတ် အနားယူရာတွင် စုံတွဲအတူ သွားကြသည်။ အမြဲတမ်း စုံတွဲ အတူသွားလာသည်။ တစ်ကောင် သေဆုံးလျှင် ကျန်ခဲ့သော တစ်ကောင်သည်လည်း ၎င်းအတွက် တသက်လုံး တစ်ကောင်တည်း အထီးကျန်စွာ နေထိုင်သွားသည်။


ဒေါင်း။ ဒေါင်းကို “ငှက်များ၏ ဘုရင်”ဟု တင်စား ခေါ်ကြသည်။ ဇာမဏီငှက်ဟုလည်း တင်စားခံရသည်။ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာ၊ အိန္ဒိယ အရှေ့မြောက်ဘက်မှ တရုတ်ပြည် ယူနန်ပြည်နယ် တောင်ဘက် နှင့် အလယ်ဘက်ဒေသတို့တွင် အဓိက ပျံ့နှံ့နေသည်။ သဘာဝအတိုင်း အမြီးကို ဆန့်ထုတ်နိုင်တာ ဒေါင်း အထီး ဖြစ်သည်။ ဒေါင်းအထီးသည် ၎င်း၏ တောက်ပသော ရောင်စုံ အမြီးကို ဖွင့်ပြီး လှပသော အကဟန်ပန် အဆက်မပြတ် လုပ်ပြကာ ဒေါင်း အမအား ဆွဲဆောင်သည်။

     

ဒေါင်း အမြီး ဖွင့်ခြင်းသည် မိမိကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။ ဒေါင်း၏ အမြီးကြီးတွင် ၅ရောင်ခြယ် အစင်းကြောင်းများ ရှိသည်။ ထိုထဲတွင် စက်ဝိုင်းနီးနီး ရှိသော “မျက်စိပုံစံ အပြောက်” ပါရှိသည်။ ရန်သူနှင့် တွေ့ပြီး ထွက်ပြေးရန် အချိန်မမီပါက ဒေါင်းသည် အမြီးကို ဖွင့်ပြီး ဖလပ်ဖလပ် ဖြစ်အောင် ခါတတ်သည်။ မျက်စိပုံစံ အပြောက်သည်လည်း လှုပ်လာသည်။ ရန်သူသည် ဤ မျက်စိ အများကြီး ရှိသော သတ္တဝါကို ကြောက်ပြီး အနားမကပ်ရဲတော့ပါ။