Project မှမိတ်ဆက်စကား
အာရုံစူးစိုက်မှုလိုအပ်နေကိစ္စရပ်များ
အမှတ် ၁ မြစ်ဆိပ်သည် စိမ့်မြေ၏ ထူးခြားမှု အရှိဆုံး ဆိပ်ကမ်းဖြစ်သည်။ လှေစီးပြီး ကန်ရေပြင်၏ အလှကို ခံစားနိုင်သည်။ ကျွန်ုပ်တို့၏ လှေသည် နှစ်ပေါင်း ၆ သိန်းကြာမှ ဖြစ်ပေါ်လာသော မြက်တန်း နှင့် မြက်ကော်စောအကြားတွင် ဖြတ်သန်း သွားလာမည်။ လူကြီးမင်းအား ကျွန်ုပ်တို့နှင့်အတူ ပေါလောပေါ် မြက်တန်းနှင့် တိုက်ရိုက် ထိတွေ့ ခံစားစေသည်။
လှေကလေးကို စီးပြီး သာယာလှပသော ကန်ရေပြင်ပေါ်မှာ လွှင့်မျှောသော ခရီးကို ခံစားနိုင်သည်။ လှေစီးသော ခရီးစဉ် အချိန် ၂၀ မိနစ်ခန့် ဖြစ်သည်။ ဆိုရိုးစကားအတိုင်း “လှေပေါ်တက် နှေး၊ လှေစီးတာ ငြိမ်ရမည်။”။ လှေပေါ်သို့ အစဉ်အလိုက် တက်ပါ။ မတိုးဝှေ့ပါနှင့်။ လှေပေါ် တက်ပြီးနောက် ခုံနံပါတ်အတိုင်း ထိုင်ပါ။ လှေကို ညီမျှအောင် ထိန်းသိမ်းပါ။ ရေလမ်းကြောင်း၏ ရေအနက်မှာ ၁-၂ မီတာခန့် ရှိပြီး စိမ့်မြေ တခုလုံးရဲ့ ပျှမ်းမျှ ရေအနက် ၆ မီတာ ခန့်ရှိသည်။ အနက်ဆုံးနေရာမှာ ၁၃ မီတာ နက်သည်။ ရေအောက် ရွှံ့ညွန်များ ၁၆ မီတာ ထူသည်။ ထို့ကြောင့် စိမ့်မြေသို့ ဝင်ရောက် လည်ပတ်ရာတွင် ဘေးကင်းရေးကို ပထမ ဦးစားပေးရမည်။
စိမ့်မြေ၏ ရေအရည်အသွေးကိုလည်း အထူး ပြောရမည်။ တရုတ်ပြည် တပြည်လုံး၏ ရေနယ်မြေ အများစုသည် နယူထရယ်(neutral) သို့မဟုတ် အယ်ကာလိုင်းအပျော့ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ထိန်ချုံး ပေးဟိုင် စိမ့်မြေမှ ရေ၏ PH တန်ဖိုးသည် 6.8 ရှိသည်။ အက်စစ်ဓာတ် အပျော့ မီးတောင် ပိတ်ဆို့ကန် ဖြစ်သည်။ ၎င်း၏ ရေ အရည်အသွေးသည် နိုင်ငံတော် ဒုတိယ အမျိုးအစား သောက်သုံးရေ ဖြစ်သည်။ စိမ့်မြေ၏ ရေထဲရှိ ရွှံ့မီးသွေး နှင့် ရေပေါ် မြက်တန်းများသည် ရေအရည်အသွေးကို သန့်စင်ပေးသည်။ ရေ အမည်းရောင် ဖြစ်နေခြင်းသည် နေရောင်အောက်တွင် ရွှံ့မီးသွေး အလင်းပြန်ခြင်းကြောင့် ရေအမည်းရောင်ဟု ထင်ရခြင်း ဖြစ်သည်။ အမှန်မှာ ရေအရည်အသွေး အလွန် ကောင်းပါသည်။
အမှတ် ၁ မြစ်ဆိပ်၏ အရှေ့ဘက်တည့်တည့်တွင် နုကြမ်းမြစ် မိုးမခပင်အပု အုပ်စုရှိသည်။ ၎င်းသည် ကျွန်တော်တို့ ထိန်းချုံး ပေးဟိုင် စိမ့်မြေတွင် ကြီးထွားနိုင်သည့် တစ်ခုတည်းသော အပင်ကြီး ဖြစ်သည်။ သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၃၄၀၀ ကျော်တဲ့ တောင်ပေါ်ဒေသ၌သာ ပေါက်ရောက်သည်။ သို့သော် ကျွန်ုပ်တို့ ထိန်းချုံး ပေးဟိုင် စိမ့်မြေ၏ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၇၃၁ မီတာတွင် သဘာဝအတိုင်း ပေါက်ရောက်နေသည်။ ၄ရာသီစလုံး စိမ်းစိုနေသည်။ အလွန် တွေ့ရခဲပါသည်။ မိုးမခပင် အနီတောကို ဖြတ်ပြီးရင် ကျွန်တော်တို့ ကြာပန်းကန်၊ သဘာဝ ရေပြောင်းဖူး နယ်မြေ၊ နိုင်ငံတော် ပထမအဆင့် ကာကွယ်သည့် အပင် ရေကြာပန်း(Brasenia)နယ်မြေ၊ အိပ်နေသော ကြာပန်း နယ်မြေ၊ ပန်းများရေထဲပွင့်လန်း နယ်မြေ၊ မြေခွေးအမြီးရေညှိ(Myriophyllum verticillatum L.)၊ ရွှေငါးရေညှိ(Ceratophyllum demersum L.)နယ်မြေ၊ ငှက်မြီးသစ်ခွ နယ်မြေတို့ကို ရောက်မည်။ ဘဲရိုင်း အုပ်စု၊ ရိုးအသော ရုပ်ကလေးနဲ့ ငန်းဖြူကြီးများ၊ ကိုယ့်ကိုယ်ကို နိမ့်ချပြီး အေးဆေးသော ယူနန်ဘဲများ၊ မြက်တန်းအကြား ဆော့ကစားနေသော ငါးပုဇွန်၊ ကန်အောက်ခြေတွင် ပုန်းနေသော လယ်ခရုများ၊ နာမည် မသိသော ငှက်လေးများကို တွေ့ရမည်။ လူကြီးမင်းသည် ပေါလောပေါ်သော မြက်တန်းများနှင့် နီးနီးကပ်ကပ် ထိတွေ့နိုင်မည်။ လှေက ရေထဲသွား၊ လူက ပန်းချီထဲမှာ လည်ပတ် ဆိုသလိုပါပဲ။