ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

တိုင်းရင်းသား ရင်ပြင် နံပါတ် ၁ ဆိပ်ခံတံတား နံပါတ် ၂ ဆိပ်ခံတံတား နံပါတ် ၃ ဆိပ်ခံတံတား နံပါတ် ၄ ဆိပ်ခံတံတား

ရေပေါ် လျှောက်လမ်းရေပေါ် လျှောက်လမ်း

ထောက်ခံချက်အညွှန်

Project မှမိတ်ဆက်စကား


     


     



      


      


   


အာရုံစူးစိုက်မှုလိုအပ်နေကိစ္စရပ်များ

       ပေါလောပေါ်သော ရေပေါ်လျှောက်လမ်းသည် စိမ့်မြေ၏ ပေါလောပေါ်သော မြက်တမ်း၏ သီအိုရီနှင့် တွဲပြီး ပညာရှင်များကို ဒီဇိုင်းစေကာ တည်ဆောက်ထားသည်။ အောက်ဘက်တွင် သဘာဝအတိုင်း ဖြစ်နေသော ပေါလောပေါ် ပုံးဖြင့် ထိန်းထားသည်။ ၎င်းသည် စိမ့်မြေ၏ ရေနေရာကို လိုက်ပြီး လျှောက်လမ်း၏ အမြင့်ကို ချိန်ကိုက်နိုင်သည်။ လျှောက်လမ်း၏ သစ်သားကို ရုရှားမှ အကောင်းစား ထင်းရှူးသားဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် ချော်ခြင်း၊ ရေ၊ ခြ တို့ကို ကာကွယ်နိုင်သည်။


ရေပေါ် လျှောက်လမ်းကို ရောက်လျှင် စိမ့်မြေ၏ နှလုံးကို ရောက်ပြီ။ ၎င်းသည် စိမ့်မြေ တစ်ခုလုံး၏ ရှုခင်းကို ကြည့်ရှုနိုင်သည်။ ရိုက်ထွက်လာသော ဓာတ်ပုံသည်လည်း အလှဆုံး ဖြစ်သည်။ ဒေသတွင် တစ်နေ့လျှင် ၄ ရာသီရှိ၊ ၄ ရာသီစလုံး ရှုခင်းသာယာဟူသော ဆိုရိုးစကား ရှိသည်။ ယခုချိန် ရိုက်လိုက်သည်မှာ ကန်ရေပြင်ဖြစ်ပေမဲ့ မကြာမီ ကြည့်လိုက်လျှင် ရေပေါ် မြက်ခင်းပြင်ကြီး ဖြစ်သွားနိုင်သည်။ ထို့ပြင် အပေါ်မှ ကျွန်ုပ်တို့ စိမ့်မြေ၏ တန်ဖိုးကြီး အပင် မျိုးပွားနယ်မြေကို မြင်နိုင်ပြီး ရေငှက် အမျိုးမျိုးနှင့် နီးကပ်စွာ ဓာတ်ပုံရိုက် ထိတွေ့နိုင်သည်။


       ဤနေရာမှ ဓာတ်ပုံရိုက်ရန် “ကိုယ်တို့ လာပြီ” မင်းသား မင်းသမီး ပန်းရုံ နေရာသည် ၂၀၁၆ခုနှစ် သြဂုတ်လ ၁၃ ရက်တွင် ဟူနန် ဂြိုဟ်တု ရုပ်မြင်သံကြား “ကိုယ်တို့ လာပြီ” အစီအစဉ်သည် ဤနေရာတွင် ပန်းပွင့် စားပွဲတော်ကို မြည်းစမ်းခဲ့သော နေရာ ဖြစ်သည်။ ယခုမှာ ကျွန်ုပ်တို့စိမ့်မြေ၏ ပန်းရုံ ဖြစ်နေပြီ။ အထဲတွင် ပန်းများစွာ ရှိပြီး မူလရိုက်ကူးခဲ့သော အခြေအနေကို အတတ်နိုင်ဆုံး ပုံဖော်ထားသည်။ ဧည့်သည်တော်များ ဤနေရာတွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်သည်။


       နယ်မြေအတွင်း အကြောပုံစံ အပင်(vascular plant) ၁၅၉ မျိုး ရှိပြီး ထိုထဲတွင် နိုင်ငံတော်၏ ပထမအဆင့် ကာကွယ်သော အပင်မှာ ရေကြာပန်း(Brasenia)၊ နိုင်ငံတော်၏ ဒုတိယအဆင့် ကာကွယ်သော အပင် ၅မျိုးမှာ ငှက်မြီးသစ်ခွ(Iris ပန်း)၊ အိပ်နေသော ကြာပန်း၊ ကျွဲခေါင်းသီး အရိုင်းပင်၊ ဖဲကြိုးမြက်(Spiranthes sinensis (Pers.) Ames)၊ ငန်းမွေးပန်း(Habenaria dentata (Sw.) Schltr.) တို့ ပါဝင်သည်။


        ၁။ ရေကြာပန်း(Brasenia)။ နိုင်ငံတော်၏ ပထမအဆင့် ကာကွယ်သော အပင် ဖြစ်သည်။ ရေထဲ သဘာဝ ပေါက်သော တန်ဖိုးကြီး ဟင်းရွက် ဖြစ်သည်။ ရေကြာပန်းသည်နွေးထွေးပြီး အလင်းရောင် ပြည့်ဝသော၊ ရေအရည်အသွေး သန့်ရှင်းသော၊ ရေစီး နှေးသော ကန်ထဲတွင် ပေါက်ရောက်သည်။ ရေလွှာအနက် 50—100CM ရှိပြီး ပေါက်ရောက်ရန် သင့်လျော်သော အပူချိန်မှာ 20—30℃ ဖြစ်သည်။ ရေကြာပန်းတွင် ကြွယ်ဝသော ကော်လာဂျင်ဓာတ်၊ ကာပွန် ဟိုက်ဒရိတ်၊ ဖက်တီး အက်စစ်၊ မာဒီဗီတာမင် နှင့် မင်နရယ်ဓာတ် ပါဝင်သည်။ ၎င်း၏ အရွက်နုကို စားလို့ရသည်။ အရသာ ချိုပြီး နုသည်။ 


       ၂။ ငှက်မြီးသစ်ခွ(Iris ပန်း)။ ငှက်မြီးသစ်ခွသည် သာမန်အားဖြင့် နွေဦးရာသီတွင် ဝေဝေဆာဆာ ပွင့်ပြီး ဧပြီလ အလယ် နှင့် လကုန်ပိုင်းတွင် အလန်းဆုံး ဖြစ်သည်။ ခရမ်းရောင် တိမ် အပြင်လိုက် မြက်ကော်စောပေါ်တွင် ခင်းထားသကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် ဆည်းဆာအောက်တွင် ရွှေရောင် ဆည်းဆာများ ခရမ်းရောင် စိမ့်မြေပေါ်သို့ ဖြာကျနေသော ရှုခင်းသည် လှ၍ မဆုံးတော့ပါ။


       ၃။ ကျွဲခေါင်းသီး အရိုင်းပင်။ ကျွဲခေါင်းသီး အရိုင်းပင်သည် တစ်နှစ်ပေါက် ရေနေအပင် ဖြစ်သည်။ ရေပေါ်တွင် ပေါလောနေသော စတုဂံပုံသဏ္ဌာန် အရွက် ရှိသည်။ အကိုင်းသည် မြေအောက်အကိုင်း ဖြစ်သည်။ ပန်း အဖြူရောင် ပွင့်သည်။ သြဂုတ်လတွင် မှည့်သည်။ ဆီးရွှင်၊ နို့ရည် ရွှင်စေသည်။ အပူကျ အားဖြည့်ပေးသည်။ အာရုံနောက်ခြင်းကို ဖြေဖျောက်ပေးသည်။ အရက်၏ အဆိပ်ကို ဖြေပေးသည်။

     

       ၄။ စိန်ပန်း(Caesalpinia pulcherrima (L.) Sw.)။ အနီရောင်ပန်း တစ်မျိုးကို စိန်ပန်းဟု ခေါ်သည်။ ကျွန်ုပ်တို့ စိမ့်မြေ၏ ဆောင်းဦးရာသီတွင် မျက်စိကို ဖမ်းစားနိုင်ဆုံး အရောင်တစ်ခု ဖြစ်သည်။ ဒေသတွင် လက်သည်းပန်းဟု ခေါ်သည်။ ၎င်းဖြင့် လက်သည်းနီ ထုတ်လုပ်နိုင်ခြင်းကြောင့် အမည်တွင်ခဲ့ခြင်း ဖြစ်သည်။

     

       ၅။ အိပ်နေသော ကြာပန်း။ ကျီးဝူ ကြာပန်း၊ ရေနံနံပန်းဟုလည်း ခေါ်သည်။ ပန်းပွင့်ကာလမှာ ဇူလိုင်လမှ အောက်တိုဘာလခန့် ဖြစ်သည်။ အိပ်နေသော ကြာပန်းသည် ရှေးခေတ်အီဂျစ်နိုင်ငံ၏ နိုင်ငံတော် ပန်း ဖြစ်သည်။ မြင့်မြတ် သန့်စင် လှပခြင်း၏ ကိုယ်စားပြုဖြစ်သည်။

      

       ၆။ ငန်းမွေးပန်း(Habenaria dentata (Sw.) Schltr.) နှင့် ဖဲကြိုးမြက်(Spiranthes sinensis (Pers.) Ames)။ အကြမ်းဖျင်း စာရင်းကောက်ယူမှုအရ စိမ့်မြေ မြက်တန်းတွင် အဓိက ပေါက်ရောက်သော ရေမြက်မျိုး ထောင်ချီ ရှိသည်။ အချို့မှာ အခြားနေရာတွင် တွေ့ရခဲသော သို့မဟုတ် မရှိသော တန်ဖိုးကြီး အမျိုး ဖြစ်သည်။ စိမ့်မြေ၏ မြက်ကော်စောပေါ်တွင် “မျိုးသုဉ်းလုဆဲ တောရိုင်း တိရစ္ဆာန် နှင့် အပင်မျိုးစိတ် နိုင်ငံတကာ ကုန်သွယ်ရေး ဘုံသဘောတူညီချက်”သို့ ထည့်သွင်းခံရသော အပင် ၂မျိုး ရှိသည်။ တစ်မျိုးမှာ အဖြူရောင်၊ အနီဖျော့ရောင်ပန်းပွင့်သော ငန်းမွေးပန်း ဖြစ်သည်။ ၎င်း၏ အမြင့်မှာ ၃၅-၈၇ စီဒီမီတာ ရှိသည်။ ပန်းပွင့်ကာလမှာ သြဂုတ်လမှ နိုဝင်ဘာလ ဖြစ်သည်။ အမြစ်မှာ ဆီးရွှင်စေပြီး ရောင်ရမ်းခြင်းကို ကျစေသည်။ ကျောက်ကပ် အားကောင်းစေသည်။ နောက်တစ်မျိုးမှာ ဖဲကြိုးမြက် ဖြစ်သည်။ ဒေသခံများက နဂါး ဂျင်ဆင်းဟု ခေါ်သည်။ အမြင့် ၁၃-၃၀ စင်ဒီမီတာ ရှိသည်။ ပန်းပွင့်သော ကာလ ရှည်သည်။ တစ်ပင်လုံး ဆေးဖက်ဝင်သည်။ အားဖြည့်ပြီး ခံတွင်း စိုစေသည်။ အမျိုးသမီးအတွက် အကျိုး ရှိသည်။


     

တိရစ္တာန်ကို မိတ်ဆက်

ထိန်ချုံးပေးဟိုင် စိမ့်မြေတွင် တန်ဖိုးကြီး ရှားပါးရေမြက် အလွန် ပေါများသည့်အပြင် ငှက်မျိုးလည်း များပြားသည်။ ဤကျယ်ပြန့်သော မြက်တန်း နှင့် သန်မာသော ရေမြက်များသည် ရေငှက်များအတွက် စိတ်ကူးယဉ်ထဲမှ နေအိမ် ဖြစ်သည်။ ပညာရှင်များ၏ စုံစမ်းသော ရလဒ်အရ သဘာဝ ဘေးမဲ့ဇုန်အတွင်း တိရစ္ဆာန် ၉၁ မျိုး ရှိသည်။ ထိုထဲတွင် နိုင်ငံတော်မှ ပထမအဆင့် ကာကွယ်သော တိရစ္ဆာန် ၃မျိုးမှာ ငှက်ကျားဖြူ(Ciconia nigra)၊ လည်ပင်းမည်း အမြီးရှည်ငှက်(Syrmaticus humiae) နှင့် ရွှေသိမ်းငှက်(Aquila chrysaetos)တို့ ဖြစ်သည်။ နိုင်ငံတော် ဒုတိယအဆင့် ကာကွယ်သော တိရစ္ဆာန် ၁၅ မျိုးရှိသည်။ ဥပမာ ဘုတ်ငှက်(Centropus bengalensis)၊ နှုတ်သီးဝါ မြစ်ပျံလွှား (Sterna aurantia)၊ ရေပုတ်သင် အနီ(Tylototriton verrucoosus Anderson)၊ ရေပုတ်သင် အသေး၊ အရွက်ငှက်၊ မြေလူးငှက်ဝါ(oriole)၊ နှုတ်သီးဝါ ဗျိုင်းဖြူ၊ ပေါင်နီ အမဲလိုက်သိမ်းငှက်၊ ရင်ဘတ်နီ ငန်းမည်း၊ ဘဲခေါင်းစိမ်း၊ ငန်းဖြူ(swan)၊ တရုတ်ဟင်္သာ၊ ပုခုံးဖြူသိမ်းငှက်၊ အမြီး၂ခုပါ အညိုရောင် လိပ်ပြာ၊ အမြီးတို ကြက်တူရွေး စသည်တို့ ပါဝင်သည်။


       ၁။ ငှက်ကျားဖြူ(Ciconia nigra)။ တစ်ကိုယ်လုံး အရှည် ၁၀၀၀ မီလီမီတာခန့် ရှိသော အကြီးစား ရေငှက် ဖြစ်သည်။ ခန္ဓာကိုယ် အမည်းရောင်ရှိပြီး ခရမ်းစိမ်း သတ္တုရောင် လက်လက်ထနေသည်။ လည်ပင်းမှ အပေါ်ရင်ဘတ်ထိ အမည်းရောင် ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း အဖြူရောင် ဖြစ်သည်။ နှုတ်သီးအနီရောင် ဖြစ်ပြီး ချွန်၊ ရှည်၊ တည့်သည်။ မျက်စိပတ်လည် နှင့် ခြေထောက်၊ ခြေချောင်းများ အနီရောင် ဖြစ်သည်။ နိုင်ငံတော် ပထမအဆင့် ကာကွယ်သော တိရစ္ဆာန် ဖြစ်သည်။


       ၂။ လည်ပင်းမည်း အမြီးရှည်ငှက်(Syrmaticus humiae)။ အကြီးစား ရေငုံးဖြစ်သည်။ ငှက်အထီး၏ ခေါင်းထိပ်၊ နောက်စိနေရာ အညိုရောင် ဖြစ်ပြီး၊ လည်ပင်း နှင့် အပေါ်ရင်ဘတ်တွင် အပြာနက်ရောင် လက်နေသည်။ မျက်ခုံးအဖြူရောင်၊ မျက်နှာ အရေပြား အနီရောင်၊ အပေါ်ကျောပြင်၊ ဝမ်းဗိုက် နှင့် အတောင်ပံတို့သည် မဟော်ဂနီရောင်ပေါ် အမည်းပြောက် ရှိ၊ အောက်ကျောပြင် နှင့် ခါး အပြာနက်ရောင်၊ တောင်ပံဘေးသား အဖြူရောင်၊ အမြီး ရှည်ပြီး မဟော်ဂနီရောင် နှင့် အမည်းရောင် အပြိုင် ဖြစ်နေသော အလျားလိုက် အပတ် ရှိသည်။ ဘေးမဲ့ဇုန်အတွင်း တစ်ခါတစ်ရံတွင် အရွက်ချွန် နှင့် အရွက်ကြီး ရောနှောသစ်တော နှင့် မြက်ချုံပုတ်များတွင် တွေ့ရတတ်သည်။ တရုတ်ပြည်၏ ပထမအဆင့် ကာကွယ်သော တိရစ္ဆာန် ဖြစ်သည်။


       ၃။ ရွှေသိမ်းငှက်(Aquila chrysaetos)။ စုစုပေါင်း အရှည် ၈၀၀-၁၀၀၀ မီလီမီတာ ရှိသော အကြီးစား တိရစ္ဆာန် ဖြစ်သည်။ ဦးခေါင်းအမွေး ရွှေရောင် ရှိပြီး ချွန်သည်။ အပ်ပုံစံ ဖြစ်နေသည်။ ထို့ကြောင့် ရွှေသိမ်းငှက်ဟု ခေါ်သည်။ အမြီးရှည်ပြီး ဝိုင်းသည်။ မီးခိုးညိုရောင် ဖြစ်သည်။ အမည်းရောင် အလျားလိုက် အပြောက်တွင် အဖြူရောင် အပြောက် ရှိသည်။ ပျံသန်းရာတွင် အလွန် မြင်သာသည်။ နိုင်ငံတော် ပထမအဆင့် ကာကွယ်သော တိရစ္ဆာန် ဖြစ်သည်။ 

         ဤနေရာတွင် နိုင်ငံတော်အဆင့် ကာကွယ်သော တိရစ္ဆာန် နှင့် အပင် များစွာ ရှိသဖြင့် ကျွန်ုပ်တို့သည် စိမ့်မြေကို ပိုမို ကောင်းမွန်စွာ ကာကွယ်ရမည်။ ထို့ကြောင့် ၁၉၉၄ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျွန်ုပ်တို့ ထိန်ချုံးစိမ့်မြေသည် နိုင်ငံတော်အဆင့် စိမ့်မြေ ဘေးကင်းရေးဇုန် ဖြစ်လာသည်။