ထိန်းချုံးမြို့ ပေးဟိုင် စိမ့်မြေ ဂေဟ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံ ကုမ္ပဏီ လီမိတက်သည် ပေါင်နိုင် လုပ်ငန်းစုမှ အပြည့်အဝ ထည့်ဝင်ရင်းနှီးထားသော ကုမ္ပဏီခွဲ ဖြစ်သည်။ ကုမ္ပဏီ၏ မှတ်ပုံတင် ရင်းနှီးငွေ ယွမ် သန်း ၄၆၀ ရှိသည်။ ရှုခင်းသာယာ လှပပြီး လူ့ယဉ်ကျေးမှု သမိုင်းကြောင်း ကြာရှည်သော ယူနန်ပြည်နယ် ထိန်ချုံးမြို့ ပေးဟိုင် ကျေးရွာတွင် တည်ရှိသည်။ ထိန်ချုံးမြို့နှင့် ၁၂.၅ ကီလိုမီတာ ဝေးသည်။ ထိန်ချုံးလေဆိပ်နှင့် ကားလမ်းခရီး ၃၀ မိနစ်ခန့်၊ ပေါင်ရှန်းလေဆိပ်နှင့် ၂နာရီခန့်၊ မန်စီလေဆိပ်နှင့် ၁၀၀ မိနစ်ခန့် မောင်းရသည်။ ကူမင်းမြို့နှင့် ၆၅၀ ကီလိုမီတာ ဝေးသည်။ ကားလမ်းခရီး ၈ နာရီခန့် မောင်းရသည်။
ထိန်ချုံးတွင် ထူးခြားပြီး တစ်ခုတည်း ဖြစ်သော အိန္ဒိယ သမုဒ္ဒရာ အပူပိုင်း မုတ်သုန်ရာသီ ဥတု ရှိသည်။ ကုန်းမြေ ရာသီဥတု နှင့် ပင်လယ် ရာသီဥတုတို့၏ အားသာချက်ကို တသားတည်း ဖြစ်အောင် ပေါင်းစပ်ထားသည်။ တစ်နှစ်တာ ပျှမ်းမျှ အပူချိန် 20℃ ဖြစ်ပြီး အမြင့်ဆုံး အပူချိန် 28℃ နှင့် အနိမ့်ဆုံး အပူချိန် 0℃ ဖြစ်သည်။ လေထုထဲတွင် အနုတ် အောက်ဆီဂျင် အိုင်ယွန်(Negative oxygen ion) ပါဝင်မှု များသည်။ PM2.5 သည် 10 ထက် နည်းသည်။ “လူသားများ နေထိုင်ရန် အသင့်လျော်ဆုံး နေရာ”ဟု တင်စားခံရသည်။ နိုင်ငံတော်၏ တောင်အာရှ၊ အရှေ့တောင်အာရှကို မျက်နှာမူသော ရှေ့ပြေးခံတပ်မြို့ အနေဖြင့် ထိန်ချုံးမြို့၏ နေရာ အဆက်မပြတ် မြင့်တက်လာသည်။ ၎င်း၏ ရာသီဥတု၊ ပတ်ဝန်းကျင်၊ ရေပူစမ်း၊ သင့်လျော်သော ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် နှင့် ယူနန်ပြည်နယ်၏ ၅၆၇ သန်း ခရီးသွား လူဦးရေ စသည့်အရင်းအမြစ်တို့ကြောင့် ယူနန်ပြည်နယ် အနောက်ဘက် အဓိက ခရီးသွားမြို့ ဖြစ်လာသည်။
ကုမ္ပဏီသည် “တောတောင် ရေမြေသည် ရွှေတောင် ငွေတောင်ပင်တည်း” ဟူသော လမ်းစဉ် နှင့် အဆက်မပြတ် ဖွံ့ဖြိုးသော မူဖြင့် စိမ့်မြေကို ထိန်းသိမ်း ကာကွယ်ပြီး သဘာဝ အရင်းအမြစ်ကို သင့်လျော်စွာ အသုံးပြုသည်။ ဂေဟစနစ် ကျန်းမာရေး ဂရုပြုခြင်း နှင့် ခရီးသွား အမှတ်တံဆိပ်ကို ပေါင်းစပ်ပြီး ရှုခင်းဇုန်၏ ၁၅ စတုရန်း ကီလိုမီတာအတွင်းရှိ တောင်ကြား၊ သစ်တော၊ လယ်ကွင်း စသည့် လှပသော သဘာဝ ရှုခင်း နှင့် ကျေးရွာများကို အပြည့်အဝ အသုံးပြုပြီး နယ်စပ် ယဉ်ကျေးမှုနှင့် ပေါင်းစည်းကာ ကမ္ဘာအဆင့် တောင်ကုန်း စိမ့်မြေ ကျန်းမာရေး ဂရုပြု ခရီးသွားနယ်မြေကို အားစိုက် ဖန်တီးမည်။ လက်ရှိတွင် ကုမ္ပဏီသည် နိုင်ငံတော် 4A အဆင့် ရှုခင်းဇုန် တည်ဆောက်ရန် စတင် နေပြီ။ နောက်နှစ် မတ်လတွင် လိုင်စင် ရရှိရန် ကြိုးစားနေသည်။ ထို့ပြင် ၃ နှစ်အတွင်း 5A အဆင့် ရှုခင်းဇုန် လျှောက်ထားမည်။ ထိန်ချုံး၏ “အမှတ်အသားကြီး ၄ခု”ထဲမှ တစ်ခု ဖြစ်သော ပေးဟိုင် စိမ့်မြေကို လုံးပေါင်း မြှင့်တင်မည်။ ကမ္ဘာကြီးအတွက် သစ်လွင်သော ထိန်ချုံး နယ်မြေ တစ်ခုလုံး၏ ခရီးသွား ဗဟို နှင့် ခရီးသွား ရပ်ဝန်း ပေးအပ်မည်။
ကုမ္ပဏီ၏ တာဝန်
လုပ်ငန်း ဖွံ့ဖြိုးအောင် လုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ပြန်လည် ပေးဆပ်
အဓိက တန်ဖိုးထားသော အတွေး
“အတူ ၃ခု”။ အတူပူးပေါင်း၊ အတူဖန်တီး၊ အတူ ခံစား
“ယုံကြည်မှု ၄ခု”။ ကိုးကွယ် ယုံကြည်မှု၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ နာမည်ကောင်း
“မဖြစ်မနေ ၅ခု”။
မိမိ၏ နေရာကို မှန်ကန်စွာ ရှာတွေ့ရမည်။
စုပေါင်း ဥာဏ်စွမ်းကို အသုံးပြုရမည်။
ကုမ္ပဏီ၏ အကျိုးကို ကာကွယ်ရမည်။
အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရမည်။
ပြောင်းလဲခြင်းနှင့် ဆန်းသစ်ခြင်းကို ဇွဲရှိရှိ လုပ်ရမည်။
ကုမ္ပဏီ၏ ဆုံးမသြဝါဒ
မိမိကိုယ်ကို နိမ့်ချ၊ ထိန်းသိမ်း။ ဇွဲရှိပြီး သဘောထားကြီး
ရာထူးကို ချစ်၊ အလုပ်ကို လေးစား။ ရဲရဲဝံ့ဝံ့ တာဝန်ယူ
သန့်ရှင်း စည်းစောင့်။ ပေးဆပ်ရန် ပျော်မွေ့
ရလဒ်ကို အခြေပြု၊ တည်ငြိမ်ခိုင်မာပြီး ဆန်းသစ်
လက်တွေ့ကျပြီး ထိရောက်မှုမြင့်၊ ကောင်းသည်ထက် ကောင်းအောင် ကြိုးစား
ပေါင်နိုင် သီချင်း
(၁)
ပြောင်းလဲရေး၏ လေဟုန်ကို စီးပြီး
ကျွန်ုပ်တို့သည် အရပ်လေးမျက်နှာမှ
ဤစိတ်ကူးယဉ်နေရာသို့ ရောက်လာသည်။
အတူပူးပေါင်း၊ အထူ ဖန်တီး၊ အတူခံစား ကြသည်။
ပေါင်နိုင် သင်္ဘောကြီး စထွက်တော့မည်။
နက်ပြာသော ပင်လယ် သမုဒ္ဒရာသို့ ထွက်ခွာမည်။
(၂)
ခေတ်ရဲ့ ရောင်နီကို ဦးတည်
ကျွန်ုပ်တို့မှာ စိတ်ဓာတ် ခွန်အား အပြည့်နဲ့
စွန့်ဦး တည်ထောင်သော နေရာသို့ ရောက်လာသည်။
စဉ်းစားရဲ၊ လုပ်ရဲ၊ တာဝန်ခံရဲသည်။
ပေါင်နိုင်သား စိတ်တူကိုယ်တူ ပူးပေါင်းပြီး
ရွှေရောင် အနာဂတ်ကို ဦးတည်မည်။
ပေါင်နိုင်သား စိတ်တူကိုယ်တူ ပူးပေါင်းပြီး
ရွှေရောင် အနာဂတ်ကို ဦးတည်မည်။
(၃)
ကိုးကွယ် ယုံကြည်မှု၊ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ နာမည်ကောင်းတို့သည်
ပေါင်နိုင်၏ စိတ်ဓာတ်ပါ။
တည်ငြိမ် ခိုင်မာ၊ သဟဇာတ၊ ဆန်းသစ်ဖန်တီး၊ ဖွံ့ဖြိုးရေးသည်
ပေါင်နိုင်၏ အတွေးဖြစ်သည်။
တရုတ်ခေတ်ကောင်း
တရုတ်သားကောင်း
အမိမြေ တိုးတက်လျှင် ကမ္ဘာကြီး အေးချမ်းမည်။
ပေါင်နိုင် အမည်ကောင်း ကမ္ဘာတွင် ပြန့်ပွားမည်။ ပြန့်ပွားမည်။