ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

ကြေညာချက် သတင်း ဗဟို မီဒီယာမှ တင်ဆက်

ပင်မစာမျက်နှာ-သတင်းအချက်အလက်-သတင်း ဗဟို

09-17

2019

တစ်နှစ်ရဲ့ အလှဆုံးချိန် ရောက်လာပြန်ပြီ။ နွေဦးမှာ ထိန်ချုံး “မြက်ကျွန်း”ကို သွားလည်ကြစို့။

မင် ခေတ် နာမည်ကြီး ခရီးသွား ပညာရှင် ရွှီရှာခက်က ထိန်ချုံး ပေးဟိုင်စိမ့်မြေကို ရောက်တော့ ဒီနေရာရဲ့ ထူးခြားတဲ့ ဘူမိဗေဒ အသွင်အပြင်ကို အံ့သြလို့ မဆုံးတော့ပါ။ သူရဲ့ “ယူနန် အနောက်ဘက် ခရီးစဉ် မှတ်တမ်း”မှာ ဒီလို စာပိုဒ် မှတ်သားခဲ့တယ်။ “ရေပြင်ကြီးက ဧက ထောင်ချီတယ်။ အထဲမှာ မြက်ပင် စိမ်းစိမ်းစိုစို ပေါက်နေတယ်။ ပေါလောပေါ်နေတဲ့ မြက်ခင်းစင်လိုပဲ၊ မြစ်ချောင်းများ ကြားထဲကနေ ဖြတ်သွား။” ဒီစာပိုဒ်ဟာ ထိန်ချုံးပေးဟိုင် စိမ့်မြေရဲ့ ထူးခြားဆန်းကြယ်သော သဘာဝရှုခင်းကို သရုပ်ဖော်ထားတယ်။ 

  ဒီနေရာမှာ ရေမြက် ထူထပ်နေတယ်။ အမြစ်များ ရောယှက် ငြိတွယ် နေတယ်။ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ် မြက်ဟောင်း ပုပ်သွားပြီး မြက်သစ်ဟာ ပုပ်သွားတဲ့ မြက်ရဲ့ အမြစ်ပေါ်မှာ ပြန်ပေါက်လာ၊ ပြီးတော့ ပြန် ပုပ်သွား။ ပြီးတော့ အသစ် ပြန်ပေါက်လာနဲ့ နောက်ဆုံး မြက်ကော်စော အပြင်လိုက် ဖြစ်လာပြီး ရေပေါ်မှာ ပေါလော ပေါ်နေတယ်။ မြက်ကျွန်းကလေးတွေနဲ့ တူနေတယ်။ သာမန်အားဖြင့် အထူ ၁ မီတာကျော်တယ်။ ဖိနပ်ချွတ်ပြီး ခြေပလာနဲ့ “မြက်ကျွန်း”ပေါ်မှာ လျှောက်ရင် ရေမြုပ်ပေါ် လျှောက်ရတဲ့ အတိုင်းပဲ။

  ဒေသခံတွေက အပိုင်းလေး ဖြစ်အောင် ဖြတ်ထားတဲ့ မြက်တန်းကို ဝါးဖောင်လို သဘောထားပြီး လှော်ကြတယ်။ ငါးပုဇွန် ဖမ်းကြတယ်။ တချို့ဆို မြက်တန်းပေါ်မှာ အပေါက် ဖောက်ပြီး ငါးမျှားတံကို အပေါက်ထဲ ထိုးထည့်ပြီး ငါးမျှားကြတယ်။ ပျော်စရာကြီး။

  

       ဒီမှာက နှစ်စဉ် ဧပြီလ လလယ်နဲ့ လနှောင်းပိုင်းဟာ အလှဆုံးပဲတဲ့။ အဲ့ချိန်မှာ ပေးဟိုင်သစ်ခွ ပွင့်ပြီ။ လှလို့ မဆုံးတော့ဘူး။ ဧပြီလ လလယ်နဲ့ လနှောင်းပိုင်းမှာ ငှက်မြီးသစ်ခွ ပွင့်တာ အလန်းဆုံးပဲ။ ခရမ်းရောင် မိုးတိမ် အပြင်လိုက်ကို မြက်ကော်စောပေါ် ခင်းထားတဲ့ အတိုင်းပဲ။ အထူးသဖြင့် နေဝင် ဆည်းဆာချိန်မှာ ရွှေရောင်ဆည်းဆာက ခရမ်းရောင် စိမ့်မြေပေါ် ပက်ဖြန်းထားတဲ့ ရှုခင်းဟာ အနှိုင်းမဲ့အောင် လှနေပါတယ်။


       ထိန်ချုံးစိမ့်မြေဟာ မျိုးစိတ် ဗီဇ ဂိုဒေါင် စစ်စစ် ပါပဲ။ ၎င်းရဲ့ ထူးခြားသည့် ဂေဟပတ်ဝန်းကျင်မှ တန်ဖိုးကြီး ငှက်များနဲ့ ပန်းမန်များကို မွေးထုတ်ပေးသည်။ နယ်မြေအတွင်း အကြောပုံစံ အပင်(vascular plant) ၁၅၉ မျိုး ရှိသည်။ ထိုထဲတွင် နိုင်ငံတော်၏ ပထမအဆင့် ကာကွယ်သော အပင်မှာ ရေကြာပန်း(Brasenia) ပါဝင်သည်။ နိုင်ငံတော်၏ ဒုတိယအဆင့် ကာကွယ်သော အပင် ၅မျိုးမှာ ငှက်မြီးသစ်ခွ၊ အိပ်နေသော ကြာပန်း(Nymphaea L.)၊ ကျွဲခေါင်းသီး အရိုင်းပင်၊ ဖဲကြိုးမြက်(Spiranthes sinensis (Pers.) Ames) နှင့် ငန်းမွေးပန်း(Habenaria dentata (Sw.) Schltr.) ဟူ၍ ရှိသည်။ နယ်မြေအတွင်း၌ တိရစ္ဆာန် ၉၁ မျိုး ရှိသည်။ ထိုထဲတွင် နိုင်ငံတော် ပထမအဆင့် ကာကွယ်သော တိရစ္ဆာန် ၃မျိုးမှာ ငှက်ကျားဖြူ(Ciconia nigra)၊ လည်ပင်းမည်း အမြီးရှည်ငှက်(Syrmaticus humiae) နှင့် ရွှေသိန်းငှက်(Aquila chrysaetos)တို့ ဖြစ်သည်။ နိုင်ငံတော် ဒုတိယအဆင့် ကာကွယ်သော တိရစ္ဆာန် ၁၅ မျိုးရှိသည်။ ဥပမာ Centropus bengalensis ငှက်၊ နှုတ်သီးဝါ မြစ်ပျံလွှား (Sterna aurantia)၊ Tylototriton verrucoosus Anderson အကောင် စသည်တို့ ပါဝင်သည်။


       မဟာဆန်ပြီး စိတ်ကောင်းရှိတဲ့ ငန်းဖြူလေး(swan)၊ ပိန်ရှည်လေးနဲ့ ဗျိုင်းဖြူလေး၊ အေးဆေးတဲ့ ကျွဲကြီး၊ အုပ်စုဖွဲ့ နေကြတဲ့ ဘဲရိုင်း၊ ရိုးအတဲ့ ရုပ်ကလေးနဲ့ ငန်းကြီး(geese)၊ ကိုယ့်ကိုယ်ကို နိမ့်ချပြီး အေးဆေးတဲ့ ယူနန်ဘဲ၊ မဟာဆန်တဲ့ အမေရိက ငန်း၊ မြက်ကော်စောများအကြား ကူးလူးနေတဲ့ ငါးပုဇွန်များ၊ ကန်အောက်ခြေမှာ ပုန်းနေတဲ့ ခရုများ ဒါတွေအားလုံးဟာ သဘာဝ တရားကြီးက ထိန်ချုံး စိမ့်မြေအရပ်ကို ပေးအပ်တဲ့ ရတနာသိုက်ကြီးပါပဲ။ ဒီနေရာမှာ လူကြီးမင်းသည် လူ နဲ့ သဘာဝ သဟဇာတ ဖြစ်စွာ နေထိုင်ခြင်း ဆိုတာကို နက်နက်နဲနဲ ခံစားနိုင်မယ်။


       ထိန်ချုံး စိမ့်မြေတွင် တန်ဖိုးကြီး ရေမြက်များသည့်အပြင် ငှက်အမျိုးအစားလည်း များသည်။ ဤကျယ်ပြန့်သော မြက်တန်း နှင့် သန်မာသော ရေမြက်များသည် ငှက်အမျိုးမျိုးအတွက် စိတ်ကူးထဲက နေအိမ် ပါပဲ။ ပညာရှင်များ၏ လေ့လာစုံစမ်းမှုအရ စိမ့်မြေ သဘာဝ ဘေးမဲ့ဇုန်အတွင်း တိရစ္ဆာန် ၃၇၇ မျိုး ရှိသည်။ ထိုထဲတွင် နိုင်ငံတော် ပထမအဆင့် ကာကွယ်သော တိရစ္ဆာန် ၃မျိုးမှာ ငှက်ကျားဖြူ(Ciconia nigra)၊ လည်ပင်းမည်း အမြီးရှည်ငှက်(Syrmaticus humiae) နှင့် ရွှေသိန်းငှက်(Aquila chrysaetos)တို့ ဖြစ်သည်။ နိုင်ငံတော်ဒုတိယအဆင့် ကာကွယ်သော တိရစ္ဆာန် ၁၅ မျိုးမှာ Centropus bengalensis ငှက်၊ နှုတ်သီးဝါ မြစ်ပျံလွှား (Sterna aurantia)၊ Tylototriton verrucoosus Andersonအကောင် စသည်တို့ ပါဝင်သည်။


       မြက်တန်းထဲမှ မြောင်းများ၊ အပေါက်များထဲတွင် ပေါကြွယ်သော ငါးကလေး၊ ပုဇွန်ကလေးတို့သည် ရေငှက်များအတွက် စားကောင်းသောက်ဖွယ် ဖြစ်နေသည်။ ဗျိုင်း နှင့် ဘဲရိုင်းများ အုပ်စုလိုက် ရှိနေသည်။ မော်တော်ဘုတ် နှင့်တူသော ဗေဒါပင်များလည်း ရှိသည်။ အသည်းငယ်သော ရေငုံး ရှိသည်။ မြက်ချုံထဲတွင် ပုန်းနေပြီး လူကို ခြောက်လှန့်တတ်တဲ့ ရေငှက်ကြီးလည်း ရှိသည်။ ဆောင်းရာသီတွင် ငန်းဖြူ(swan)လေးများ ရောက်လာတတ်သည်။ ငှက်အမျိုးမျိုး ရောနှောပြီး သဟဇာတဖြစ်စွာ နေထိုင်ကြသည်။

  လှေကလေးကို စီးပြီး လှပငြိမ်သက်နေတဲ့ ကန်နေပြင်ပေါ်မှာ လွှင့်မျှောပြီး မြက်ကော်စောများအကြား ဖြတ်သန်း သွားလာမယ်။ စိမ့်မြေအရပ်ရဲ့ ရှုခင်းကို ခံစားရတဲ့အပြင် လှေသမားက ဆိုပြတဲ့ နယ်စပ် တေးသွားများကိုလည်း ခံစားရမယ်။ သာယာပျော်ရွှင်ဖွယ် အလွန်ကောင်းပါတယ်။ ချောင်းရဲ့ ရေအနက်မှာ ၁-၂ မီတာခန့် ရှိပြီး စိမ့်မြေ တခုလုံးရဲ့ ပျှမ်းမျှ ရေအနက် ၆ မီတာ ခန့်ရှိတယ်။ အနက်ဆုံးနေရာမှာ ၁၃ မီတာ နက်သည်။ ရေအောက် ရွှံ့ညွန်များ ၁၆ မီတာ ထူသည်။ ဘေးကင်းတဲ့ အခြေအနေမှာ ရေပေါ် ရှုခင်းကို တဝကြီး ခံစားနိုင်ပါတယ်။


စိမ့်မြေ ဖြစ်ပေါ်လာပုံ

       စိမ့်မြေမှာ တောင် အကြီးအသေး၊ ဘယ်တစ်လုံး၊ ညာ တစ်လုံး ရှိသည်။ လုံချုံတောင်ကြီး နဲ့ လုံချုံတောင်လေးလို့ ခေါ်တယ်။ အိပ်ပျော်နေတဲ့ မီးတောင် ၂လုံးပါ။ စင်ကနယ်တိုင် ၂ခု ရှိတဲ့ တောင်သည် လုံချုံတောင်ကြီး ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၇၈၃ မီတာမှာ ရှိပြီး နှိုင်းယှဉ်အမြင့် ၁၁၀၀မီတာ ရှိသည်။ ဘေးက တောင်တစ်လုံးဟာ လုံချုံတောင်လေး ဖြစ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၆၈၁ မီတာမှာ ရှိပြီး နှိုင်းယှဉ်အမြင့် ၁၀၀၀ မီတာ ရတယ်။ မနက်ဆို လုံချုံတောင်ကြီး နဲ့ လုံချုံတောင်လေးရဲ့ ခါးလယ်အောက်အပိုင်းမှာ တိမ်တွေ ဝန်းရံ နေတယ်။ တောင်ထိပ် ၂ခုဟာ ကောင်းကင်ပြာသို့ တည့်မတ်နေတယ်။ မနက်ခင်းရဲ့ နေရောင်အောက်မှာ တောက်ပပြီး အပြောင်းအလဲများတဲ့ ရှုခင်း ဖြစ်လာတယ်။ ဒါဟာ ထိန်ချုံးရဲ့ နာမည်ကြီး ရှုခင်း ၁၂ခုထဲက ၁ခု ဖြစ်တဲ့ “လုံချုံချောင်ရင်(စုစည်းပြီး တိမ်ဆီသို့)” ဖြစ်တယ်။ ကျွန်ုပ်တို့ ထိန်ချုံး စိမ့်မြေ ဖြစ်ပေါ်လာပုံဟာ ဒီတောင် ၂လုံးနဲ့ ပတ်သက်နေတယ်။


       လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သိန်းခန့်က အနီးတဝိုက် မီးတောင်ပေါက်ကွဲလို့ ထွက်လာတဲ့ ချော်ရည်ဟာ မြေအောက်ရေရဲ့ ရေထွက်ပေါက်ကို ပိတ်ဆို့သွားပြီး ရေများ စုဝေးကာ ကန် ဖြစ်လာတယ်။ မီးတောင်ပြာမှုန့်များ ကန်ရေပြင်သို့ ကျရောက်ပြီး ငှက်၊ လေတို့က မြက်မျိုးစေ့ကို မီးတောင်ပြာပေါ်သို့ ယူဆောင်လာတယ်။ ဒီမြက်မျိုးစေ့များသည် မြေဆီကြွယ်ဝတဲ့ မီးတောင်ပြာရဲ့ အာဟာရဖြင့် အဆက်မပြတ် ကြီးထွားလာတယ်။ အချိန်ကြာလာသည်နှင့်အမျှ ကန်ရေရဲ့ တိုက်စားမှုကြောင့် မီးတောင်ပြာသည် ရေနဲ့ ရောနှောပြီး ရေအောက်ထဲ အနည်ထိုင်သွားတယ်။ ရွှံ့မီးသွေး နဲ့ မြက်ကော်စော ကွဲသွားတယ်။ မြက်ကော်စောသည် မိမိရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ခေါင်းမာစွာ၊ ဆန်းကြယ်စွာ ရှင်သန်ခဲ့တယ်။ ဆောင်းရာသီမှာ မြက်တန်းပေါ်က အပင်အားလုံး သေသွားပေမဲ့ နောက်နှစ် နွေဦးရာသီမှာ အညှောင့်များ ပြန်ထွက်လာတယ်။ ၁နှစ် ၄ရာသီဟာ ကြီးထွားဖို့ သံသရာ တစ်ခု ဖြစ်နေတယ်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ပြီးသွားရင် အသစ် တစ်လွှာ ထပ်ပိုလာမယ်။ နှစ်ပေါင်း ၆သိန်းကြာ သေခြင်း၊ ရှင်ခြင်းအကြား သံသရာ လည်ပြီးနောက် လက်ရှိ မြက်ကော်စော ဖြစ်လာတယ်။


  ထိန်ချုံး ပေးဟိုင် စိမ့်မြေရဲ့ အထူးခြားဆုံး တစ်ခုကတော့ စိမ့်မြေရဲ့ ၄ရာသီ ရှုခင်း မတူဘဲ ၄ ရာသီစလုံးရဲ့ ရှုခင်း သာယာတာပါပဲ။ နွေဦး အကုန် နွေအစပိုင်းမှာ စိမ့်မြေပေါ် မာယာများတဲ့ ခရမ်းပြာရောင် ငှက်မြီးသစ်ခွများ ပွင့်လန်း နေတယ်။ နွေရာသီမှာ အဖြူရောင် အိပ်နေတဲ့ ရေကြာပန်း အရိုင်းများ အစိမ်းရောင် ပွင့်ပပ်များကို မှီပြီး ပွင့်လန်းနေတယ်။ သင်းကြိုင်တဲ့ အနံ့များ ပျံ့နှံ့နေတယ်။ ဆောင်းဦးမှာ စိမ့်မြေဟာ အရောင် အစုံဆုံး ပါပဲ။ အစိမ်းရောင် ရေပြောင်းဖူး နဲ့ ကျူပင်များ၊ အနီရောင် ရွှေဇာမနီပန်းများ၊ ခရမ်းရောင် ဗေဒါပန်းများ နဲ့ ငန်းမွေးပန်း(Habenaria dentata (Sw.) Schltr.) အပြင်လိုက် ရှိတယ်။ ဆောင်းမှာ စိမ့်မြေဟာ ရေငှက်၏ ပျော်မွေ့ရာ ကမ္ဘာ ပါပဲ။ ၎င်းသည် မြောက်ဘက်က ငှက်များ အရှေ့တောင်အာရှသို့ ရွေ့ပြောင်းရာမှာ အရေးကြီး လမ်းတဝက် နားခိုရာ ဖြစ်တယ်။ ၁နှစ် ၄ရာသီစလုံးရဲ့ ရှုခင်းသည် လူကို အောက်မေ့ဖွယ်ရာ ဖြစ်စေတယ်။


သာယာတဲ့ ရေထဲ လွှင့်မျှောပြီး အလှဆုံး ထိန်ချုံး စိမ့်မြေကို အဝကြည့်

ဒါကနောက်ဆုံးဆောင်းပါးဖြစ်ပါသည်