၁၆၉၃ခုနှစ် ကတည်းက မင် ခေတ် ခရီးသွား ပညာရှင် ရွှီရှာခက်မှ ထိန်ချုံးသို့ သွားရောက်လည်ပတ်ပြီးနောက် ၎င်း၏ ဒိုင်ယာရီတွင် ထိန်ချုံးပေးဟိုင် စိမ့်မြေ၏ ရှုခင်းကို ဤသို့ သရုပ်ဖော် မှတ်သားထားသည်။ “ရေပြင်ကြီး ဧက ထောင်ချီ၊ မြက်ပင် စိမ်းစိမ်းစိုစို ပေါက်ရောက်နေ။ ပေါလော ပေါ်နေသော မြက်ခင်းစင်များအကြား မြစ်ချောင်းများ ဖြတ်သွား။”
စိမ့်မြေကို ပြောလိုက်သည်နှင့် လူများသည် ညွန်ပျောင်းပုံစံ စိမ့်မြေဟု ထင်ကြမည်။ စိမ့်မြေထဲမှ မြက်၊ ရွှံ့နွံ နှင့် ရေတို့သည် ဆက်နေသည်။ လူများ အပေါ်သို့ တက်နင်းလျှင် အောက်သို့ နင်းလေ နစ်လေ ဖြစ်မည်။ သို့သော် ထိန်ချုံး ပေးဟိုင် စိမ့်မြေသည် ပေါလောပေါ် ကော်စောပုံစံ စိမ့်မြေ ဖြစ်သည်။ မြက်၊ ရွှံ့နွံ နှင့် ရေ ၃မျိုးမှာ သီးခြား ဖြစ်နေသည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဤသည်မှာ ကမ္ဘာပေါ်တွင် တွေ့ရခဲသော ပေါလောပေါ် ကော်စောပုံစံ စိမ့်မြေ ဖြစ်သည်။ စပါးခင်းကဲ့သို့သော မြက်ခင်းကြီးများသည် ကန်ရေပြင်ပေါ်တွင် ပေါလောပေါ်နေသည်။ လူများက ၎င်းတို့ကို မြက်တန်း သို့မဟုတ် ပင်လယ်တန်းဟု ခေါ်သည်။ ၎င်းသည် အပင်မျိုးစုံ၏ အမြစ် နှင့် အမျှင်များ နှစ်ပေါင်း ၆သိန်းခန့် အဆက်မပြတ် ကြီးထွား ညှိတွယ်ပြီး ဖြစ်လာသည်။ ပျှမ်းမျှအထူမှာ ၁-၂မီတာခန့် ရှိသည်။ အထူဆုံး နေရာတွင် ၂ မီတာ ရှိသည်။ လေတိုက်ရာသို့ ရွေ့လျားနိုင်သည်။ ခံနိုင်ဝန် အလွန်မြင့်သည်။ တစ်ချပ် ဖြတ်ချပြီး လှေအဖြစ် လှော်စီးနိုင်သည်။ ကမ္ဘာပေါ်တွင် တွေ့ရခဲသည်။ သဘာဝ ဂုဏ်သတ္တိအရ မီးတောင် ပိတ်ဆို့ကန် ညွန်ပျောင်း စိမ့်မြေ နှင့် ကုန်းမြင့်ဒေသကန် ညွန်ပျောင်းပုံစံသို့ ပြောင်းလဲသော ထူးခြားချက် ရှိသည်။