ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

လည်ပတ်ရာ ကစားနည်း လမ်းပန်းဆက်သွယ်ရေး လမ်းညွှန် အနီးတဝိုက်မှ စားကောင်းသောက်ဖွယ် လည်ပတ်ရာတွင် သတိပြုရန် ဒေသထွက်ကုန်

လည်ပတ်ရာ ကစားနည်း

ပင်မစာမျက်နှာ-လည်ပတ်စရာ နည်းဗျူဟာ-လည်ပတ်ရာ ကစားနည်း

       ထိန်ချုံး။ ကျွန်တော့်ရဲ့ ခရီးသွား အဘိဓာန်မှာ အကြိမ်ကြိမ် လှန်လှောခံရပြီး အကြိမ်ကြိမ် ဆွေးနွေးခံခဲ့ရပြီ။ ဒါပေမဲ့ အမြဲတမ်း အကြောင့်မဲ့ နှောင့်နှေးခဲ့ရတယ်။ ဒီနွေရာသီ မလာခင်၊ ထိန်ချုံး မိုးရာသီ မဝင်ခင် “ရေပူဆီပြေး၊ မီးခဲကို နင်းပြီး ထိန်ချုံးရောက်လာ” နိုင်ခဲ့ပြီ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် “ခရီးသွား လက်ရွေးစင်”မှာ ထိန်ချုံးသည် ဆန်းကြယ်သော နေရာပါ။ ပုံမှန် အသိပညာ အတော်များများ ထိန်ချုံး ရောက်ရင် သုံးမရတော့ဘူး။ ဥပမာ “ကျောက်တုံးက ပင်လယ်ထဲ နစ်သွား”။ ထိန်ချုံးမှာ ကျောက်တုံးဟာ ရေထဲ နစ်မဝင်ဘူး။ ဥပမာ “ရေနဲ့ မီး အတူမနေနိုင်”။ ထိန်ချုံးမှာ “ရေနဲ့ မီး အတူ နေ”တယ်။ နောက်ပြီး “ကျောက်ခဲဟာ တိုင်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ပန်းပု မထုဘူး”။ အရမ်း ပိုတာ ရှိသေးတယ်။ “ဝါးတူ တစ်ချောင်း စိုက်ထားလိုက်ရင် အညှောင့်ပေါက်ပြီး ပန်းပွင့်နိုင်တယ်”တဲ့။


ဟေးယွီ(ငါးမည်း)ချောင်းသည် ဆူညံခြင်းကို ရှောင်နိုင်တဲ့အပြင် နွေအပူကိုလည်း ရှောင်နိုင်


       မီးတောင် မြေပူတဲ့ ထိန်ချုံးအတွက် ခရီးသွားဖို့ ရည်ရွယ်ချက် ဟုတ်ချင်မှ ဟုတ်မယ်။ ဒါမှမဟုတ် ဆောင်းရာသီမှ လာချင်မယ်။ ဒီတခါ လာလည်တာ နေချင်ဆုံးနေရာက “ဝူရှား(သိုင်းသမား)” ရုပ်ရှင် ရိုက်ကူးတဲ့ နေရာ ဟေးယွီ(ငါးမည်း)ချောင်း ဘေးမှာပါပဲ။ ဟေးယွီ(ငါးမည်း)ချောင်းသည် မြေအောက်ချောင်း တစ်ခုပါ။ ထိန်ချုံးမီးတောင် လှုပ်ရှားပြီးနောက် ချော်ရည်စီးကြောင်းများက မြေအောက်ချောင်းကို ပိတ်ဆို့တော့ မြေအောက်ရေတွေ မြေပြင်ပေါ် လျှံထွက်လာတယ်။ ဟေးယွီ(ငါးမည်း)ချောင်း အကြီးစား စမ်းရဲ့ စီးဆင်းပမာဏမှာ ၁၄၀၀ ကုဗမီတာ/စက္ကန့် ရှိပါတယ်။ ရေထွက်ပေါက် လမ်းခွဲ ၂ခု ရှိတယ်။ နှစ်စဉ် နွေဦး၊ ဆောင်းဦးရာသီမှာ ရေထွက်ပေါက်ကနေ အမည်းရောင်ငါးလေးတွေ အကောင်ပေါင်း ထောင်သောင်းချီ စီးထွက်လာတတ်တဲ့အတွက် ဟေးယွီ(ငါးမည်း)ချောင်းလို့ အမည် ရခဲ့တယ်။


       ဟေးယွီ(ငါးမည်း)ချောင်းဟာ ယူနန်ထိန်ချုံး စီရင်စု မာကျန့်(မြင်းဂိတ်)ထဲမှာ ပုန်းအောင်းနေတဲ့ အလွန် သေးငယ်တဲ့ ချောင်းကလေး တစ်ခုပါပဲ။ “ဝူရှား(သိုင်းသမား)” ဇာတ်ကား မရိုက်ခင်မှာ ဟေးယွီ(ငါးမည်း)ချောင်းကို သိပ်မသိကြပါဘူး။ ဒါပေမဲ့ “ဝူရှား(သိုင်းသမား)” ဇာတ်ကားလည်း ထွက်လာရော ဟေးယွီ(ငါးမည်း)ချောင်းက ပြိုင်ဘက်ကင်းတဲ့ အခြေအနေ ရောက်သွားတယ်။ ချောင်းအောက်ခြေထိ မြင်နိုင်တဲ့ ကြည်လင်တဲ့ ရေ၊ ရေထဲမှာ မြက်စိမ်းတွေ ဝေဝေဆာဆာ လေနဲ့အတူ ယိမ်းနွဲ့နေတယ်။ ချောင်းထဲဝင်ကူးချင်တဲ့ စိတ်တွေ တဖွားဖွား ဖြစ်ပေါ်စေတယ်။


ငါမည်း ကင်


       သိပ်မမြင်သာတဲ့ အဝင်ဝကနေ ဟေးယွီ(ငါးမည်း)ချောင်း တောင်ကြားထဲကို ဝင်လိုက်ပြီး ၃ ကီလိုမီတာလောက် လျှောက်လိုက်ရင် လျှောက်လမ်းပေါ်မှာ ဒေသခံ ရွာသားများ အကင်တွေ၊ မုန့်ပဲ သရေစာတွေ ရောင်းတဲ့ ဆိုင်ကလေးတွေ ဖွင့်ထားတယ်။ ကျွန်တော်တို့ လာတဲ့ အချိန်က ငါးမည်းတွေ ပေါ်တဲ့ အချိန် ဖြစ်နေတယ်။ ရွာသားတွေရဲ့ ဟင်းလျာ ဖြစ်သွားတဲ့ အပြင် အကင်မင်းသားလည်း ဖြစ်သွားတယ်။


       မြည်သံနောက်လိုက်သွားတော့ ဟေးယွီ(ငါးမည်း)ချောင်းဟာ မြက်စိမ်းတစ်ပြင် နဲ့ ကြည်လင်တဲ့ စမ်းတစ်ခုပုံစံနဲ့ ကျွန်တော်တို့နဲ့ တွေ့ဆုံတယ်။ ပထမအပိုင်းက သိပ်မကြီးကျယ်ပါ။ ရုပ်ရှင်ထဲကအတိုင်း ရှက်ရှက်လေးနဲ့ ငြိမ်သက်နေသလိုပဲ။ ရုပ်ရှင်ထဲက ပုံရိပ်နဲ့ မတူတာက ချောင်းဘေးမှာ ရွာသားတွေ ထိုးထားတဲ့ ဆိုင်တန်းတွေပဲ ရှိတယ်။ ထိုင်ပြီး လေညင်းခံလို့ရတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ခံစားတဲ့ စိတ်ကို မထိခိုက်တဲ့အပြင် ရွာသားတွေ ရှိနေတော့ ဟေးယွီ(ငါးမည်း)ချောင်းဟာ ပိုပြီး သက်ဝင်နေသလိုပါပဲ။ အဖွားအိုက ချောင်းဘေးမှာ သစ်သီး ဆေးကြောနေတယ်။ ပြီးတော့ ဟင်းရွက်၊ သစ်သီးတွေကို ချောင်းအလယ်မှာ သွားထားတယ်။ ဟေးယွီ(ငါးမည်း)ချောင်းဟာ ရွာသားများရဲ့ သဘာဝ “ရေခဲသေတ္တာ” ဖြစ်နေတယ်။ ကြည်လင်ပြီး အောက်ခြေအထိ မြင်ရတဲ့ ချောင်းရေ၊ ယိမ်းနွဲ့နေတဲ့ ရေမြက်၊ ရောင်စုံ သစ်သီးတွေနဲ့ တွဲလိုက်တော့ ပုံက အရမ်းလှနေတယ်။ ချောင်းဘေးက အပင်ကြီးပေါ်မှာ မျောက်ရိုင်းတွေ အများကြီး ပုန်းနေတယ်။ သူတို့က ပြေးဆင်းလာပြီး အသီးခိုးဖို့ အမြဲ ချောင်းနေတယ်။ ဒါဟာ ဧည့်သည်များကို အရမ်း စိတ်ဝင်စားစေတယ်။ အသီးတွေ ဝယ်ပြီး သူတို့ကို လာဖြားယောင်းကြတယ်။ မျောက်တွေ တအူးအူးနဲ့ ပျော်ပြီး အော်နေတယ်။ သစ်ပင်အောက်က ဧည့်သည်တွေက ကင်မရာ အသင့်နဲ့ သူတို့ကို စောင့်နေတယ်။


       ချောင်းဘေး တစ်လျှောက် အတွင်းပိုင်းဘက် ဆက်သွားရင် ရေပမာဏ တဖြည်းဖြည်း များလာတယ်။ ချောင်းရဲ့ လမ်းကြောင်းကို ကျောက်တုံး၊ ကျောက်တံတား တို့က ခွဲခြားလိုက်တော့ အဝကြီးတဲ့ စမ်းအချို့ ဖြစ်လာတယ်။ အသံ တဝုန်းဝုန်း မြည်နေတယ်။ ပြီးတော့ သစ်ရိပ်တွေက နေရောင်ကို ကွယ်ထားတဲ့အတွက် နေရောင် ဖြာချလာတယ်။ သဘာဝ သစ်တောနက်ကြီးထဲမှာ သွားနေရသလိုပဲ။ ချောင်းကလေးကနေ “သစ်တော” အကြား မီတာ ၃၀၀၊ ၄၀၀ လောက်ပဲ ကွာတယ်။ ဒါပေမဲ့ အပြောင်းအလဲ အရမ်းကြီးတယ်။


       တကယ်တော့ ကျိုကျိုက်ကိုး နဲ့ယှဉ်ရင်တော့ ဟေးယွီ(ငါးမည်း)ချောင်းဟာ “ကြီးကျယ်ခမ်းနားတဲ့ အလှ” မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ရုပ်ရှင်မင်းသမီး ထန်းဝေ လိုပေါ့။ သူ့ကို တစ်ချက် ကြည့်လိုက်တာနဲ့ လူရဲ့ ရင်ကို အေးမြစေတယ်။ လောကုတ္တရာကို ရှောင်ခွာဖို့ နေရာကောင်းပါ။ ဒါကြောင့်လည်း ဒါရိုက်တာ ချိန်းခက်ရှင်းက သိုင်း အရမ်းကျွမ်းတဲ့ သိုင်းသမားကို ဒီနေရာမှာ “တောထွက်” စေတာကိုး။ ခရီးသွား ဧည့်သည် အနေနဲ့ ကျွန်တော်တို့တော့ “လောကုတ္တရာကို ရှောင်ခွာ”တဲ့ အဆင့်တော့ မရောက်သေးဘူး။ နွေအပူကို ရှောင်ဖို့တော့ အကောင်းဆုံး နေရာပါပဲ။ ကြည်လင်တဲ့ ရေပြင်ကို ကြည့်ပြီး မြက်စိမ်းတွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရတယ်။ လူကိုလည်း ရေစစ်သလို စစ်လိုက်တဲ့အတိုင်းပဲ။ သန့်ရှင်းပြီး ဖြူစင်လှပသွားတယ်။


ပင်လယ်ပူ။ ကျေကျေနပ်နပ်နဲ့ “ရေပူဆီပြေး၊ မီးခဲကို နင်း”


       အမှန်မှာ လက်ရှိ ဟေးယွီ(ငါးမည်း)ချောင်းသည် “မီးတောင်အုပ်စု နိုင်ငံတော် ဘူမိဗေဒ ဥယျာဉ်”ရဲ့ ရှုခင်းထဲက တစ်ခုပါ။ ဟေးယွီ(ငါးမည်း)ချောင်းကနေ စီရင်စုမြို့ကို ပြန်တဲ့လမ်းမှာ ပေးဟိုင် စိမ့်မြေကိုလည်း လမ်းကြုံ ဝင်လည်ပြီးမှ “မီးတောင်အုပ်စု ဘူမိဗေဒ ဥယျာဉ်”ကို ပြန်ဝင်လို့ရတယ်။


       အားလုံး သိတဲ့အတိုင်းပဲ ထိန်ချုံး ပင်လယ်ပူ “ရေဆူအိုးကြီး”ဟာ ကမ္ဘာကျော်တယ်။ ဒါဆို ဒီနားက မြေပူ အရင်းအမြစ်တွေလည်း အများကြီး ရှိမှာပေါ့။ ဟုတ်ပါတယ်။ ထိန်ချုံးရဲ့ ပင်လယ်ပူဟာ အသက်ရှူနေဆဲ “မီးတောင်” တစ်လုံးပါ။ အပူချိန်မြင့် ရေပူစမ်းရေဟာ ကျွန်တော်တို့ရဲ့ မြေအောက်မှာ အဆက်မပြတ် စီးဆင်းနေပါတယ်။


       ဒေသမှာ ဒီလို အပြောတွေ ရှိတယ်။ “ထိန်ရွဲ့ဒေသရဲ့ တောင် ၁၀ လုံးမှာ ၉ လုံးက ခေါင်း(ထိပ်) မရှိဘူး”။ ဘာဖြစ်လို့ တောင်ဟာ ထိပ် မရှိရတာလဲဆိုတော့ တောင်အများစုဟာ သက်နု မီးတောင်များ ဖြစ်ကြတယ်။ ပုံသဏ္ဌာန်က ဒယ်အိုးနဲ့ တူတယ်။ မီးတောင်အုပ်စု ဘူမိဗေဒဥယျာဉ်ထဲ ဝင်လိုက်ရင် တာ့ခုန်းတောင် သို့မဟုတ် ရှောင်ခုန်းတောင်မှာ လည်ဖို့ ရွေးချယ်နိုင်တယ်။ တောင်ပေါ်တက်ပြီး တစ်ပတ် ပတ်ပါ။ ပြန်ခါနီးမှာ မီးတောင်ကျောက် အမှတ်တရ ဝယ်သွားနိုင်တယ်။ ဒေသက ကျောက်ဟာ အင်မတန် ထူးဆန်းတယ်တဲ့။ “ကျောက်တုံးက ပင်လယ်ထဲ နစ်သွား” တာမျိုး မဖြစ်ဘူးတဲ့။ ရေပေါ် ပေါလောပေါ်နိုင်တယ်။ ဒီလို မီးတောင်ကျောက်မျိုးကို အလှဆင်ပစ္စည်း အဖြစ် ထားနိုင်သလို အိမ်မှာ ခြေထောက်စိမ်၊ ရေစိမ်ချိုးတဲ့ခါမှာလည်း သုံးလို့ရတယ်။ အကောင်းစား ကုသမှု ကျောက်ခဲပါပဲ။


       နွေရာသီဆိုပေမဲ့ ထိန်ချုံး ရောက်ရင် “ရေပူစီ ပြေး”တာဟာ မဖြစ်မနေ လုပ်တဲ့ အလုပ်ပါ။ အခုချိန်မှာ “ရေဆူအိုးကြီး” ရှုခင်းဇုန်က ကြည့်လို့ ကောင်းနေဆဲ။ အခိုးအငွေ့တွေ ဝန်းရံနေတယ်။ ကြည့်လိုက်တာနဲ့ ရေပူစမ်းရဲ့ ဆွဲဆောင်မှု ရှိနေတယ်။ အချိန်နည်းနည်း ပေးပြီး တောင်ခြေက “ရေချိုးဂူ”မှာ ကောင်းကောင်းလေး သွားစိမ်လိုက်ပါ။ ရေပူစမ်း စိမ်၊ ခြေထောက် စိမ်၊ မာဆက် SPA တစ်စုံလုံး လုပ်ပစ်လိုက်။ နွေအပူကို ရှောင်ပြီး စိတ်အပန်းဖြေ၊ ကိုယ်အပန်းဖြေတဲ့ အကောင်းဆုံး ရွေးချယ်မှုပဲ။


“ရှူ-ရှိန်းဒူလမ်း” နိုင်ငံခြားထွက်တာ မြို့ပေါ် တက်တာထက်တောင် လွယ်သေး


       “ရှူ”ဆိုသည်မှာ စီချွမ်း၊ “ရှိန်းဒူ”ဆိုတာ အိန္ဒိယ။ ဆက်လိုက်ရင် စီချွမ်းကနေ အိန္ဒိယ သွားတဲ့ လမ်းပါပဲ။ ဒီနာမည် နားထောင်ရတာ နည်းနည်း “ဒူ(အဆိပ်)” ရှိတယ်။ ဒါပေမဲ့ သမိုင်း ရှိတယ်။ ကျွန်ုပ်တို့နိုင်ငံ ရှေးခေတ်မှာ အနောက်ဘက် ကုန်သွယ်ရေးအတွက် အရပ်ဘက် သွားလာတဲ့ လမ်းကြောင်း ဖြစ်တယ်။ ရှေးခေတ် အနောက်တောင်ဘက် ပိုးထည် လမ်းမလည်း ဖြစ်တယ်။


       ကျွန်တော်တို့ အခု လျှောက်နေတဲ့ ကုန်သွယ်ရေးလမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဒေသခံတွေ ကိုယ်တိုင် ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။ အနောက်တောင်ဘက်ကနေ မြန်မာ၊ အိန္ဒိယကို သွားတဲ့ အရပ်ဘက် ကုန်သွယ်ရေး လမ်းကြောင်းပါ။ အဲ့တုန်းက ကျန်းချန်းက သံတမန် အနေနဲ့ နိုင်ငံခြားကို သွားတော့ နိုင်ငံခြားမှာ စီချွမ်းပစ္စည်းတွေ တွေ့ရတယ်။ ဒါနဲ့ သူက ဒီလို လမ်းကြောင်းတစ်ခု ရှိမယ်လို့ သံသယ ဖြစ်လာတယ်။ ဟန့်ဝူတိ ဘုရင်ကလည်း လူ ၄ဖွဲ့ လွှတ်ပြီး ဒီလမ်းကြောင်းကို စုံစမ်းခဲ့တယ်တဲ့။ ဒါပေမဲ့ ဒေသခံတွေက ပြန်တိုက်ထုတ်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က တရုတ်ပစ္စည်းကို ထိန်ချုံးကနေ တင်ပို့ပြီး မြန်မာ၊ အိန္ဒိယ၊ ပါကစ်စတန်၊ အီရန် နဲ့ အာဖဂန်နစ်စတန် စတဲ့ နိုင်ငံကို ရောက်သွားတယ်။ ထိန်ချုံးက အလိုလိုနဲ့ ကုန်သွယ်ရေး ပထမ ဂိတ်ပေါက် ဖြစ်လာတယ်။ ကွမ်ကျိုး(ဟိုတယ်)ရဲ့ ပြင်ပနဲ့ ကုန်သွယ်တဲ့ သမိုင်းကို ဆက်စပ် စဉ်းစားရင် ထိန်ချုံးက တစ်ပန်းသာ သေးတယ်။ ကွမ်ကျိုးက မန်ချူး ခေတ်ရောက်မှ တရားဝင် တံခါး ဖွင့်ခဲ့တဲ့ ကုန်သွယ်ရေး ဂိတ်ပေါက် ဖြစ်တယ်။ ကွမ်ကျိုးကနေ ဝင်လာတဲ့ အင်္ဂလန်ပစ္စည်းဟာ ထိန်ချုံးကနေ ဝင်လာတဲ့ပစ္စည်းကို မမီဘူး။ အင်္ဂလိပ်လူမျိုးဟာ ၁၉ ရာစုကတည်းက ထိန်ချုံးမှာ ကောင်စစ်ဝန်ရုံး ဖွင့်ထားပြီ။ မန်ချုံးအစိုးရကလည်း ၁၉၀၂ ခုနှစ်မှာ ဒီမှာ အကောက်ခွန်ရုံး ဖွင့်လိုက်တယ်။ “ထိန်ချုံး အကောက်ခွန်က ကူမင်း(ဟိုတယ်) အကောက်ခွန်ကို အုပ်ချုပ်”ရတာနော်။ ဒေသခံတွေက ကိုယ့်ကိုယ်ကို နိမ့်ချပြီး ပြောတတ်ကြတယ်။ “ကျွန်တော်တို့ မြို့ပေါ် သိပ်မတက်ဖြစ်ဘူး။ လွန်ရော ကျွံရော နိုင်ငံခြားလောက်ပဲ ထွက်ဖြစ်တာ”တဲ့။ ဟုတ်ပါတယ်။ ထိန်ချုံးဟာ နယ်စပ်အစွန်မြို့ အနေနဲ့ နိုင်ငံခြားထွက်တာဟာ မြို့ပေါ်တက်တာထက် လွယ်တာကိုး။ ဟူ၍ ဒေသခံ ဧည့်လမ်းညွှန်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြောပြပါတယ်။



“တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)”သည် နိုင်ငံကို မကယ်နိုင်ခဲ့ပေမဲ့ ဘုရင်ကို ကယ်နိုင်ခဲ့တယ်။

ထိန်ချုံး နာမည်ကြီး ဟင်းလျာ ---- “တာ့ကျို့ကျ”


       ထိန်ချုံးသည် တောင်ဘက် မင် ခေတ် ရုံလိဘုရင် ဒုက္ခရောက်စဉ်က ရှူံးနိမ့်ပြီး မြန်မာပြည်သို့ ဝင်သွားသော နေရာ ဖြစ်တယ်။ ဒေသမှာ “ဘုရင်ကို ကယ်တင်ခြင်း”နဲ့ ပတ်သက်တဲ့ ပုံပြင် အများကြီး ရှိတယ်။ အဓိကတော့ ဒေသခံ ရွာသူများ စားကောင်းသောက်ဖွယ်နဲ့ ဒုက္ခရောက်ပြီး ဆာလောင်နေတဲ့ ဘုရင်ကို ဘယ်လို ကယ်တင်ခဲ့ကြောင်း ပြောကြတယ်။


      ထိန်ချုံးကို ရောက်ရင် “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)”ရဲ့ နာမည်ကို မသိသူ မရှိဘူး။ ရောက်ခါစဆို အခြေအနေကို နားမလည်ဘူး။ ဟင်းလျာရဲ့ နာမည် ဘာကြောင့် “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)” လို့ ခေါ်ရတာလဲ။


       ဒါဟာ ဘုရင်ကို ကယ်တင်ခဲ့တဲ့ အကောင်းဆုံး ဖြစ်ရပ် တစ်ခုပါပဲ။ အခုချိန်မှာ ဒေသရဲ့ ထမင်းစားပွဲမှာ အဓိက ဟင်းလျာ ဖြစ်နေတုန်းပဲ။ ခရီးသွား အဖွဲ့ စားသောက်ဝိုင်းမှာလည်း ဒီဟင်းလျာ ပါတယ်။ စားဖူးမှ “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)” ဆိုတာ ယူနန်ရဲ့ ခေါပုတ် အစိုကြော်ပါပဲ။ ခေါပုတ်ကို ဒေသမှာပဲ ရနိုင်တဲ့ ဆန်နဲ့ ဆန်းစေးဖြစ်အာင် ဆန်ခါစစ်ပြီး လုပ်ထားတာ။ ပုံစံက ကွမ်တုံးရဲ့ “ဖိန်”(ဓားလှီးခေါက်ဆွဲ အထူ)နဲ့ တူတယ်။ ဒါပေမဲ့ ကန်အား ပိုကောင်းတယ်။ ပုံမှန် လုပ်နည်းက ခေါပုတ်ကို အတုံးအတုံးဖြစ်အောင် ဖြတ်ပြီး အသား၊ ကြက်ဥ၊ ဟင်းရွက် ထည့်ပြီး ကျက်အောင် အစိုကြော်တယ်။ ထိုစဉ်က ဒုက္ခသည် အနေနဲ့ ဒီကို ရောက်လာတဲ့ ရုံလိဘုရင်ဟာ ဒါ ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာလို့ ထင်မှာပဲ။ နိုင်ငံကို မကယ်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ ဗိုက်ကလေးကိုတော့ ကယ်နိုင်ခဲ့ပါတယ်။


       ထိန်ချုံးသည် ကျောက်စိမ်းမြို့တော် ဖြစ်သည်။ မြန်မာ့ ကျောက်စိမ်းကို ဝယ်ယူလျှင် ဈေး သက်သာသည်။ ဒါပေမဲ့ သေချာကြည့်ပြီးမှ ဝယ်ပါ။


သာယာလှပခရီးစဉ်မြေပုံ

ဒါကနောက်ဆုံးဆောင်းပါးဖြစ်ပါသည်