ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

ကြေညာချက် သတင်း ဗဟို မီဒီယာမှ တင်ဆက်

ပင်မစာမျက်နှာ-သတင်းအချက်အလက်-ကြေညာချက်

06-21

2017

၂၀၁၄ခုနှစ် ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရိုးရာ ယဉ်ကျေးမှု ပွဲတော်


၂၀၁၄ခုနှစ် ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရိုးရာ ယဉ်ကျေးမှု ပွဲတော်


၂၀၁၄ခုနှစ် ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၇ ရက်အထိ ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။ ဤပွဲတော်ကို ထိန်ချုံးခရီးသွား လုပ်ငန်းရှင်များအဖွဲ့၊ ပေးဟိုင်ကျေးရွာ အစိုးရတို့မှ ကြီးမှူးပြီး ထိန်ချုံးစီရင်စု ပေးဟိုင် စိမ့်မြေ ဂေဟ ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံ ကုမ္ပဏီ လီမိတက်မှ တာဝန်ယူ ကျင်းပသည်။ ဤအကြိမ် ယဉ်ကျေးမှု ပွဲတော်၏ ရည်ရွယ်ချက်မှာ ဧည့်သည်တော်များ ပေးဟိုင် စိမ့်မြေကို တပျော်တပါး လည်ပတ်သည့် တချိန်တည်းမှာ ထိန်ချုံးနယ်စပ် ရိုးရာ ယဉ်ကျေးမှုကို သိရှိနားလည်ရန်၊ ထိန်ချုံးခရီးသွား လုပ်ငန်း၏ လုံးပေါင်း ပါဝင်မှုများကို မြှင့်တင်ရန်၊ ရှုခင်းဇုန်ကို ရိုးရာဓလေ့နှင့် ပူးပေါင်းပြီး ထိန်ချုံးခရီးသွား လုပ်ငန်း၏ အမှတ်တံဆိပ် ဖန်တီးရန် ဖြစ်သည်။


ကျင်းပမည့် နေရာ။ ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်



ပွဲတော် အစီအစဉ်


၁။ ပြခန်းနယ်မြေတွင် ပြခန်းနေရာ ၁၇ ခုရှိသည်။ ထိန်ရွဲ့ ရတနာ ၃ပါး၊ လျိုကျားကျိုက် သားရေ အရိပ်ဇာတ်၊ ရုံယန်ရွာ ဆီစိမ်စက္ကူထီး၊ လီစူးတိုင်းရင်းသား ဝတ်စုံ၊ ထိန်ချုံး လယ်သမား ပန်းချီ၊ တိုင်းရင်းသား တူရိယာ၊ ဖူရိ ဝါးရက်လုပ်ပစ္စည်း၊ ထိန်ချုံး ပိတ်စ ဖိနပ်၊ ပန်းထိုးပစ္စည်း၊ ပန်းချီ၊ ကျောက်စိမ်း၊ မြေထည် ပစ္စည်း၊ ဝါးရက်လုပ်ပစ္စည်း စသည့် ထိန်ချုံး ရိုးရာ အရပ်ဘက် အနုပညာများကို အဓိက ပြသသည်။



၂။ ယဉ်ကျေးမှု ပွဲတော်ကာလအတွင်း ရှုခင်းဇုန်၌ နေ့စဉ် ထိန်ချုံး ရိုးရာ အနုပညာ တေး၊ အကများကို ပြတ်တောင်း တင်ဆက်သည်။



၃။ လျှာဖျားပေါ်က ထိန်ချုံး။ ယဉ်ကျေးမှု ပွဲတော်ကာလအတွင်း ရှုခင်းဇုန်၌ ထိန်ချုံး ဒေသထွက် စားကောင်းသောက်ဖွယ် ဈေးတန်း ဖွင့်လှစ်ထားသည်။ ထိန်းချုံးဆန်ခေါက်ဆွဲ၊ တိုဟူးသုတ်၊ စပ်ဖြဲ၊ ရွှင့်ကျန်း ဝက်သားကင် မြီးရှည်၊ မင်ကွမ်း နားရွက်သေး ဝက်၊ အအေး နှင့် တုတ်ထိုး အမျိုးမျိုး ရှိသည်။



ရှုခင်းဇုန်၏ လက်မှတ် သက်သာခွင့် ပေါ်လစီမှာ အောက်ပါ အတိုင်း ဖြစ်သည်။


(၁) ပွဲတော်ကာလအတွင်း ရှုခင်းဇုန် ဝင်သော လက်မှတ် ၂၀% လျှောပေးသဖြင့် ၈၈ ယွမ်/စောင် သာကျသင့်မည်။

(၂) ဤအကြိမ် ပွဲတော်အတွက် ပေါင်ရှန်းမြို့အတွင်းမှ ဧည့်သည်များသည် မိမိ မှတ်ပုံတင်(ထိန်ချုံးစီရင်စု မှတ်ပုံတင်မှ လွှဲ၍)ပါလျှင် အဝင်လက်မှတ် ၅၀% လျှောပေးသဖြင့် ၅၅ ယွမ်/စောင် သာကျသင့်မည်။

(၃) ထိန်ချုံးစီရင်စု ဒေသခံ ဧည့်သည်များသည် မိမိ မှတ်ပုံတင်ဖြင့် ဒေသခံ သက်သာခွင့် လက်မှတ်ကို ၁၀ ယွမ်/စောင် ဖြင့် ဝယ်နိုင်သည်။


ပွဲတော်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းလိုလျှင် 0875-5130102



ထိန်ချုံး ပေးဟိုင် စိမ့်မြေ ဆန်းကြယ် စိမ့်မြေ ရှုခင်းဇုန် လက်မှတ်ဈေးနှုန်း ပြင်ဆင်သော ကြေညာ

ထိန်ချုံး ပေးဟိုင် စိမ့်မြေ ၂၀၁၅ခုနှစ် ဧပြီလ ၂၅ ရက်မှ မေလ ၁၀ ရက်ထိ “ငှက်မြီး သစ်ခွ ပွဲတော်” --- ငှက်မြီး သစ်ခွ ဖဲကြိုး ပန်းပူဇော် ဆုတောင်း