ငှက်မြီး သစ်ခွ ပွင့်ချိန်၊ သင်္ချိုင်း ကန်တော့ပွဲမှာ စိမ့်မြေသို့ အခမဲ့ လည်ပတ်။
အချိန်။ ၂၀၁၄ခုနှစ် ဧပြီလ ၅ ရက် မှ ဧပြီလ ၇ ရက်ထိ
နေရာ။ ထိန်းချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်
【ပေးဟိုင် စိမ့်မြေ ဈေးလျှော့နေပြီနော်!!!】
(၁) ဧပြီလ ၅ ရက် မှ ၇ ရက်ထိ ထိန်းချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်သို့ လာရောက် လည်ပတ်သော ဒေသခံ ဧည့်သည်အားလုံး မိမိကိုယ်ရေး အထောက်အထားဖြင့် ရှုခင်းဇုန်သို့ အခမဲ့ ဝင်နိုင်သည်။ (မှတ်ချက်။ ကိုယ်ရေး အထောက်အထားဆိုသည်မှာ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း၊ ယာဉ်မောင်းလိုင်စင် စသည်တို့ ဖြစ်သည်။)
(၂) ဧပြီလ ၅ ရက် မှ ၁၂ ရက်ထိ နယ်ခြား ဧည့်သည်များသည် လူကြီးလက်မှတ် တစ်စောင်ကို လျှော့ဈေး ယွမ် ၉၀ ဖြင့် ဝယ်ယူနိုင်သည်။ ခရီးသွား ကုမ္ပဏီများမှ အဖွဲ့လိုက် ဧည့်သည်များသည် ခရီးသွား ကုမ္ပဏီအတွက် သတ်မှတ်ထားသော ဈေး အတိုင်း ဝယ်ယူရမည်။
【ဇုန်ထဲဝင်လျှင် လက်ဆောင်ရ】
သင်္ချိုင်း ကန်တော့ပွဲတွင် မိုးမခ အရွက်ကို တပ်ဆင်ပြီး ပျော်ရွှင်ရန်၊ မကောင်းဆိုးဝါး ကာကွယ်ရန် ဆုတောင်းလေ့ရှိသည်။ ဧပြီလ ၅၊ ၆၊ ၇ ရက် ၃ရက်အတွင်း ဇုန်ထဲတွင် နေ့စဉ် မိုးမခ ကိုင်းဖြင့် လုပ်ထားသော ပန်းကုံး အခု ၂၀၀ ကို အခမဲ့ ဝေပေးသည်။ ဇုန်ထဲ ဝင်ရောက်လည်ပတ်သော ဧည့်သည်များ အခမဲ့ ရရှိမည်။ ဦးသူ ရမည်။ ကုန်သည့်အထိ ဝေပေးမည်။
【 အလိုက်သိသော ဝန်ဆောင်မှု】
ဇုန်ထဲတွင် ကလေးစီးရန် လှည်း၊ ဒုက္ခိတ စီးရန် လှည်း၊ မိုးစောင်း ထီး၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်သော ထီး စသည့် အလိုက်သိသော ဝန်ဆောင်မှုများ ထပ်တိုးထားသည်။ လိုအပ်သော ဧည့်သည်များ ယူသုံးနိုင်သည်။
ဤပွဲတော်၏ အဓိပ္ပာယ် ဖွင့်ဆိုခွင့်အားလုံးကို ထိန်းချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်မှ ပိုင်ဆိုင်မည်။
ထိန်းချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်
၂၀၁၄ခုနှစ် ဧပြီလ ၃ ရက်