ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

ကြေညာချက် သတင်း ဗဟို မီဒီယာမှ တင်ဆက်

ပင်မစာမျက်နှာ-သတင်းအချက်အလက်-မီဒီယာမှ တင်ဆက်

06-26

2017

ဗျိုင်းဖြူ မြက်ကော်စောမှာ နိမ့်နိမ့်ပျံ၊ ထိန်ချုံး ပေးဟိုင် စိမ့်မြေ

  ကျွန်တော်တို့ စထွက်ချိန်မှာ နေ့လည် ၁၁ နာရီခွဲလောက် ရှိပြီ။ ကျွန်တော်တို့ ထိန်ချုံး ပေးဟိုင် ပတ်လည်လမ်းပေါ် နောက်ဆုံး တစ်ဂိတ်ဖြစ်တဲ့ မြက်ပင်လယ် ရှုခင်းဇုန်ကို ရောက်ပြီ။ သူ့ရဲ့ နာမည်ကတော့ ပေးဟိုင် စိမ့်မြေ ဥယျာဉ်လို့ ခေါ်ပါတယ်။

草海湿地景区

ပေးဟိုင် စိမ့်မြေ ဥယျာဉ်

  မြက်ပင်လယ်ဟာ မြင်ရခဲတဲ့ ထိန်ချုံးရဲ့ စိမ့်မြေ ရှုခင်းနေရာ တစ်ခု ဖြစ်တယ်။ ၎င်းသည် မီးတောင် ပေါက်ကွဲလို့ ဖြစ်လာတဲ့ မီးတောင် ပိတ်ဆို့ကန် ဖြစ်တယ်။ အချိန်ကြာလာတော့ အပေါ်ယံမှာ မီးတောင်ပြာမှုန့် တစ်ထပ် အုပ်လာပြီး တဖြည်းဖြည်း ကန်ရေပြင်ပေါ်က မြက်ကော်စော ဖြစ်လာတယ်။ အရပ်မှာ မြက်ပင်လယ်လို့ ခေါ်တယ်။ နေရာတကာမှာ မီးတောင်မြေပူ ရှိတဲ့ ဒီယူနန် အနောက်ဘက် ဒေသကြီးမှာ ဒီလို ရေမြက် ဝေဝေဆာဆာ ဖြစ်နေတဲ့ စိမ့်မြေ ကမ်းတိမ် ရှိတာဟာ တကယ်ကို တစ်ခုတည်းသာ ကျန်နေတဲ့ စိမ့်မြေ ပါပဲ။ ကြုံတွေ့ရခဲပါတယ်။


水草

ရေမြက် ဝေဆာနေတဲ့ စိမ့်မြေ ကမ်းတိမ်

  ကျွန်တော်တို့ တောင်ကုန်းပေါ်ကနေ တဖြည်းဖြည်း ဆင်းလာတော့ အဝေးကနေ အဲဒီအစိမ်းရောင် အပြင်ကြီးကို မြင်ရတယ်။ ကော်စော အကြီးကြီး တစ်ချပ်လိုပါပဲ။ ပြန့်ပြန့်လေး ဆန့်နေတယ်။ တောင်နှစ်လုံးကြားမှာ ခင်းထားတယ်။ ရှုခင်းဇုန် တံခါးပေါက် ရောက်ခါနီးမှာ မကျေနပ်စရာကတော့ ကားပြတင်းပေါက် အပြင်ဘက်မှာ မြင်နေရတဲ့ အစိမ်းရောင်ကို မီးခိုးရောင် အုတ်တံတိုင်းက အစားထိုးလိုက်ပြီ။ အစိမ်းရောင်သည် မျက်စိရှေ့ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီ။ ဒါဟာ အများစု ရှုခင်းဇုန် သုံးနေကျ အကွက်ပါပဲ။ သဘာဝ တရားကြီးကို အိပ်ကပ်ထဲ သိမ်းထားပြီး ကျွန်တော်တို့ကို ပိုက်ဆံနဲ့ သူ့ဆီမှာ ပြန်ဝယ်ခိုင်းတာပါ။ ကွေ့လျင်က ဆင်နှာမောင်းတောင် နဲ့ ယွမ်ယန်က လှေကားထစ် လယ်ကွင်းတို့လည်း ဒီလိုပါပဲ။ ဒါပေမဲ့ မထင်လိုက်တာက ထိန်ချုံး မြက်ပင်လယ် စိမ့်မြေ ဥယျာဉ်ရဲ့ အဝင်လက်မှတ် ဈေးတက်သွားလိုက်တာ မစဉ်းစားနိုင်လောက်အောင်ပါပဲ။ လက်မှတ် တစ်စောင် ၁၁၀ ယွမ်တဲ့။ ဒါတောင် လှေစီးလက်မှတ် မပါသေးဘူး။ အရင်က မြက်ပင်လယ်ရဲ့ အဝင်လက်မှတ် တစ်စောင် ယွမ် ၃၀ လောက်ပဲ ရှိတာ။ အခု ဘယ်နှစ်ဆတောင် တက်သွားတော့ ခုတ်ဖို့ ဓားကြီးတွေ ပြင်ထားသလားလို့ ခံစားရတယ်။


观景长廊

ရှုခင်း ကြည့်ဖို့ လျှောက်လမ်း

  ရှုခင်းဇုန်ကို အဆင့် မြင့်တင်ထားတယ်ဆိုပေမဲ့ ဧည့်သည်တွေရဲ့ ခံစားမှုကိုလည်း ထည့်စဉ်းစားသင့်တယ်။ ဒီနေရာဟာ တွေ့ဖူးသမျှ ရှုခင်းဇုန်ထဲမှာ ဈေးမတန်ဆုံးပဲ။ ယွမ် ၁၀၀ ကျော် ပေးရတဲ့ ရှုခင်းဇုန်ဆိုတာ အံ့သြရလောက်တဲ့ ရှုခင်းတော့ ရှိရမှာပေါ့။ မြက်ပင်လယ်က အစိမ်းရောင် မြက်နဲ့ တခြားအရောင် ပန်းတွေပဲ ရှိတယ်။ အရမ်းထူးခြားတဲ့ အရောင်လည်း မရှိပါဘူး။ အဝင်လက်မှတ် ဈေးကြီးလို့ အန်းဟွေးက ဧည့်သည် ၂ယောက် ဝင်မလည်တော့ဘူး။ ကျွန်တော့် အမျိုးသမီးလည်း ကျွန်တော် တစ်ယောက်တည်းပဲ ဝင်ပြီး ဓာတ်ပုံရိုက်ဖို့ ပြောတယ်။ ရွှီကျိုးက ၃ယောက်ကတော့ သက်သာခွင့် အထောက်အထား ရှိလို့နေမှာ အမြဲတမ်း လက်မှတ် ဝယ်တာလည်း မတွေ့ဘူး။ ဝင်သွားတာပဲ။ ရှုခင်းဇုန်ရဲ့ တံခါးမကြီးနဲ့ ဝန်ဆောင်မှု ဗဟိုက အသစ် ဆောက်ထားတာ။ အရမ်းသားနားပြီး လှပါတယ်။ လျှောက်လမ်းလည်း အသစ် ပြန်ပြင်ထားသလိုပဲ။ ဒါပေမဲ့ မပြည့်စုံတာက လှေမစီးရင် ဧည့်သည်တွေက လျှောက်လမ်းပေါ်မှာပဲ လမ်းလျှောက်နိုင်မယ်။ စိမ့်မြေဆီသွားပြီး အနီးကပ် ထိတွေ့လို့ မရဘူး။ နဂိုက သိထားတဲ့ မြက်ပင်လယ်ကို ခြေနဲ့ နင်းလို့ရတယ် ဆိုတာနဲ့ ကွာနေတယ်။ ပျော်ရွှင်မှု အများကြီး လျော့သွားတယ်။


零落的花

ကြိုကြား ပန်းလေးတွေ

  မြက်ပင်လယ်ရဲ့ ရှုခင်း။ ဧပြီလ ပန်းပွင့်တဲ့ ရာသီ ဖြစ်နေပေမဲ့ ကြိုကြားကြိုကြား ပွင့်နေတဲ့ ပန်းလေးတွေက မြက်ချုံပုတ်ထဲမှာ ရောနေတယ်။ ပန်းပင်လယ်လို မဟုတ်ပါဘူး။ ရေနဲ့နီးတဲ့ နေရာတွေမှာ ရေမြက် ကျူပင်တွေ ယိမ်းနွဲ့နေတယ်။ လှေစီးပြီး ကြားကနေ ဖြတ်သွားရင် တောင်တန်းနဲ့ ကန်ရဲ့ အရသာကို ရနိုင်သေးတယ်။ အဝေးက တောင်တွေဟာ မြက်ပင်လယ်ရဲ့ ဘေးမှာ ရေးရေးလေး ရှိနေတယ်။ ရာသီဥတု မကောင်းတဲ့ အတွက် ရှုခင်းက ထင်သလောက် မလှဘူး။ တောင်ရဲ့ အရိပ်လည်း မြက်ပင်လယ်ရဲ့ အဆုံးမရှိ ကျယ်ပြန့်တဲ့ ရှုထောင့်ကို ထိခိုက်တယ်။ ကျွန်တော့် စိတ်ကူးထဲက စိမ့်မြေနဲ့ မတူဘူး။ အထဲမှာ လည်ပတ်နေချိန်မှာ ကျွန်တော် တပ်ထဲဝင်တုန်းက ဟေးလုံကျန်းမှာ တာဝန်ကျတဲ့ အချိန်ကို သတိရမိတယ်။ ကျွန်တော်တို့ တပ်စွဲထားတဲ့ နေရာ အနီးတဝိုက်က တောတောင်ထဲမှာ ဒီလို စိမ့်မြေမျိုး ပေါလို့။ ဧရိယာ ဒီလောက် မကြီးတာပဲ ရှိတယ်။ မတူတာကတော့ မြက်ကော်စောတွေ အပြင်လိုက်၊ အတုံးလိုက် ရှိနေတာပါပဲ။ အောက်မှာ ရေတွေနဲ့။ မြက်ပေါ်မှာ နင်းပြီး ယိုင်တိယိုင်တိုင်နဲ့ လမ်းလျှောက်တာ သတိမထားရင် ရေထဲ ကျသွားရော။ ရေထဲကျသွားတော့ ဖိနပ်လောက်ပဲစိုတယ်။ ညွန်ပျောင်းနဲ့ ရွှံ့နွံ မရှိဘူး။ အပင်စိုက်ရာမှာ ဒေသက သစ်တော ကြိုးဝိုင်းရဲ့ ကိရိယာကို သုံးတယ်။ ချိပ် ပါတဲ့ သံချွန်ကို မြက်ခင်းပြင်ထဲ ထိုးထည့်လိုက်ပြီး လက်၂ ဘက် အားစိုက်လိုက်ရင် ကျင်းကလေး ဖြစ်သွားတယ်။ ပျိုးပင်ကို ထိုးထည့်ပြီး ခြေထောက်နဲ့ တင်းအောင် ဖိလိုက်ရုံပဲ။

白鹭飞舞

ဗျိုင်းဖြူများ ပျံသန်း ယိမ်းကနေ

  မြက်ချုံထဲမှာ ရောင်စုံ ပန်းလေးတွေ မနည်းဘူး။ စိမ့်မြေရဲ့ ရှုခင်းဟာ အခုဟာထက် မညံ့ပါဘူး။ ကျွန်တော့်ကို လှပတဲ့ အတိတ်ထဲမှာ ယစ်မူးစေတယ်။ ဒီလောက် ဧရိယာကြီးတဲ့ စိမ့်မြေဥယျာဉ်ကို အခုမှ တွေ့ဖူးတာ။ ကျွန်တော်တို့ ဒေသမှာလည်း စိမ့်မြေဥယျာဉ်ဆိုတာ ရှိပေမဲ့ အရွယ်အစားနဲ့ ရှုခင်းကတော့ ယှဉ်လို့ မရဘူး။ အရမ်းကျေနပ်စရာ ကောင်းတာက ကျွန်တော် အဖြူရောင် ဗျိုင်းတွေကို တွေ့ရတယ်။ မြက်ကော်စော ပေါ်မှာ နိမ့်နိမ့်လေး ပျံတယ်။ ဆည်းဆာ နေရောင် နဲ့ အထီးကျန်တဲ့ ရေငှက် အတူ ပျံသန်းတဲ့ ခံစားမှုမျိုး ရှိနေတယ်။ လျှောက်လမ်းပေါ်မှာ သတ်မှတ်ထားတဲ့ ခရီးကို မြန်မြန် လျှောက်ပြီးတော့ မတူညီတဲ့ ရှုထောင့်ကနေ ဓာတ်ပုံရိုက်တယ်။ ဘာမှ အောက်မေ့စရာ မကျန်တော့မှ ရှုခင်းဇုန်ကနေ ထွက်ခွာပြီး ထိန်ချုံး စီရင်စု မြို့ကို ပြန်လာတယ်။ ကျွန်တော်တို့ရဲ့ ထိန်ချုံး ခရီးစဉ် တစ်ခုလုံးကို အဆုံးသတ်လိုက်ချိန်မှာ နေ့လည် ၁ နာရီလောက် ရှိနေပြီ။

  (ပုံ/စာသား။ jg1955 ၏ Sina blog)

【Sina ခရီးသွား ကြေညာချက်】ဤစာကို ခွင့်ပြုချက် မရှိဘဲ မည့်သည့် ဌာန နှင့် ပုဂ္ဂိုလ်မျှ တဆင့်မျှဝေခြင်း၊ ကောက်နုတ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အသုံးပြုခြင်း မပြုရ။


လောလောဆယ်ပထမဦးဆုံးဆောင်းပါး

ထိန်ချုံး ပေးဟိုင် စိမ့်မြေ---ရေပေါ် ပေါလော ပေါ်နေသော မြက်ခင်း