ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

ကြေညာချက် သတင်း ဗဟို မီဒီယာမှ တင်ဆက်

ပင်မစာမျက်နှာ-သတင်းအချက်အလက်-မီဒီယာမှ တင်ဆက်

05-15

2017

ထိန်ချုံး ပေးဟိုင် စိမ့်မြေ---ရေပေါ် ပေါလော ပေါ်နေသော မြက်ခင်း

ပေးဟိုင် စိမ့်မြေ   ထန်ကြားလိန်/ရိုက်ကူး


       တရုတ် ကွန်ရက် မေလ ၁၅ရက် သတင်း(သတင်းထောက်  ထန်ကြားလိန်)။ ထိန်ချုံးမှာ စီရင်စ မြို့ အနောက်မြောက်ဘက် ၁၂.၅ ကီလိုမီတာ အကွာတွင် ရေပေါ် ပေါလော ပေါ်နေသော မြက်ခင်း တစ်ပြင် ရှိသည်။ ၎င်းသည် ယူနန်ပြည်နယ်၏ တခုတည်းသော နိုင်ငံတော် စိမ့်မြေ ဘေးမဲ့ဇုန်ဖြစ်တဲ့---ပေးဟိုင် စိမ့်မြေ ဖြစ်သည်။ ပြီးခဲ့တဲ့ရက်က သတင်းထောက်တို့အဖွဲ့သည် ဤဆန်းကြယ်သော နေရာသို့ ရောက်ပြီး “လူသည် ပန်းချီကားထဲမှာ ရှိ”ဆိုတဲ့ ရှုခင်းကို ကိုယ်တိုင် ခံစားခဲ့သည်။


ပေးဟိုင် စိမ့်မြေသည် ကျွန်ုပ်တို့ နိုင်ငံမှ ပထမအသုတ် ထုတ်ပြန်ခဲ့သော နိုင်ငံတော် အလေးထား ကာကွယ်ရမည့် စိမ့်မြေ ၃၃ခုထဲမှ ၁ခု ဖြစ်ကြောင်း သိရသည်။ သက်နုမီးတောင် ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသည်။ ကုန်းမြင့်ဒေသ မီးတောင် ပိတ်ဆို့ကန်(barrier lake) ဂေဟစနစ် ရှိသည်။ ဇီဝ ပုံစံများပြား ရှုပ်ထွေးခြင်း၊ ထုတ်လုပ်မှု စွမ်းရည် မြင့်မားခြင်း စသည့် ဂုဏ်သတ္တိများ ရှိသည်။ “ပေါလောပေါ် မြက်ခင်း”ဆိုတဲ့ ဆန်းကြယ်ရှုခင်းကို ဖန်တီးသူမှာ မီးတောင်ပြာ ဖြစ်သည်။ မီးတောင် ပေါက်ကွဲခြင်းကြောင့် ကန်ရေပြင်တွင် ပေါလောပေါ်နေသော မီးတောင်ပြာ နှင့် ၎င်း၏ ပေါကြွယ်သော အော်ဂန်းနစ် ပစ္စည်းသည် သဘာဝ ပေါက်ပင် ပေါက်ရောက်နိုင်ရန်၊ ညွန်ပျောင်းပေါက် မြက်ပင်များ ရှင်သန်နိုင်ရန် တွန်းအားပေးခဲ့သည်။ ၎င်းတို့၏ အမြစ် နှင့် အမျှင်များသည် နှစ်ပေါင်း ထောင်သောင်းချီ ချိတ်ဆက်ငြိတွယ်ပြီး ဖြစ်လာသည်။ အထူမှာ ၁-၂ မီတာခန့် ရှိသည်။ ဒေသခံများက “မြက်တန်း”ဟု ခေါ်သည်။ ဤနေရာရှိ မြက်တန်း၏ အထူ နှင့် ကန်ရေ အနက်သည် တနိုင်ငံလုံးတွင် မြင်တွေ့ရခဲသည်။ ၎င်း၏ ထူးခြားသော ကုန်းမြင့်ဒေသစိမ့်မြေ သဘာဝ ဂေဟစနစ်သည် သိပ္ပံ ပညာ လေ့လာရေးအတွက် အလွန် တန်ဖိုးရှိသည်။


လမ်းရန်းကို ကိုင်ပြီး အဝေးသို့ ကြည့်လျှင် မြက်ပင်ပေါက်နေသော ညွန်ပျောင်း အပြင်လိုက်သည် ရေပေါ်တွင် ပေါလော ပေါ်နေသော မြက်ခင်းပြင်ကြီးနှင့် တူသည်။ ရောင်စုံ ပန်းများက မြက်တန်းပေါ်တွင် အလုအယက် ပွင့်လန်းနေသည်။ အဝေးက ကြည့်လျှင် ရောင်စုံ ကော်စောကြီး တစ်ချပ်လိုပါပဲ။ သတင်းထောက်သည် စိမ့်မြေအတွင်း လှေကလေးလှော်သည်။ “မြက်တန်း” အချပ်များသည် ရေပေါ်တွင် ပေါလော ပေါ်နေသည်။ သို့မဟုတ် မြက်ခင်း အပြင်လိုက် တောင်ခြေထိ ဆက်နေသည်။ သို့မဟုတ် ရေလယ်တွင် ရပ်နေပြီး မြက်ကျွန်းကလေး ပုံစံ ဖြစ်နေသည်။ ကြည်လင်သော ရေထဲတွင် အပင်၏ အမြစ် နှင့် အမျှင်များကို ထင်းထင်းရှင်းရှင်း မြင်နေရသည်။ လှေကလေး ဖြတ်သွားလျှင် ဗျိုင်းဖြူသည် မြက်ချုံကြားထဲမှ ရုတ်တရက် ထွက်လာပြီး ကျိကျိကျိ အော်ပြီးလျှင် အနီးတဝိုက် “မြက်တန်း” ထဲ ဒိုင်ဗင်ပစ်ပြီး ပြန်ဝင်သွားသည်။ ဘဲရိုင်းများလည်း စည်ကားလာသည်။ ရေပြင်ပေါ်ကနေ ပျောက်သွားလိုက်၊ ခဏနေကျ အဝေးတနေရာမှာ ခေါင်းပြန်ပြူထွက်လာလိုက်နဲ့…….


ရေပြင်ပေါ်တွင် လေနှင့်အတူ ယိမ်းနွဲ့နေသော မြက်တန်းသည် လူကို ယစ်မူးစေသည်။ လူများကို မြက်တန်းပေါ်တက်နင်းချင်စိတ် ဖြစ်စေသည်။ ဝန်ထမ်းများ၏ ပြောပြချက်အရ အနည်းငယ် ကြီးသော မြက်တန်းသည် လူ၏ အလေးချိန်ကို ခံနိုင်သည်။ ယခင်က ရွာသားများသည် မြက်တန်းကို လှော်ပြီး ကမ်း ၂ဘက်ကို သွားလာကြသည်။ သို့သော် လူများသည် မြက်တန်းပေါ် နင်းလိုက်သည်နှင့် ယိမ်းယိုင်ပြီး အောက်သို့ ချိုင့်သွားသည်ဟု ခံစားရသည်။ ရေများ ပတ်လည်မှ ရုန်းထွက်လာသည်။ ခြေလှမ်း ရွေ့လိုက်တော့ မြက်တန်းက တဖြည်းဖြည်း ပြန်ပေါ်လာပြီး နဂိုအတိုင်း ပြန်ဖြစ်သွားသည်။


လည်ပတ် သတင်းယူရာတွင် သတင်းထောက်သည် ယခုနှစ်များတွင် ပေးဟိုင် စိမ့်မြေ ထိန်းသိမ်းကာကွယ်ခြင်းကို ဒေသအစိုးရက အလွန် အလေးထားလာကြောင်း သိရသည်။ ထို့ကြောင့် စိမ့်မြေ ဂေဟ ပတ်ဝန်းကျင် ပိုမို ကောင်းမွန်လာသည်။ တချိန်တည်းမှာ အပင်စိုက်ပြီး သစ်တော ထူထောင်ခြင်း၊ သဘာဝ သစ်တော ကာကွယ်ခြင်း၊ စိုက်ပျိုးရေး နုတ်ထွက်ပြီး သစ်တော ပြန်ဖော်ခြင်း၊ စိမ့်မြေနေရာ ပြန်ပေးခြင်း စီမံကိန်းတို့ကို ဒေသခံများက ကြိုဆိုလက်ခံကြသည်။ လူ နှင့် သဘာဝ သဟဇာတ ဖြစ်စွာ နေထိုင်ရန် ကောင်းမွန်သော အခြေအနေ ဖြစ်လာသည်။


ဗျိုင်းဖြူ မြက်ကော်စောမှာ နိမ့်နိမ့်ပျံ၊ ထိန်ချုံး ပေးဟိုင် စိမ့်မြေ

ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို လွတ်လပ်ရေးနေ့တွင် ကျင်းပ