၂၀၁၄ခုနှစ် ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကို အောက်တိုဘာလ ၁ ရက်မှစ၍ ထိန်ချုံး ပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်တွင် ခမ်းနားစွာ ကျင်းပခဲ့သည်။ ဤအကြိမ် ယဉ်ကျေးမှု ပွဲတော်၏ ရည်ရွယ်ချက်မှာ ဧည့်သည်တော်များ ပေးဟိုင် စိမ့်မြေကို တပျော်တပါး လည်ပတ်သည့် တချိန်တည်းမှာ ထိန်ချုံး၏ နယ်စပ်ရိုးရာယဉ်ကျေးမှုကို သိရှိနားလည်ရန်၊ ထိန်ချုံးခရီးသွား လုပ်ငန်း၏ လုံးပေါင်း ပါဝင်မှုများကို မြှင့်တင်ရန်၊ ရှုခင်းဇုန်ကို ရိုးရာဓလေ့နှင့် ပူးပေါင်းပြီး ထိန်ချုံးခရီးသွား လုပ်ငန်း၏ အမှတ်တံဆိပ် ဖန်တီးရန် ဖြစ်သည်။
ယဉ်ကျေးမှု ပွဲတော်ကာလအတွင်း ပြခန်းနယ်မြေတွင် ပြခန်း ၁၇ ခု ဖွင့်ထားသည်။ ထိန်ရွဲ့ ရတနာ ၃ပါး၊ လျိုကျားကျိုက် သားရေ အရိပ်ဇာတ်၊ ရုံယန်ရွာ ဆီစိမ်စက္ကူထီး၊ လီစူးတိုင်းရင်းသား ဝတ်စုံ၊ ထိန်ချုံး လယ်သမား ပန်းချီ၊ တိုင်းရင်းသား တူရိယာ၊ ဖူရိ ဝါးရက်လုပ်ပစ္စည်း၊ ထိန်ချုံး ပိတ်စအောက်ခံ ဖိနပ်၊ ပန်းထိုးပစ္စည်း၊ ပန်းချီ၊ ကျောက်စိမ်း၊ မြေထည် ပစ္စည်း၊ ဝါးရက်လုပ်ပစ္စည်း စသည့် ထိန်ချုံး ရိုးရာ အရပ်ဘက် အနုပညာများကို အဓိက ပြသသည်။ တချိန်တည်းမှာ ရှုခင်းဇုန်၌ နေ့စဉ် ထိန်ချုံး ရိုးရာ အနုပညာ တေး၊ အကများကို ပြတ်တောင်း တင်ဆက်သည်။ ထို့ပြင် ထိန်ချုံး ဒေသထွက် စားကောင်းသောက်ဖွယ် ဈေးတန်း ဖွင့်လှစ်ထားသည်။ ထိန်းချုံးဆန်ခေါက်ဆွဲ၊ တိုဟူးသုတ်၊ စပ်ဖြဲ၊ ရွှင့်ကျန်း ဝက်သားကင် မြီးရှည်၊ မင်ကွမ်း နားရွက်သေး ဝက်၊ အအေး နှင့် တုတ်ထိုး အမျိုးမျိုး ရှိသည်။ (ပေါင်ရှန်း သတင်းကွန်ရက် သတင်းထောက် ကျောက်ရှောင်တုန်း)