ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

ကြေညာချက် သတင်း ဗဟို မီဒီယာမှ တင်ဆက်

ပင်မစာမျက်နှာ-သတင်းအချက်အလက်-သတင်း ဗဟို

09-17

2019

“ရေခဲပြင်” နဲ့ “ပင်လယ်ပူ” ဆုံဆည်းခြင်း။ ယူနန်ထိန်ချုံးတွင် ရေခဲပြင်ရွာကို တည်ဆောက်

ဗဟိုကွန်ရက် ပေါင်ရှန်းမှ မေလ ၂၅ ရက် သတင်း။ “ရေခဲပြင်” နဲ့ “ပင်လယ်ပူ” ဆုံဆည်းခြင်း။ တောင်ဘက် တောက်ပတဲ့ နေရောင်အောက်မှာ ရေပူစမ်း စိမ်ချိုးခြင်း၊ ဆီးနှင်း ကျတာကို ကြည့်ခြင်းသည် မည်သို့သော အတွေ့အကြုံ ဖြစ်မည်နည်း။ ဒီနှစ် မတ်လ ၁၅ ရက်နေ့တွင် ထိန်ချုံး ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာကို စတင် အုတ်မြစ်ချခဲ့သည်။ လက်ရှိတွင် ဝင်ရောက်ရန် ဆုံးဖြတ်ထားသည့် ကုမ္ပဏီပေါင်း ၃၀ ကျော် ရှိနေပြီ။


ထိန်ချုံး ပေးဟိုင် စိမ့်မြေ

  မီးတောင် ပင်လယ်ပူ၊ ကျောက်စိမ်းမြို့တော်၊ နာမည်ကြီး နိုင်ငံခြားရောက် တရုတ်နွယ်ဖွား၏ ဇာတိ၊ နယ်စပ် နံပါတ် ၁ မြို့တော်….ထိန်ချုံးသည် ယူနန်ပြည်နယ် အနောက်တောင်ဘက်စွန်းတွင် တည်ရှိသည်။ တရုတ်ပြည်မှ တောင်အာရှ၊ အရှေ့တောင်အာရှသို့ ချိတ်ဆက်သော အရေးကြီး တံခါးပေါက် နှင့် အချက်အချာ ဖြစ်သည်။ ထိန်ချုံး ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာ၏ ဧရိယာ တရုတ် Mu ၅၀၀၀ ရှိမည်။ ထိုထဲတွင် တည်ဆောက်ရန် အသုံးပြုမည့် မြေ ၁၀၅၀ Mu ရှိမည်။ ရှေးရွာအုပ်စု၊ ၄ ရာသီ ပန်းပင်လယ် အုပ်စု၊တောင်ပြေ အုပ်စု နှင့် ကမ်းနား အလှ အုပ်စု တို့ ပါဝင်မည်။ အသေးစိတ်မှာ မာအန်းတောင်၊ ရှိလန်ဘ ဆည်၊ နိုင်ငံတော် ရိုးရာ ကျေးလက် တုန်ကွမ်းရွာ စသည်တို့ ပါဝင်မည်။


ကောင်းလီကုန့်တောင်

  ပေါင်ရှန်းမြို့ ပါတီကောင်စီ အမှုဆောင် အဖွဲ့ဝင်၊ ထိန်ချုံးမြို့ ပါတီကောင်စီ ဥက္ကဌ ရန်ကျိန့်ရှောင်က “ထိန်ချုံး ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာ တည်ဆောက်ခြင်းသည် ‘သေးငယ်ပြီး ထူးခြား’၊ ‘သေးငယ်ပြီး လှပ’သော အခြေခံဖြင့် ထိန်ချုံး၏ ဖွံ့ဖြိုးရန် ဖြစ်နိုင်ချေကို အပြည့်အဝ ဖော်ထုတ်သည်။ ထိန်ချုံး၏ ရေပူစမ်းမြို့တော်၊ သမိုင်းဝင် စာပေ ဒေသ၊ ပြည်နယ်အဆင့် သမိုင်းယဉ်ကျေးမှု နာမည်ကြီးမြို့၊ ကျောက်စိမ်း စုစည်း ဖြန့်ချီနယ်မြေ၊ ကမ္ဘာ့ ဂေဟ ခရီးသွားရန် ဦးစားပေး ရွေးချယ်သော နေရာ စသည့် ထူးခြားချက် နှင့် အခြားနေရာ၌ မရှိသော အရင်းအမြစ် အားသာချက်ကို အသုံးပြုရန် ဖြစ်သည်”ဟု ညွှန်းဆိုပြောကြားခဲ့သည်။


ထိန်ချုံး ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာ အုတ်မြစ်ချ အခမ်းအနား

  ချီဒီး ဦးပိုင် ကုမ္ပဏီ အဆင့်မြင့် ဒု CEO ၊ ယူနန် ချီဒီး၏ မန်းနေးဂျင်း ဒါရိုက်တာ ချိန်ရီက ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာထဲတွင် အင်ဒိုး ရေခဲပြင် စကိတ်၊ ရေခဲပြင် စကီး စသည်တို့ကို ထည့်သွင်းခြင်းသည် ဧည့်သည်များအား ကောင်းကင်ပြာ တိမ်ဖြူအောက်တွင် မြောက်မှ တောင်သို့ “ရေခဲပြင် ဖူးစာ” ခရီးစဉ် ရရှိစေသည်။ “ရေခဲပြင်” နှင့် “ပင်လယ်ပူ” ဆုံဆည်းခြင်းသည် လူများကို အကန့်အသတ် မရှိ တွေးတောစေနိုင်သည်ဟု ပြောကြားသည်။


ယခုနှစ် နိုဝင်ဘာလတွင် ထိန်ချုံး၌ ဖုန်းမာ ဂီတပွဲတော် ကျင်းပမည်။

  ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာစီမံကိန်းတွင် ထိန်ချုံး ရှေးရွာဖြစ်သော “တုန်ကွမ်းရွာ” နှင့် ထိန်ရွဲ့ ရှေးရှုခင်း ၁၂ခုထဲမှ ၁ခု ဖြစ်သော “ဇရပ် တစ်ဝက်၊ ရေရှင်” ရှုခင်း ပါဝင်သည်။ ထို့ပြင် ထိန်ချုံးတွင် ထူးခြားသော လက်မှုပစ္စည်း ဥပမာ ဆီစိမ်စက္ကူ ထီး၊ တိုင် တိုင်းရင်းသား ပန်းထိုး၊ ခဲစက္ကူ ရိုက်ခြင်း စသည်တို့ ရှိသည်။ ထို့ပြင် ရိုးရာထူးခြားချက် ရှိသော အရပ်ဘက် တင်ဆက်မှုများလည်း ရှိသည်။ ဥပမာ တုန့်ကျင်း(ဂူကျမ်း) ရှေးဂီတ၊ ဝ တိုင်းရင်းသား ချင်း ဇာတ်၊ လီစူး တိုင်းရင်းသား “ဓားတောင် တက်၊ မီးပင်လယ် ဆင်း”…. “ထိန်ချုံးဒေသ၏ ရိုးရာယဉ်ကျေးမှု ထူးခြားချက်ကို အပြည့်အဝ ဖော်ထုတ်ပြီး ချင်းဟွာ နှင့် ချီဒီးနည်းပညာ၊ အားသာချက် ရှိသော အရင်းအမြစ်များကို တင်သွင်းပြီး တမူထူးခြားသော အနုပညာ ဖန်တီးမှု လုပ်ငန်းကို လုပ်ကိုင်မည်။ ဤသည်မှာ ထိန်ချုံး ချီဒီး နိုင်ငံတကာ အနုပညာ ဖန်တီးမှု ရေခဲပြင်ကျေးရွာသည် လုပ်ငန်းဖြင့် ကျေးရွာကို ဖွံ့ဖြိုးစေသော နောက်ထူးခြားချက် တစ်မျိုး ဖြစ်မည်။”ဟု ချိန်ရီက ပြောသည်။


ထိန်ချုံး

ထိန်ချုံး ကျဲ့ထို ဆီမုန်ညင်း

  ယနေ့ထိ ကုမ္ပဏီဖြင့် ကုမ္ပဏီကို ဖိတ်ခေါ်၊ ကုမ္ပဏီဖြင့် ဥာဏပစ္စည်းကို ဖိတ်ခေါ်သော နည်းဖြင့် ချင်းဟွာ နှင့် ချီဒီး၏ အရင်းအမြစ်တို့ကို စုစည်းကာ ကျေးရွာသို့ ချင်းဟွာတက္ကသိုလ် အသက်သိပ္ပံ (Life science) နည်းပညာ၊ ထိုင်းနိုင်ငံ လန်စီ တက္ကသိုလ် အရှေ့တိုင်း ဆေးကောလိပ်၊ ချင်းဟွာ အင်တာနက် လုပ်ငန်း သုတေသနဌာန၊ ချင်းဟွာတက္ကသိုလ် လူမှုသိပ္ပံကောလိပ်၊ ချင်းဟွာတက္ကသိုလ် ပန်းချီပညာ ကောလိပ်၊ ဗဟို ပန်းချီပညာ ကောလိပ်၊ ဖုန်းမာ ဂီတ ပွဲတော်၊ ခန်းဟွေး ခရီးသွား၊ ထူကြား၊ ချင်းဟွာ အနုပညာ ဖန်တီးဌာန စသည့် ဌာနပေါင်း ၃၀ ကျော် လာရောက် အခြေစိုက်ရန် ဖိတ်ခေါ်နိုင်ခဲ့ပြီ။ ထို့ပြင် ယခုနှစ် နိုဝင်ဘာလတွင် “ဖုန်းမာ ဂီတ ပွဲတော်” ကျင်းပမည်။ လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်းလည်း ကျင်းပမည်။ ယဉ်ကျေးမှုကို ခေတ်သစ် လူနေမှုဘဝသို့ ရောနှော ဝင်ရောက်ရန် အားပေးမည်။



သာယာတဲ့ ရေထဲ လွှင့်မျှောပြီး အလှဆုံး ထိန်ချုံး စိမ့်မြေကို အဝကြည့်

နွေဦးရာသီ အစောပိုင်း ၂လပိုင်းမှာ ထိန်ချုံးတွင် အနှိုင်းမဲ့ နွေဦး ရှုခင်းများ ဖြာကျ