ပိတ်ရက် မရောက်ခင် ဘယ်မှာသွားလည်မလဲ ဆိုတာကို စဉ်းစားရတာ ဦးနှောက်ဆဲလ်တွေ ဘယ်လောက် သေသွားမှန်းတောင် မသိဘူး။ တကယ်ဆို အကြိုက်ဆုံးနေရာက အမိမြေရဲ့ အနောက်တောင်ဘက်စွန်း တောတောင် ရေမြေအကြားပါပဲ။ မြက်ခင်း၊ သစ်တောပင်လယ်၊ ရေပြင်စိမ်းစိမ်း၊ ကောင်းကင်ပြာပြာ……
ဒီတခါ ရွေးချယ်တာက ယူနန် ထိန်ချုံးပါပဲ။ ဒီနေရာရဲ့ အပူချိန် ပြောင်းလဲမှု သိပ်မရှိပါဘူး။ ၂၀ ဒီဂရီ ရှိတဲ့ အပူချိန်ဟာ အလွန် နေလို့ကောင်းပါတယ်။ ထိန်ချုံးကို ရောက်တာ အိမ်ရောက်တဲ့ အတိုင်းပဲ…ဒီကို လာလည်မယ့် မိတ်ဆွေတွေ အနွေးထည် အပါးလေးတွေ ယူလာရင် ရပြီ။
တကယ်တော့ ဘာပြောရမှန်း မသိပါဘူး။ ဒီနေရာ ရောက်ပြီးနောက် ရင်ထဲမှာ ဆိတ်ငြိမ်ခြင်းပဲ ရှိတော့တယ်။ လေကလေးက ပြေပြေ၊ တိမ်ကလေးက ပေါ့ပေါ့၊ ကန်ရေ ကြည်ကြည်၊ မြက်ခင်းပင်လယ်က စိမ်းစိမ်း….
ဒီနေရာမှာ နေရောင်ခြည်က အရမ်း လှနေတယ်။ စိတ်ကူးထဲက မေလဟာ မိုးဖွဲဖွဲ ရွာမယ့် ရာသီ--ကျောက်ပြားပေါ်မှာ အစားပုတ်တဲ့ ကြောင်တစ်ကောင် နားနေတယ်။ ရေစက် ကျနေတဲ့ တံစက်မြိတ်ဟာ လူတစ်ယောက်ယောက် ပြန်လာတာကို စောင့်နေတယ်။ အဝေးက တံတားကလေးပေါ်မှာ ဆီစိမ်စက္ကူထီးလေး စောင်းထားတဲ့ မိန်းကလေး တစ်ယောက်ကို ရေးရေးလေး မြင်နေရတယ်။ သူသည် မိတ်ကပ် ဖျော့ဖျော့ လိမ်းထားတာ နေမှာပါ။ အနီရောင် နှုတ်ခမ်း၊ အစိမ်းရောင် ဂါဝန်နဲ့။ အဝေးကို မျှော်ကြည့်နေတယ်။ မျက်စိ တဆုံးမှာ နယ်မြေရပ်ခြား သွားနေတဲ့ ကောင်လေးဟာ အရာရာကို ထားခဲ့တော့မလိုပါပဲ။ ကျွန်မသည် ကျွန်တော် စီစဉ်ထားတဲ့ စိတ်ကူးထဲကို အမြဲဝင်ဝင်သွားတတ်ပြီး လက်တွေ့ကို ပြန်ပြီး စိတ်ဓာတ် ကျတတ်တယ်။ ဒီအတွက် ကျွန်မ တော်တော် စိတ်ညစ်ခဲ့တယ်။ ဒါပေမဲ့ ထိန်ချုံး ပေးဟိုင် စိမ့်မြေရဲ့ အလှဟာ ကျွန်မ ရင်ထဲက သောက ဖျော့ဖျော့လေးကို ဖြေဖျောက်ပေးခဲ့တယ်….
သစ်သား လှေကလေး တစ်စင်း တကျိကျိနဲ့။ သစ်သား လျှောက်လမ်း တစ်ကြောင်း ယိမ်းယိမ်းနွဲ့နွဲ့….
သစ်သား လှေပေါ်မှာ လှေသမားက ကျွန်မ နားမလည်တဲ့ တောသီချင်း ဆိုနေတယ်။ ဒါပေမဲ့ သူမျက်နှာပေါ်မှာ ရိုးရှင်းတဲ့ ပျော်ရွှင်မှုကို တွေ့ရတယ်….
ဒီနေရာကို ရောက်လာတဲ့သူဟာ ကံကောင်းတဲ့ သူတွေပဲ။ ဒီနေရာရဲ့ လေထုဟာ ဖောက်သွင်းမြင်ရလောက်အောင် ကြည်လင် နေတယ်။ နှလုံးသားကို ဆေးကြော၊ အဆုတ်ကို ဆေးကြော၊ မြို့ပြမှာ စုစည်းထားတဲ့ ကိလေသာကို ဆေးကြော….
ဒီမှာပဲ တစ်သက်လုံး နေချင်တယ်။ သစ်သား လျှောက်လမ်းပေါ်မှာပဲ လမ်းလျှောက်မယ်။ သစ်သား လှေကလေးမှာပဲ လွှင့်မျှေမယ်…..