ထိန်ချုံးသည် အမိမြေ၏ အနောက်တောင်ဘက်စွန်းတွင် ကွပ်ထားသော ပုလဲလုံး တစ်လုံး ဖြစ်သည်။ ယူနန်၏ အနောက်ဘက်တွင် တည်ရှိပြီး တရုတ်ပြည်မကြီး၏ တစ်ခုတည်း မီးတောင်မြေပူ ပြိုင်တူ ရှိသော ဒေသ ဖြစ်သည်။ မီးတောင်မြေပူ၏ အရွယ်အစား ကြီးမားသည်။ ကမ္ဘာပေါ်တွင် တွေ့ရခဲသည်။ နာမည်ကြီး ကဗျာဆရာမ လီရင်းက ထိန်ချုံးကို ဤသို့ ပြောသည်။ ဒီနေရာမှာ မီးတောင် အလုံး ၉၀၊ စိတ်လှုပ်ရှားမှု အဆ ၉၀ ရှိ၊ ဒီနေရာမှာ ရေပူစမ်း ၈၀ ရှိ၊ တက်ကြွမှု ၈၀ ဆ ရှိ။ ထိန်ချုံးတွင် နာမည်ကြီး ရှုခင်းနေရာများစွာ ရှိသည်။ ဥပမာ နတ်တိုင် ဂူ၊ ပေးဟိုင် စိမ့်မြေ၊ တေးရွှေဟော် ရေတံခွန် စသည်တို့သည် မီးတောင် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော ပစ္စည်း ဖြစ်သည်။ ဤနေရာတွင် ဟန့်၊ ဟွေ့၊ တိုင်၊ ဝ၊ လီစူး၊ အားချန်း စသည့် တိုင်းရင်းသား ၂၅ မျိုး နေထိုင်ကြသည်။ ထိန်ချုံးမြို့သည် အပူပိုင်း မုတ်သုန် ရာသီဥတု ဖြစ်သည်။ ကုန်းမြေ ရာသီဥတု နှင့် ပင်လယ် ရာသီဥတုတို့၏ အားသာချက်ကို တသားတည်း ဖြစ်အောင် ပေါင်းစပ်ထားသည်။ ဆောင်း နှင့် နွေဦးရာသီတွင် မိုး မရွာဘဲ ရာသီဥတု နွေးထွေးသည်။ နွေ နှင့် ဆောင်းဦးသည် မိုးရွာတဝက်၊ နေပူတဝက် ဖြစ်သည်။ တစ်နှစ်တာ ပျှမ်းမျှ မိုးရေချိန် ၁၅၃၁ မီလီမီတာ ရှိသည်။ တစ်နှစ်တာ ပျှမ်းမျှ စိုထိုင်းမှုမှာ ၇၇% ဖြစ်သည်။ ဆောင်းရာသီ၏ အနိမ့်ဆုံး အပူချိန်သည် 0℃ ထက် မနိမ့်ပါ။ အအေးဒဏ် ရှောင်ရန် နေရာ ဖြစ်သည်။ နွေရာသီ၏ အမြင့်ဆုံး အပူချိန် 30℃ ထက် မကျော်ပါ။ အပူဒဏ် ရှောင်ရန် နေရာလည်း ဖြစ်နိုင်သည်။ “လူသား နေထိုင်ရန် အလွန် သင့်လျော်သော နေရာထဲမှ တစ်ခု” အဖြစ် ရွေးချယ်ခံရသည်။ နယ်မြေအတွင်း လေထု အရည်အသွေး ကောင်းမွန်သည်။ ၁ ကုဗ စင်ဒီမီတာတွင် ပျှမ်းမျှ အနုတ် အောက်ဆီဂျင် အိုင်ယွန်(Negative oxygen ion) ၃၈၂၇ ခု ပါဝင်သည်။ အများဆုံး ၃၈၀၀၀ခု ပါဝင်သည်။ PM2.5 သည် 10 ထက် နည်းသည်။ “သဘာဝ အောက်စီဂျင်ဘား”ဟု ခေါ်တွင်ခံရသည်။