ထိန်ချုံးကို ရှေးအခါက “ထိန်ရွှဲ့”ဟု ခေါ်သည်။ မီးတောင်ချော်ရည် အေးခဲပြီး ဖြစ်လာသော နေရာ ဖြစ်သည်။ လှပသော ရှုခင်းဖြင့် ပြည့်နက်နေသည်။ နေရာတိုင်းတွင် ဆွဲဆောင်မှုဖြင့် ပြည့်နက်နေသည်။ ထိန်ချုံးသည် အနောက်တောင်ဘက် ပိုးလမ်းမ၏ အရေးကြီး ဂိတ်ပေါက် ဖြစ်သည်။ တချိန်တုံးက ယူနန် အနောက်ဘက်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှုတို့၏ ဗဟိုများထဲမှ တစ်ခု ဖြစ်သည်။ စစ်ဗျူဟာအရ အဓိက သိမ်းပိုက်ရမည့် နေရာ ဖြစ်သည်။ ထူးခြားသော ပထဝီ ပတ်ဝန်းကျင်ကြောင့် သဘာဝ တရားကြီးမှ လှပသော ရှုခင်းများစွာ ထုဆစ်ထားသည်။ ရှေးအခါက လူများ ထိန်ရွှဲ့ကို မိတ်ဆက်ရန် ရှုခင်း၊ ရှုခင်းဇုန်များကို ဆန်ခါတင် ရွေးချယ်၊ စုစည်းပြီး ဆရာ ဒုစိမ်း ရေးသားသော “ထိန်ရွှဲ့ရှုခင်း ၁၂ခု” သီချင်းဖြင့် ကိုယ်စားပြုသည်။ အရပ်ဘက်တွင် ကျယ်ပြန့်စွာ သီဆိုကြသည်။ ဤသီချင်းထွက်လာသည်နှင့် လူကြိုက်များကြပြီး ယနေ့ထိ သီဆိုလာကြသည်။ ယခုအခါ ထိန်ရွှဲ့ ရှေးရှုခင်း ၁၂ခုကို အောက်ပါအတိုင်း မှတ်တမ်းတင်ထားသည်။
လာဖုန့် မြူခိုး
ရိချွမ်၏ လ
ခြုံမိုတောင်၏ ဆည်းဆာ
လုံချုံချောင်ရင်(စုစည်းပြီး တိမ်ဆီသို့)
ပင်လယ်ပူ တစ်ခု
တိမ်လှေကား ၃ ခေါက်
တာ့တုန့် ရေပူစမ်း
ဇရပ်တစ်ဝက် ရေရှင်
နဂါးဂူ ခန်းဆီး
တန်ခိုးကန်၊ မှန်ကြည်
ဘောပင် တောင်ထိပ် ရေခဲပြင်
မိုင်ပေါင်း သောင်းချီသော သက်တံ့တောင်
ထိုထဲတွင် “လုံချုံချောင်ရင်(စုစည်းပြီး တိမ်ဆီသို့)” သည် ထိန်ချုံးပေးဟိုင် စိမ့်မြေ ရှုခင်းဇုန်၌သာ ရှိသော ရှေးရှုခင်း ၁၂ခုထဲမှ ၁ခု ဖြစ်သည်။
လုံချုံတောင်သည် ထိန်ချုံးပေးဟိုင် စိမ့်မြေ ရှုခင်းဇုန် အရှေ့ရှိ တောင် ၂လုံး ဖြစ်သည်။ စီရင်စုမြို့နှင့် ၁၂ ကီလိုမီတာ ကွာသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၇၈၃ မီတာတွင် ရှိသည်။ မင်ခေတ်တွင် လုံချုံတောင်ထိပ်၌ ဘုံကျောင်း ၁ ကျောင်း ဆောက်ခဲ့သည်။ “ချောင်ရင်(တိမ်ဆီသို့)ကျောင်း” (နောက်ပိုင်းတွင် မိုးကြိုးပစ်သောကြောင့် တောင်ကုန်းအလယ်သို့ ပြောင်းရွေ့)ဟု အမည်ပေးခဲ့သည်။ ပထဝီ ပညာရှင်၊ ခရီးသွား ပညာရှင်၊ စာပေ ပညာရှင် ရွှီရှာခက်က ထိန်ရွှဲ့သို့ လာရောက် လည်ပတ်စဉ် ဤကျောင်းတွင် တည်းခဲ့သည်။ ၎င်း၏ ခရီးသွား မှတ်တမ်းတွင် အသေးစိတ် မှတ်သားထားသည်။ ကူမင်တန် ပါတီခေတ် ခေါင်းဆောင်ဟောင်း လီကိန်းယွမ်က ဤနေရာတွင် ရေးခဲ့သော “လုံချုံချောင်ရင်(စုစည်းပြီး တိမ်ဆီသို့)”ဟူ စာလုံးကြီး ၄လုံးသည် ယနေ့ထိ ကျောင်းအတွင်းမှ ကျောက်ပြားပေါ်တွင် ကောင်းမွန်စွာ ထိန်းထိမ်းထားဆဲ ဖြစ်သည်။ ခေတ်အဆက်ဆက်မှ စာပေသမားများ ဤနေရာသို့ လာရောက်လည်ပတ်ပြီး စာများစွာ ရေးသားခဲ့သည်။ ဤတန်ဖိုးကြီးစာများသည် နှစ်များစွာ ဖြတ်သန်းလာပြီး ထိန်ချုံးစာပေယဉ်ကျေးမှု၏ အတက်အကျကို သက်သေပြုခဲ့သည်။ ဧည့်သည်များ ရှုမျှော်ရန် ငြိမ်သက်စွာ ရပ်တည်နေဆဲ ဖြစ်သည်။
စုစည်းပြီး ကြီးမား ထည်ဝါ၊ အနောက်ဘက်ကို အုပ်စိုး၊ မင်္ဂလာ မြူမှိုင်း မိုးနှင့် မြေကို ချိတ်ဆက်
တောင်ပေါ်မှ ရွာများ၏ မျက်စိ ကွယ်ထားသဖြင့် ပန်းကြွေ၊ မြင်းခွာခြင်းကို မကြားရ။
ရှေးဘုံကျောင်း မနက်ခင်းမှာ နေရောင်မရ၊ မိုးမရွာတဲ့ တောင်ထိပ်မှာ အမြဲ မြူခိုးတွေ မှိုင်းနေ