ထိန်ချုံးပေးဟိုင် စိမ့်မြေကို ပေးဟိုင်(ပင်လယ်ဖြူ) နှင့် ချင်းဟိုင်(ပင်လယ်စိမ်း)ဟူသော ကန် ၂ခုဖြင့် ဖွဲ့စည်းထားသည်။ ပေးဟိုင်သည် သဘာဝအလျှောက် တစ်နှစ်ပတ်လုံး ညွန်ပျောင်း ဖြစ်နေသည်။ ကုန်းမြင့်ဒေသ မီးတောင် ပိတ်ဆို့ကန် စနစ် ဖြစ်သည်။ ချင်းဟိုင်သည် ပေးဟိုင်၏ အရှေ့ဘက် တောင်တန်းများအကြားတွင် တည်ရှိသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၉၆၀ မီတာတွင် တည်ရှိသည်။ တောင်ကုန်းဒေသ ကန် ဖြစ်သည်။ အက်စစ်ဓာတ် အပျော့ကန် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၃ခုသာ ရှိသော အက်စစ်ဓာတ်ကန်ထဲမှ တစ်ခု ဖြစ်သည်။ “တန်ခိုးကန်၊ မှန်ကြည်”ဟု တင်စားခံရသည်။ ဒေသခံများအကြား “ပေးဟိုင် အဆုံးမရှိ၊ ချင်းဟိုင် အနက် မသိ”ဟူသော ဆိုရိုးစကား ရှိသည်။ ပေးဟိုင် နှင့် ချင်းဟိုင်သည် မြေအောက်ချောင်းတွင် ချိတ်ဆက်နေသည်။ သို့သော် ယခုအခါ လုံးဝ မတူညီသော နည်းဖြင့် ရှင်သန် ရပ်တည်နေကြသည်။ ပေးဟိုင်သည် တနိုင်ငံလုံးတွင် နာမည်ကြီး နေသော်လည်း ချင်းဟိုင်သည် မိန်းမပျိုအဆောင်ထဲတွင် ပုန်းအောင်းနေပြီး မိမိဘာသာ သက်တောင့်သက်သာ ရှိနေသည်။ လောကကြီးနှင့် မည်သည့် ယှဉ်ပြိုင်မှုမျှ မရှိဘဲ ရပ်တည်နေသည်။
ထို့ပြင် ထိန်ချုံးပေးဟိုင် စိမ့်မြေ နှင့် ချင်းဟိုင်ကန်တို့အကြား ဒီလိုပုံပြင်လေး တစ်ခု ရှိနေသေးတယ်။ နဂါးဖြူလေးသည် ပေးဟိုင် စောင့်နတ် ဖြစ်တယ်။ နဂါးစိမ်းလေးသည် နဂါးမင်း၏ သမီးလေး ဖြစ်ပြီး ငယ်ငယ်ကတည်းက နဂါးဖြူနှင့် ချစ်ကျွမ်းဝင်ခဲ့တယ်။ နဂါးဖြူလေးက ပေးဟိုင်ကို ပြန်လာတော့ နဂါးစိမ်းလေးက ချစ်သူကို နေ့တိုင်း လွမ်းနေပြီး တနေ့တခြား ပိန်ချုံးလာတယ်။ ဒါနဲ့ သူ တစ်ယောက်တည်း အိမ်ကနေ နဂါးဖြူလေးစီ ထွက်ပြေးလာတယ်။ အတူနေကြတော့ ပျော်လို့မဆုံးပေါ့။ ဒါပေမဲ့ သာယာပျော်ရွှင်ချိန် တိုတောင်းလွန်းတယ်။ နဂါးမင်း သိသွားတော့ နဂါးစိမ်းလေးကို နဂါးနန်းတော်ဆီ အတင်း ပြန်ခေါ်သွားတယ်။ နဂါးနန်းတော် ပြန်ရောက်တော့ သူ့ကို နဂါးအမည်းလေးနဲ့ ပေးစားတယ်။ နဂါးစိမ်းလေးက နဂါးမင်းကို မလွန်ဆန်နိုင်တော့ နဂါးမင်းဆီမှာ တစ်ရက် အချိန် တောင်းတယ်။ နဂါးမင်းက သဘောတူလိုက်တယ်။ မင်္ဂလာ မဆောင်ခင် တစ်ရက်မှာ နဂါးစိမ်းလေးက ပေးဟိုင်ကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ သူ အနားမကပ်ရဲဘူး။ နဂါးဖြူနဲ့ တွေ့ပြီး မပြန်ချင်တော့မှာ စိုးလို့။ သူ အဝေးကနေ နဂါးဖြူလေးကို ကြည့်ပြီး မျက်ရည်တွေ မဆယ်နိုင်။ မျက်ရည်တွေ မြေကြီးပေါ်ကျတော့ ရုတ်တရက် မိုးကြိုးပစ်၊ မိုးကြီးလေကြီးနဲ့ အသံကျယ်ကြီး တစ်ချက်မြည်ပြီး မြေပြိုသွားတယ်။ ရေတွေ ပန်းထွက်လာတယ်။ တောင်ကြား တစ်ခုလုံး ရုတ်တရက် ရေကန် တစ်ခု ဖြစ်သွားတယ်။ နဂါးစိမ်းလေးက ရေထဲခုန်ချလိုက်ပြီး ချင်းဟိုင်မှာပဲ နေခဲ့လိုက်တယ်။ ဒါဟာ ချင်းဟိုင်ကန်ပါပဲ။ ဒေသခံတွေက ပြောတယ် မိုးရွာတဲ့ အခါတိုင်းသည် သူတို့နှစ်ယောက် တွေ့ကြတဲ့ အချိန်ပဲတဲ့။ ချင်းဟိုင်သည် ကုန်းမြင့်ဒေသကန် ဖြစ်တယ်။ ကန်ရေသည် အက်စစ်ဓာတ် အပျော့ကန် ဖြစ်တယ်။ ပေးဟိုင်၏ ကန်ရေသည် အယ်ကာလိုင်း အပျော့ ဖြစ်တယ်။ မိုးရွာတဲ့ အခါတိုင်း ပေးဟိုင်ကန်ရဲ့ ရေသည် ချင်းဟိုင်ကန်ရဲ့ ထိရောက်မှုကြောင့် အက်စစ် အပျော့ ဖြစ်သွားတယ်။ လူများက ပြောတယ်။ လူငယ်နှစ်ယောက်ဟာ အဲဒီမှာ လက်ခုပ်နဲ့ ရေကို အတူခတ်ယူလိုက်တာနဲ့ သာယာ ချိုမြိန်တဲ့ အချစ်ကို ရသွားမယ်တဲ့။