ဟော်ရွှင့်ကျေးရွာသည် ထိန်ချုံး စီရင်စုမြို့ အနောက်တောင်ဘက် ၃ ကီလိုမီတာ နေရာတွင် တည်ရှိပြီး ရှေးနာမည်မှာ “ရန်ဝင်းတွင်း” ဟုခေါ်သည်။ ချောင်းကလေးဟာ ရွာကို ပတ်ပြီး ဖြတ်သွားတဲ့အတွက် “ဟော်ရွှင့်(ချောင်း ဖြောင့်ဖြူး)”ဟု အမည် ပေးခဲ့သည်။ နောက်ပိုင်းတွင် “ရှိဟော်မင်ရွှင့် (တပ်သား စည်းလုံး ပြည်သူ နာခံ)”ဟူသော အဓိပ္ပာယ်ဖြင့် ယခုအမည် ဖြစ်လာသည်။ ယခုအခါ ဟော်ရွှင့် ကျေးရွာဟု ခေါ်သည်။ တရွာလုံးတွင် လူဦးရေ ၆၀၀၀ ကျော်ရှိသည်။ နိုင်ငံခြားတွင် နေထိုင်သော ဟော်ရွှင့်သား ၁၂၀၀၀ ကျော်သည်။ ယူနန်၏ နိုင်ငံခြားရောက် တရုတ် နွယ်ဖွားများ၏ ဇာတိ ကျေးရွာအဖြစ် နာမည်ကြီးသည်။
၂၀၀၅ခုနှစ်တွင် ဗဟိုရုပ်မြင်သံကြားဌာန(CCTV) က တရုတ် ဆွဲဆောင်မှု ရှိသော နာမည်ကြီး ကျေးရွာ ရွေးချယ်ပွဲ ကျင်းပရာ ဟော်ရွှင့်သည် တောင်အာရှကို မျက်နှာမူတဲ့ ပထမ ကျေးရွာ၊ မီးတောင်တွေ ဝန်းရံနေတဲ့ အပန်းဖြေရန် နေရာ၊ မြင်းအဖွဲ့ကြီးမှ သယ်လာသော ကျောက်စိမ်းမြို့တော်၊ ဟန့် ယဉ်ကျေးမှု နှင့် တောင်အာရှ ယဉ်ကျေးမှု၊ အနောက်တိုင်း ယဉ်ကျေးမှု ရောနှောပေါင်းစပ်သော ပြတင်းပေါက်၊ နေထိုင်သူ ဒေသခံ ဦးရေ ၆ ထောင်ကျော်က သဟဇာတ ဖြစ်စွာ နေထိုင်သော ရှေးခေတ်ရွာ ရှုခင်းဟူသော ဆွဲဆောင်မှုကြီး ၆ခုဖြင့် တရုတ် နာမည်ကြီး ဆွဲဆောင်မှု ရှိသော ဆန်ခါတင် ကျေးရွာ ၁၀ ရွာထဲတွင် ပါဝင်ခဲ့ပြီး တစ်ခုတည်းသော တစ်နှစ်တာ ဆုကြီးကို ရရှိခဲ့သည်။
ဟော်ရွှင့်သည်လည်း အနောက်တောင် ပိုးထည် လမ်းမ၏ အဓိက နေရာတွင် တည်ရှိသည်။ ဖွံ့ဖြိုးမှု သမိုင်း နှစ်ပေါင်း ၆၀၀ ကျော် ရှိသည်။ ဤနေရာတွင် တောတောင်ဝန်းရံ၊ ရေမြေ ရစ်ပတ်နေပြီး လယ်ကွင်း ကျယ်ပြန့်၊ မိုးမခပင်များ မြူခိုးရစ်ပတ်နေ၊ ကြာကန်မှ ရနံ့ သင်းနေ၊ နေအိမ်များက လှပတဲ့ တောတောင်ရေမြေနဲ့ အပြန်အလှန် ရောင်ပြန်ဟက်နေပြီး သဟဇာတ ဖြစ်သော ကျေးလက် ပန်းချီတစ်ချပ် ဖြစ်လာသည်။ “တောင်ဘက်ဒေသ သရဖူ”ဟု တင်စားခံရသည်။ ဟော်ရွှင့် မျိုးဆက်များသည် စားဝတ်နေရေးအတွက် နယ်ခြားသို့ သွားပြီး အိပ်မက်နောက် လိုက်ကြသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ နှင့် အခြားနိုင်ငံများတွင် ခြေရာများ ထပ်နေသည်။ ၎င်းတို့သည် ယူနန်၏ ရှေးအကျဆုံး နိုင်ငံတကာ ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ နာမည်ကြီး ရိချွင် အလယ်တန်းကျောင်း၊ ဟော်ရွှင့် စာကြည့်တိုက်တို့ကို တည်ထောင်ခဲ့သည်။ စီးပွားရေး၊ ယဉ်ကျေးမှုတို့၏ ထိရောက်မှုကြောင့် ဟော်ရွှင့်သမိုင်းတွင် လူ့ယဉ်ကျေးမှု များစွာ ထိန်းကားခဲ့သည်။ ကုန်သည်ကြီး ရင်ရုန်း၊ ကျောက်စိမ်းဘုရင် ကျန်းပေါင်ထင်၊ ကျန်းလန်ထင်၊ ချိန့်ဟိုင်ထင်း၊ ကူမင်တန်ပါတီခေတ် လူကြီး လီရွဲကိုင်း၊ နာမည်ကြီး ကားလ်မတ် ဝါဒ ဒဿနိက ပညာရှင် အိုက်စီးချီ၊ နာမည်ကြီး ပညာရေး ပညာရှင် ချိန့်ရှုရှိန်း စသည့် လူတော် အများအပြားကို မွေးထုတ်ပေးခဲ့သည်။ ကွန်ဖြူးရှပ် ဝါဒ နှင့် စီးပွားရေး တသားတည်း ကျပြီး ဆရာသမားကို ရိုသေ၊ ဘာသာရေးကို အလေးထား၊ နိုင်ငံတော် နှင့် ဇာတိကို ချစ်မြတ်နိုးကြသည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာပြီး ထူးခြားသော နိုင်ငံခြားရောက် တရုတ်နွယ်ဖွားများ၏ ဇာတိ ယဉ်ကျေးမှု ဖြစ်လာသည်။
ဟော်ရွှင့်သည် ယူနန်၏ ယဉ်ကျေးမှု ဂေဟကျေးရွာ ၄ခုထဲမှ ၁ခု ဖြစ်သည်။ စီစီရီရီ ရှိနေသော လူနေအိမ် အဆောက်အဦးများက ရှေးကျသော မီးတောင် စင်ပေါ်တွင် တည်ရှိနေသည်။ ကြီးကျယ်ခမ်းနားသော အဆောက်အဦး အုပ်စုသည် ဟန်ပန်အမျိုးမျိုးဖြင့် လူကို ဆွဲဆောင်နေသည်။ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ဝိန်ချန်းကုန်းကျောင်း၊ ယွမ်လုံကယ် ကျောင်း၊ ကျုံးထန်းကျောင်း၊ စာကြည့်တိုက်၊ ထူးခြားသော ဝရန်တာ၊ ရှေးအုတ်တံတိုင်း၊ မုခ်များ နှင့် ရွာပတ်လည် ချောင်းဘေးမှ အဝတ်လျှော် ဇရပ်များ၊ ဂငယ်ပုံ တံတား၊ နှင့် မျိုးနွယ်ကြီး ၈ခု၏ မျိုးနွယ် ဓမ္မာရုံ စသည်တို့သည် ဟော်ရွှင့်၏ ပုံစံများပြားစုံလင်သော ယဉ်ကျေးမှု ထူးခြားချက်ကို ဖော်ပြနေသည်။ နက်နဲသော သမိုင်းယဉ်ကျေးမှုများစွာကို စုဆောင်းထားသည်။ နက်နဲသော လူ့ယဉ်ကျေးမှု အနံ့အသက် နှင့် လယ်ထဲ နွားကျောင်းသား သီချင်းပုံစံ ရှုခင်းများ အလွန်လိုက်ဖက်နေသည်။ ယခု၏ ဟော်ရွှင့်သည် ဆွဲဆောင်မှု အပြည့် ရှိနေသည်။ “ရှုခင်းကို ကာကွယ်ခြင်း၊ ယဉ်ကျေးမှုကို ပေါ်လွင်စေခြင်း၊ တွဲဖက် အနည်းငယ် လုပ်ပေးခြင်း၊ သဟဇာတ ဖြစ်စွာ ဖွံ့ဖြိုးခြင်း”အတွေးကို အကောင်အထည် ဖော်လာသည်နှင့် အမျှ ဟော်ရွှင့်၏ အနာဂတ်သည် ပိုမို တောက်ပ လင်းလက်မည်။
ဟော်ရွှင့် ရှုခင်းဇုန်၏ ဂုဏ်ထူးများ
တရုတ် ဆွဲဆောင်မှု ပထမ နာမည်ကြီး ကျေးရွာ
တရုတ် အလှဆုံး ကျေးရွာ ၁၀ခု စာရင်းဝင်
နိုင်ငံတော် AAAA ရှုခင်းဇုန်
တရုတ် သမိုင်း ယဉ်ကျေးမှု နာမည်ကြီး ကျေးရွာ
ယူနန်ပြည်နယ် ဈေးနှုန်း သမာဓိ ဌာန
ယဉ်ကျေးမှု ဝန်ကြီးဌာနမှ နိုင်ငံတော်အဆင့် ယဉ်ကျေးမှု လုပ်ငန်း စံပြတပ်ရင်းအဖြစ် ရွေးချယ်
ဟော်ရွှင့် စာကြည့်တိုက်သည် ဟော်ရွှင့် ရွန်းဟုန်တံတားဘေးတွင် တည်ရှိသည်။ နိုင်ငံတော် အလေးထား ရှေးဟောင်းပစ္စည်း ကာကွယ်ရန် နေရာဖြစ်သည်။ ၎င်းကို ယခင်က ၁၉၂၄ခုနှစ်တွင် “ဟော်ရွှင့် စာအုပ်၊ သတင်းစာ ဖတ်အဖွဲ့” အဖြစ် တည်ထောင် ခဲ့သည်။ ၁၉၂၅ခုနှစ်တွင် ၎င်းကျေးရွာမှ မြန်မာပြည်ရောက် တရုတ်နွယ်ဖွားများမှ အရင်းအမြစ် စုစည်းပြီး စာဖတ်အဖွဲ့၏ အခြေခံတွင် စာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရှေးအဆောင်ကို ဖျက်ပြီး တရုတ် နှင့် အနောက်တိုင်းပုံစံ ပေါင်းစပ်ထားသော အဆောင်သစ်ကို တည်ဆောက်သည်။ စာကြည့်တိုက်မြေ ဧရိယာ ၁၃၉၂ စတုရန်း မီတာ ရှိသည်။ အဆောက်အဦးကို တံခါးမကြီး၊ အလယ် တံခါး၊ ပန်းခြံ၊ စာကြည့်တိုက်၊ ပင်မအဆောင်တို့ဖြင့် ဖွဲ့စည်းထားသည်။ ပင်မအဆောင်သည် ၂ ထပ် ၅ခန်းပါ သစ်သားအဆောက်အဦး ဖြစ်သည်။ အရှေ့ဘေးနှစ်ဘက်တွင် ဇရပ်တခြမ်း ၂ခု ထိုးထွက်နေသည်။ အဆောက်အဦး၏ ပုံစံ သွက်လက်ပေါ့ပါးပြီး ပြတင်းပေါက်များကို အနောက်တိုင်းပုံစံ ဒီဇိုင်းထားသည်။ ကြီးကျယ်ခမ်းနားသည်။ စာကြည့်တိုက်အတွင်း သန့်ရှင်းပြီး အလင်းရောင် ကောင်းသည်။ သစ်ပင်ပန်းမန်များ ဝေဆာနေသည်။ ပတ်ဝန်းကျင် ဆိတ်ငြိမ်သည်။ စာအုပ်ပေါင်း ၇ သောင်းကျော် ရှိသည်။ ထိုထဲတွင် အကောင်းစား ထုတ်ဝေ စိစစ်ထားသော ဗားရှင်း၊ ရှေးစာအုပ်များ၏ တန်ဖိုးကြီး ဗားရှင်း နှင့် ဒေသ စာရွက်စာတမ်းများစွာ ရှိသည်။ ကျန်းထန်းဖန့်က “တရုတ်ပြည် ကျေးလက် စာပေလောကမှာ နံပါတ် ၁”ဟု ချီးမွမ်းခဲ့သည်။ တံခါး အပေါ်ဘက်တွင် ဟူရှိ၊ ကျန်းလိ စသည့် ပညာရှင်ကြီးများ ရေးထားသော “ဟော်ရွှင့်စာကြည့်တိုက်”ဟူသော ဆိုင်းဘုတ်ရှိသည်။ နံရံတွင် နာမည်ကြီး ပုဂ္ဂိုလ်များ ရေးထားသော ပန်းပုစာလုံးများစွာ ထွင်းထားသည်။ စာကြည့်တိုက်၏ အနံ့အသက်ကို ပိုများစေသည်။ ၁၉၈၀ခုနှစ်တွင် နိုင်ငံတော် အများသုံး စာကြည့်တိုက် စနစ်ထဲတွင် ထည့်သွင်းပြီးနောက် “ကျန်ကျိန်းလုတ်(တန်ဖိုးကြီး ထားရာတိုက်)”ကို အသစ် တည်ဆောက်ခဲ့ပြီး “ကျင်ရှန်းယွမ်”ကို တိုးချဲ့တည်ဆောက်ခဲ့သည်။ ဝိန်ချန်းကုန်းကျောင်း စသည့် ရှေး အဆောက်အဦးအုပ်စုကို စာကြည့်တိုက်မှ စီမံခန့်ခွဲ အသုံးပြုရန် ထည့်သွင်းခဲ့သည်။ စာကြည့်တိုက်၏ လုပ်ဆောင်မှု နှင့် ဧည့်ခံနိုင်စွမ်းကို ထပ်ဆင့် တိုးမြှင့်ခဲ့သည်။
အိုက်စီးချီနေအိမ်သည် ဟော်ရွှင့်ကျေးရွာ ရွှေသွေးရွာတွင် တည်ရှိသည်။ နံကပ် အုတ်တိုက် ဖြစ်သည်။ အရှေ့တိုင်း နှင့် အနောက်တိုင်း ပုံစံ ပေါင်းစပ်ထားသော စတုဂံပုံစံ ၄ဆောင်ပါ အိမ်ဝန်း ဖြစ်သည်။ အဆောက်အဦးအကြား ချိတ်ဆက်သော စင်္ကြန် ရှိသည်။ကနုတ်ပန်း ဖော်ထားသော အကာများ၊ အနောက်တိုင်းပုံစံ ဝရန်တာများ ရှိသည်။ အလွန် ရိုးရှင်းပြီး မဟာဆန်သည်။ တံခါးမကြီးတွင် “အိုက်စီးချီ အမှတ်တရ ပြတိုက်”ဟူသော ဆိုင်းဘုတ် ချိတ်ထားသည်။ အနောက်တိုက် နှင့် ဧည့်ခန်းတိုက်တွင် အိုက်စီးချီ၏ အကြောင်းများ ပြသထားသည်။
အိုက်စီးချီ၏ မူလအမည်မှာ လီစိမ်းရွှန်း ဖြစ်သည်။ ၁၉၁၀ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေသွေးရွာတွင် မွေးဖွားခဲ့သည်။ ၎င်း၏ ဖခင် လီရွဲကိုင်းသည် စင့်ဟိုက်တော်လှန်ရေး ကနဦးပိုင်း၏ ခေါင်းဆောင်လူကြီး ဖြစ်သည်။ ဒေါက်တာ ဆွန်ယက်စင်နောက်လိုက်ပြီး တော်လှန်ရေး လိုက်လုပ်သည်။ အိုက်စီးချီ ၂ နှစ်အရွယ်ကတည်းက ဖခင်နှင့်အတူ အပြင်မှာ လျှောက်သွားနေရသည်။ ဟောင်ကောင်၊ ကူမင်း၊ နန်ကျင်း၊ ဂျပန်တို့တွင် ကျောင်းတက်ခဲ့သည်။ ၁၀ နှစ်အရွယ်တွင် ဇာတိမြေသို့ ပြန်ပြီး နှစ်ဝက်ခန့် နေထိုင်ခဲ့သည်။ လူငယ်အရွယ်ကတည်းက ကွန်မြူနစ်ပါတီမှ ဦးဆောင်သော ပြင်ပ အဖွဲ့များတွင် ပါဝင်ခဲ့သည်။ ဂျပန်သို့ ၂ ကြိမ် ပညာတော်သင် သွားခဲ့သည်။ ၁၉၃၅ခုနှစ်တွင် တရုတ် ကွန်မြူနစ်ပါတီသို့ တရားဝင် ဝင်ရောက်ခဲ့သည်။ ဖက်စစ်တော်လှန်ရေး ထောက်ပံ့ရေးအဖွဲ့ ပြန်ကြားရေးမှူး၊ ယန်အန်း ကားလ်မတ် နှင့် လီနင် ကောလိပ် ဒဿနိကဗေဒ လေ့လာရေးဌာန ဌာနမှူး၊ ဗဟိုပြန်ကြားရေးဌာန ဒဿနိကဗေဒ အဖွဲ့ ညွှန်ကြားသူ၊ နယ်စပ်ဒေသ စာပေ ပူးပေါင်းရေးအဖွဲ့ အလုပ်အမှုဆောင် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ကွန်မြူနစ်ပါတီ အာဏာရပြီးနောက် တရုတ် ဒဿနိကဗေဒ အသစ် လေ့လာရေးဌာန စီစဉ်ဖွဲ့စည်းရေးအဖွဲ့ အမှုဆောင် ကော်မတီ ဒုဥက္ကဌ၊ တရုတ် ကွန်မြူတီ ပါတီဗဟို၏ တိုက်ရိုက် လက်အောက်ခံ အဆင့်မြင့်ကျောင်း ဒုကျောင်းအုပ် နှင့် ဒဿနိကဗေဒ သင်ကြားလေ့လာရေးဌာန ဌာနမှူး စသည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။
အိုက်စီးချီသည် ထိရောက်မှု ကျယ်ပြန့်သော ကားလ်မတ် ဝါဒီ ဒဿနိက ပညာရှင် ဖြစ်သည်။ ၎င်းဘဝတွင် လူသိများသော ဒဿနိကဗေဒ ဆိုင်ရာ နာမည်ကြီးစာအုပ်များစွာ ရေးသားခဲ့သည်။ အထူးသဖြင့် “အများသုံး ဒဿနိကဗေဒ”၊ “ဒဿနိကဗေဒ နှင့် လူနေမှုဘဝ” စာအုပ် ၂အုပ်သည် ရေတွက်၍ မရသော လူငယ်များကို တော်လှန်ရေး လမ်းကြောင်းသို့ လမ်းညွှန်တွန်းပို့ခဲ့သည်။ မော်စီတုန်း၏ ဒဿနိက အတွေးအခေါ် အဆိုရတနာသိုက်ကို ပိုမို ကြွယ်ဝစေရန်လည်း အကျိုးပြုခဲ့သည်။ သူ၏ “Dialectical materialism and historical materialism”ဟူသော စာအုပ်သည် အဆင့်မြင့် ပညာရေးကျောင်း ဒဿနိကဗေဒ မေဂျာ၏ သင်ရိုးညွှန်းတမ်း စာအုပ်အဖြစ် ကာလကြာ အသုံးပြုခဲ့ကြသည်။
အိုက်စီးချီသည် ၁၉၆၆ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် အရေးပေါ် နှလုံးအား ယိုယွင်းခြင်းရောဂါဖြင့် ပေကျင်းတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန် အသက်မှာ ၅၆ နှစ် ဖြစ်သည်။ အသုဘသို့ မော်စီတုန်း၊ လျိုရှောက်ချီ၊ ချူအင်လိုင်း၊ ကျူးဒယ် တို့ လွမ်းသူ့ပန်းခွေများ ပို့ပေးခဲ့ကြသည်။ မော်စီတုန်းသည် ၎င်းကို အောက်မေ့သော စာသားတွင် “ပါတီ၏ အဆို”ဟု ကိုယ်တိုင် ရေးခဲ့သည်။
ယွမ်လုံကယ်ကျောင်းသည် ဟော်ရွှင့် ရွှေသွေးရွာ လုံထန်(နဂါးကန်) တောင်ဘက်တွင် တည်ရှိသည်။ မင် ခေတ်တွင် စတင်တည်ဆောက်ခဲ့ပြီး မန်ချူးခေတ် ချန်လုံဘုရင် နန်းတက်ပြီး ၂၇ နှစ်မြောက်(၁၇၆၂ခုနှစ်)တွင် ပြန်လည် ပြုပြင်ခဲ့သည်။ ကွန်ဖြူးရှပ်ဘာသာ နှင့် တောင့်(dao) ဘာသာ ပေါင်းစပ်ထားသော ကျောင်း ဖြစ်သည်။ ယခုအခါ တောင့်(dao) ဘာသာများ လှုပ်ရှားသော နေရာ ဖြစ်သည်။ စီရင်စုအဆင့် ရှေးဟောင်းပစ္စည်း ကာကွယ်ရမည့် နေရာ ဖြစ်သည်။ ကျောင်းဘေးတွင် စမ်း ရှိသဖြင့် ရေများ စုဝေးကာ ကန် ဖြစ်လာသည်။ လုံထန်(နဂါးကန်)ဟု ခေါ်သည်။ ယွမ်လုံကယ်ကျောင်းသည်လည်း ဤအတွက်ကြောင့် အမည်တွင်ခဲ့သည်။ ရေလာရင်း နဂါးခေါင်း ဟူသော အဓိပ္ပာယ် ဖြစ်သည်။ ကျောင်းအား တောင်နှင့် ကပ်ပြီး ဆောက်ထားသည်။ တောင် တံခါး၊ လုံဝမ်(နဂါးမင်း)နန်း၊ စမ်းကွမ်းနန်း၊ ကွမ်ရင်နန်းတို့ဖြင့် ဖွဲ့စည်းထားသည်။ အတွေးဆန်းပြီး ဖွဲ့စည်းပုံကျစ်လျစ်သည်။ ကျောဘက်က တောတောင်ကို မှီ၊ ရေကို မျက်နှာမူထားသည်။ လှေကားထစ်အတိုင်း တက်သွားလျှင် နတ်ပြည်နှင့် တူနေသည်။ ထိုထဲတွင် ဆိုင်းဘုတ် နှင့် စာတမ်းများစွာ ရှိသည်။ ဥပမာ “မိုးနှင့်မြေ၏ အားအင်တွင် ဓူဝံကြယ် ပါရှိ၊ နဂါးကြောက ကောင်းကင်၏ အချက်အချာကို သစ်လွင်စေ”။ အားလုံး နာမည်ကြီး ပညာရှင်များ၏ လက်ရာ ဖြစ်သည်။ ယွမ်လုံကယ်ကို ကြီးမြတ်ပြီး ရှေးကျသော အနံ့အသက် ပိုရှိစေသည်။
ယူနန် မြန်မာ တော်လှန်ရေး စစ်ပွဲ ပြတိုက်သည် ပေါ်လျှံ ဟော်ရွှင့် ကုမ္ပဏီမှ တည်ထောင်သော ကျွန်ုပ်တို့ နိုင်ငံ၏ ပထမဦးဆုံး အရပ်ဘက်မှ ရင်းနှီးမြှုပ်နှံ၊ သိမ်းဆည်း စုဆောင်းသော တောက်လှန်ရေး စစ်ပွဲ ပြတိုက် ဖြစ်သည်။ ပြတိုက်ကို ၂၀၀၅ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့သည်။ ပြတိုက်တည်နေရာမှာ ယခင် တရုတ်အဝေးထွက်တပ် ၂၀ တပ်ပေါင်းစု စစ်သေနာပတိရုံး၏ နေရာဟောင်းတွင် တည်ဆောက်ထားသည်။ ပါဝင်မှု များပြားပြီး ဆန်းသစ်ဖန်တီးမှုလည်း ရှိသည်။ ပြတိုက်တွင် အရပ်ဘက်မှ သိမ်းဆည်းသူ ဝါသနာရှင် တွမ့်စိမ်းခွေမှ နှစ်ပေါင်း ၂၀ ကျော် စုစည်း သိမ်းဆည်းထားသော ဒုတိယကမ္ဘာစစ်မှ ရှေးဟောင်းပစ္စည်း ၃၅၀၀ ကျော်ကို ပြသထားသည်။ ထိုထဲတွင် တရုတ် အဝေးထွက်တပ်၊ တရုတ် အိန္ဒိယ အခြေစိုက်တပ်၊ အမေရိကန်-အင်္ဂလန် မဟာမိတ်တပ်၊ ပြည်သူများမှ တော်လှန်ရေး စစ်ပွဲတွင် ပါဝင်ခဲ့ခြင်း စသည်တို့နှင့် ပတ်သက်သော ရှေးဟောင်းပစ္စည်းများ ပါဝင်သည်။ ထိုထဲတွင် ဗိုလ်မှူးကြီး လီကျုံးယိမ်မှ လက်ဆောင်ပေးသော ဖက်ဆစ်ဂျပန်တော်လှန်သော စီရင်စုအုပ်ချုပ်ရေးမှူး ကျန်းဝိန့်ဒယ်၏ ကြိမ်နီတုတ်ကောက်၊ ကျန်းဝိန့်ဒယ်၏ “ထိန်ချုံးမြောက်ဘက် နယ်စွန်တွင် အေးချမ်းခြင်း မှတ်တမ်း”လက်ရေး စာမူ၊ အထူးတပ်ဖွဲ့၏ ရင်ဘတ်တံဆိပ် တစ်စုံလုံး၊ ဂျပန်တပ်၏ သွေးစွန်းနေသော ဂျပန်ဓား၊ အဆိပ်ငွေ့ဗုံး၊ စစ်မြေပြင် ပြည့်တန်ဆာ အသုံးအဆောင် ပစ္စည်း စသည်တို့ ပါဝင်သည်။ ပြတိုက်ကို “တောတောင် ကြေကွဲ”၊ “ဝမ်းနည်း ကြီးမြတ်စွာ အဝေးသို့ ချီတက်”၊ “သူ့ကျွန်ဘဝ ကာလ”၊ “ဓားရှည်ဖြင့် မီးခိုးယမ်းငွေ့ကို ရမ်း”၊ “နေလ ပြန်လည် ထွက်ပေါ်လာ”ဟူ၍ အပိုင်း ၅ ပိုင်း ပါဝင်သည်။
ပြတိုက်ထဲတွင် ပန်းပု လက်ရာ တစ်ခု ရှိသည်။ ၎င်း၏ မူလပုံသဏ္ဌာန်မှာ ထိုစဉ်က အမေရိကန် တပ်သားမှ ကတုတ်ကျင်းတွင် ဗုံးခွံဖြင့် ပြုလုပ်ထားသော ငြိမ်းချမ်းရေ ခို ဖြစ်သည်။ ၎င်းသည် ပြတိုက်၏ ခေါင်းစဉ်ကို ဖော်ပြနေသည်။ ငြိမ်းချမ်းခြင်းပင်တည်း။ ထို့ပြင် လျှံကျန့်(ယခုခေတ် ကူမင်တန်ပါတီ ဂုဏ်ထူးဆောင် ဥက္ကဌ)မှ ပြတိုက်အတွက် ရေးခဲ့ပေးသော စာလည်း ရှိသည်။ ပြတိုက်သည် ရှေးဟောင်းပစ္စည်း၊ ဓာတ်ပုံဟောင်း၊ မှတ်တမ်းရုပ်ရှင်၊ သမိုင်း အချက်အလက်၊ ဆေးရေး ပန်းချီ၊ ကာတွန်း ဇာတ်လမ်းတွဲ စသည်တို့ကို စုစည်းပြီး ထိုခေတ်က ကြီးမြတ်ပြီး ဝမ်းနည်းဖွယ် သမိုင်းကို စစ်မှန်စွာ ပြသသည်။
“ဝမ်းလုပ်ကျီ(တိုက် အကွေး)” သည် တိုက်များကို လမ်း၏ မျဉ်းကွေးအတိုင်း ဆောက်ထားသဖြင့် ဟော်ရွှင့်သားများသည် ၎င်းကို သရုပ်ပေါ်အောင် “ဝမ်းလုပ်ကျီ(တိုက် အကွေး)”ဟု ခေါ်ကြသည်။ ဤအခေါ်အဝေါ်သည် ဤလူနေအိမ်၏ အမည် ဖြစ်ရုံသာမက မန်ချူး ခေတ် တောင့်ကွမ်းဘုရင် နန်းတက်ပြီး နှစ် ၂၀ (၁၈၄၀ခုနှစ်)တွင် နိုင်ငံတကာ ကုန်သွယ် ပွဲရုံ တည်ထောင်ခဲ့သော “ယုံမောက်ဟော်”မှ လီမျိုးနွယ်မိသားစုကို ကိုယ်စားပြုသော အခေါ်အဝေါ်လည်း ဖြစ်သည်။ “ဝမ်းလုပ်ကျီ(တိုက် အကွေး)” နေအိမ်သည် စတုဂံဝန်း အဝင် ၃ခါ၊ ဝန်း ၁ခုတွင် အဆောင် ၃ဆောင်၊ တံခါးရှေ့ အကာ အုတ်တံတိုင်း တစ်ခု ပါဝင်သော ပေါင်းစပ်ပုံစံ အဆောက်အဦး အုပ်စု ဖြစ်သည်။ အစိုးရမှ “ဝမ်းလုပ်ကျီ(တိုက် အကွေး)” ပြတိုက်အဖြစ် သတ်မှတ်ထားသည်။ ခြံဝန်း ၁ နှင့် ခြံဝန်း ၂တွင် လီမျိုးနွယ်၏ မျိုးရိုးသမိုင်း နှင့် ဟော်ရွှင့် နေအိမ်ယဉ်ကျေးမှုကို ပြသထားသည်။
“ယုံမောက်ဟော်” ပွဲရုံသည် ဟော်ရွှင့် နှင့် ထိန်ချုံးတို့တွင် စီးပွားရေး လုပ်ပြီး ချမ်းသာလာသူ၏ ကိုယ်စားပြု ဖြစ်သည်။ ထိန်ချုံးစီးပွားရေး လောကတွင် “အရှေ့ဘက်မှာ တုံ၊ အနောက်ဘက်မှာ ဝမ်းလုပ်ကျီ”ဟု အဆို ရှိသည်။ မန်ချူး တောင့်ကွမ်း ဘုရင်ခေတ်တွင် ပွဲရုံပိုင်ရှင်သည် မြန်မာပြည်သို့ သွားရောက် စီးပွားရေး လုပ်ရာ တဖြည်းဖြည်းနှင့် နိုင်ငံတကာ ပွဲရုံ ဖြစ်လာသည်။ ရုံးချုပ်ကို မြန်မာနိုင်ငံ မန္တလေးတွင် ဖွင့်ထားပြီး ပြည်တွင်း၌ ရှန့်ဟိုင်၊ လားဆ၊ ကူမင်း၊ ရှကွမ်း၊ ပေါင်ရှန်း၊ ထိန်ချုံးတို့တွင် ရုံးခွဲ ဖွင့်ထားသည်။ ပွဲရုံသည် မျိုးဆက် ၅ ဆက်ကို ဖြတ်သန်းလာပြီးနောက် စီးပွားရေး လုပ်ကိုင်သော သမိုင်း နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ။
“ယုံမောက်ဟော်”ပွဲရုံသည် ဒေသ၊ နိုင်ငံတော်၏ လူမှုရေးလုပ်ငန်းကို တက်ကြွစွာ အားပေးခဲ့သည်။ ဟော်ရွှင့် စာကြည့်တိုက်၊ ရိချွင် အလယ်တန်းကျောင်း တည်ဆောက်ရာတွင် စာအုပ် နှင့် ငွေကြေးများစွာ လှူဒါန်းခဲ့သည်။ အမေရိကန်ကို ဆန့်ကျင်ပြီး မြောက်ကိုးရီးယားကို ကူညီစဉ်က နိုင်ငံတော်အတွက် လေယာဉ် လှူဒါန်းခဲ့သည်။
ထိန်ရွဲ့ယဉ်ကျေးမှု နှင့် ဟော်ရွှင့်ယဉ်ကျေးမှု၏ ပုံရိပ်အကျဉ်းချုပ်သည် ဟော်ရွှင့် လမ်းကြား ဖြစ်သည်။ ထိုထဲမှ မြင်းအဖွဲ့ ပြတိုက်တွင် ရှေ့ဟောင်းပစ္စည်း ၃၀၀၀ကျော်နှင့် ဓာတ်ပုံဟောင်း အပုံ တစ်ရာ နီးပါးက အနောက်တောင် ပိုးထည် လမ်းမ ရှေးလမ်းကြောင်း၏ သမိုင်း၊ မြင်းအဖွဲ့၏ လူနေမှုဘဝ အခြေအနေ၊ ယူနန် စီးပွားရေး သမားများ၏ တောက်ပသော သမိုင်း၊ ဟော်ရွှင့်သားများ “နယ်ခြားကိုသွား”ရာတွင် လူနေမှုဘဝတို့ကို ပြသနေသည်။ နိုင်ငံခြားရောက် တရုတ်နွယ်ဖွားများ လုပ်ငန်း ထူထောင်သော သမိုင်းကို ဖော်ပြနေသည်။ လမ်းကြားထဲမှ ကျောက်စိမ်းဘုရင်၏ ဇာတိသည် လူကြီးမင်းကို “ကျောက်စိမ်း ထိန်ရွဲ့မှ ထွက်၊ ဟော်ရွင်မှ သယ်လာ”ဟူသော ကျောက်စိမ်းယဉ်ကျေးမှုကို နားလည်စေမည်။ ဤနေရာတွင် ရှေးခေတ်စက္ကူ လုပ်နည်း၊ သစ်သားပန်းပု၊ အမျှင် ချိုချဉ်ဆွဲခြင်း၊ မြေအိုးအရက်၊ ပန်းပဲထုခြင်း၊ ရက်ကန်း၊ တုန့်ကျင်း(ဂူကျမ်း)၊ သားရေ အရိပ်ဇာတ်၊ ဟော်ရွှင့် ရှေးပစ္စည်း စသည့် အရပ်ဘက် လက်မှုပညာများကိုလည်း တွေ့ရမည်။ မြင်းအဖွဲ့ မင်္ဂလာပွဲ၊ မြင်းအဖွဲ့ သီချင်းပွဲ စသည့် အရပ်ဘက် တင်ဆက်မှုများကိုလည်း တွေ့ရမည်။
မြင်းအဖွဲ့ သီချင်းပွဲ။ နေ့စဉ် မနက် 10:00—11:00, ညနေ 4:00—5:00 အချိန်တွင် ဟော်ရွှင့်လမ်းကြားအတွင်း၌ အရမ်းကောင်းတဲ့ မြင်းအဖွဲ့ သီချင်းပွဲ တင်ဆက်မှု ရှိသည်။ ဤနေရာတွင် ၂၀၀၅ခုနှစ် ဗဟိုရုပ်မြင်သံကြားဌာန(CCTV) တရုတ် ဆွဲဆောင်မှု အရှိဆုံး နာမည်ကြီး ကျေးရွာ ရွေးချယ် ဆုပေးပွဲ၏ နောက်ဆုံး တင်ဆက်မှုဖြစ်သော ဟော်ရွှင့် ရှေးရွာ၏ “ထန်းရှ ဟော်ရွှင့်(ကမ္ဘာကြီး ငြိမ်းချမ်းပြီး သဟဇာတဖြစ်)”ကို တွေ့ရမည်။ ထို့ပြင် ထိန်ချုံးလီစူး တိုင်းရင်းသားတို့၏ တက်ကြွလန်းဆန်းသော တေးအကများကိုလည်း မြင်ရမည်။
လက်ဖက်ရည် ပညာ တင်ဆက်။ ဟော်ရွှင့်လမ်းကြား ဇာတ်ခုံတွင် ဟော်ရွှင့် အနုပညာအဖွဲ့၏ နိုင်ငံ့ရိုးရာ နှင့် တိုင်းရင်းသား လက်ဖက်ရည် ပညာကို နေ့စဉ် တွေ့နိုင်သည်။ တရုတ် လက်ဖက်ရည် ပညာ၏ ကြီးကျယ်နက်နဲခြင်းကို ခံစားနိုင်သည်။
ခွေစင်းကယ်သည် ဟော်ရွှင့် ကျောက်တုံးတောင် ရိရှုပ်တောင်ထိပ်တွင် တည်ရှိသည်။ တောင်တံခါး၊ ဖြတ်သန်းသွားသော ခန်းမ၊ ခွေစင်းကယ်၊ ကွမ်ရင်နန်း၊ ကျွိစုရွှန်း၊ ချွန်ယန်လုတ် စသည့် အဆောက်အဦးများဖြင့် ဖွဲ့စည်းထားသည်။ ပင်မ အဆောက်အဦး ခွေစင်းကယ်၏ ခေါင်မိုးသည် ၆ ထောင့်ပါပြီး ခေါင်ထိပ် ချွန်သည်။ မင် ခေတ်တွင် စတင်တည်ဆောက်ခဲ့ပြီး မန်ချူးခေတ် တွင် ပြန်လည် ပြုပြင်ခဲ့သည်။ ယခုအဆောက်အဦးကို မန်ချူး ကွမ်းရွှိဘုရင် နန်းတက်ပြီး ၁၉ နှစ်(၁၈၉၃ခုနှစ်)တွင် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။
ရိရှုပ်တောင်ထိပ်သည် မီးတောင် ချော်ရည်ကျောက်ဆောင် တောင်ထိပ်ဖြစ်သည်။ တောင်ထိပ်အကြား ထူးဆန်းသော ကျောက်တုံး ထူထပ်ပေါများသည်။ သစ်တောထူထပ်သည်။ ကျောင်းအတွင်း၌ ရှေးအပင်အို ၃ ပင် ရှိသည်။ မိုးကြိုး အကြိမ်ကြိမ် ပစ်ခံရသော်လည်း စိမ်းစိုနေဆဲပါ။ ၁၉၉၆ခုနှစ်တွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ ရှေးသစ်ပင်အဖြစ် ထုတ်ပြန်ပြီး ထိန်းသိမ်း ကာကွယ်ခဲ့သည်။
ဖြတ်သန်းသွားသောခန်းမ၏ အရှေ့ဘက်တွင် ကျောက်စာ ၂ချပ် ထောင်ထားသည်။ တစ်ချပ်တွင် ဆရာ လီရွဲကိုင်း၏ ကဗျာ “သစ်ပင်ကြီး ၂ပင်”ကို ထိုးထားသည်။ ကျောင်းအတွင်း သစ်ပင်အိုကြီးကို ကာကွယ်ရာတွင် ရေးခဲ့သော နာမည်ကြီး ကဗျာ ဖြစ်သည်။ တစ်ချပ်မှာ မြို့သား လီကိန်းယွမ်၏ “ဟော်ရွှင့် ခေတ်ဟောင်း အောက်မေ့ကဗျာ”ကို ထိုးထားသည်။ ဆရာသည် ၁၉၄၉ခုနှစ်တွင် ခွေစင်းကယ်၌ ခေတ္တတည်းခိုရာတွင် ရေးခဲ့သော ရှေးဟောင်းနှောင်းဖြစ်ကို သတိရသော ကဗျာ ဖြစ်သည်။ ထို့ပြင် ဘေးနှစ်ဘက် ချော်ရည်ကျောက်ဆောင်ပေါ်မှ ကျောက်နံရံတွင် ထိုးထားသော စာများလည်း ရှိသည်။ ကဗျာကျောက်စာ နှင့် ကျောက်နံရံစာများသည် ရှုခင်းဇုန်အတွက် ယဉ်ကျေးမှု ကြွယ်ဝရန် ပါဝင်မှုကို ဖြည့်ထည့်ပေးသည်။
ခွေစင်းကယ်ပေါ်သို့ တက်ပြီး အဝေးသို့ မျှော်ကြည့်လျှင် အဝေးမှ တောတောင်၊ အနီးမှ ရေမြေ အားလုံးကို မျက်စိတစ်ဆုံး ကြည့်နိုင်သည်။ အလွန်ကျယ်ပြန့် ခမ်းနားပါသည်။
လက်ရှိ အဝင်လက်မှတ် ဈေး။ ၈၀ယွမ်(စုပေါင်းလက်မှတ်) မြို့တွင်း ရှုခင်းနေရာ အသီးသီး အပါအဝင်)