ထိန်ချုံးသည် တရုတ်ပြည် မြေပူဒေသ ၃ခုထဲမှ ၁ခု ဖြစ်သည်။ ၎င်း၏ မြေပူ အပူချိန်မြင့်ခြင်း၊ ရေနွေးငွေ့များခြင်း၊ ရေနွေး လှုပ်ရှားမှု ပြင်းထန်ခြင်းတို့သည် ပြည်တွင်း၌ အလွန်ရှားသည်။ ဒေသအတွင်း ရေဆူစမ်း၊ အငွေ့စမ်း၊ ပန်းထွက်စမ်း၊ ရေပူစမ်း အုပ်စု ၈၈ နေရာ ရှိသည်။ စမ်းအုပ်စု တစ်ခုတိုင်းတွင် ရေပူ၊ လေပူများ ထွက်နေသည်။ ထိုထဲတွင် စီရင်စု တစ်ခုလုံး၏ မြေပူနယ်မြေ၏ အပူချိန်မြင့် ဗဟိုမှာ ပင်လယ်ပူပင် ဖြစ်သည်။ ၎င်း၏ ရှုခင်း၊ ရေအပူချိန်၊ လျှံထွက်လာသော ပမာဏသည် စီရင်စုတစ်ခုလုံးတွင် အများဆုံး ဖြစ်သည်။ “အပူတစ်ခု ပင်လယ်ဖြစ်”ဟူသော အမည်တွင်ခဲ့သည်။ နိုင်ငံတော်အဆင့် မြေပူ မီးတောင် ရှုခင်း နာမည်ကြီးဇုန်ထဲမှ အရေးကြီးဆုံး ရှုခင်းထဲမှ တစ်ခု ဖြစ်သည်။
ပင်လယ်ပူသည် ထိန်ချုံးမြို့ တောင်ဘက် ၁၀.၅ ကီလိုမီတာ နေရာတွင် တည်ရှိပြီး စုစုပေါင်း ဧရိယာ ၈ စတုရန်း ကီလိုမီတာ ရှိသည်။ ရှုခင်းဇုန် တစ်ခုလုံးသည် ကျောင်ထန်း(ရေချိုးကန်)ချောင်းကို ရစ်ပတ်ထားပြီး ချောင်းတစ်လျှောက် တောင်များ ကွေ့ကောက်နေပြီး ရှုခင်း ပြန့်ကျဲစွာ ပျံ့နှံ့နေသည်။ ဖွဲ့စည်းပုံ ထင်ရှားသည်။ ပင်လယ်ပူ၏ မြေပူ အမှတ်အသားမှာ လေ ပန်းထုတ်သော အပေါက်၊ အငွေ့ ထွက်နေသော မြေပူ၊ ဆူပွက်စမ်း၊ ပန်းထွက်သော စမ်း၊ ရေပူစမ်း၊ ရေပူ ပန်းထုတ် ပေါက်ကွဲသော အဆိပ်ငွေ့ အပေါက် ဟူ၍ ရှုခင်း ၇ မျိုး ရှိသည်။ ထိုထဲတွင် ကြည့်လို့ ကောင်းတာက ရေဆူအိုးကြီး၊ နဂါးပူမှ အလုံးကို ပတ်၊ ဗုံမြည်စမ်း၊ ပုလဲစမ်း၊ မျက်မှန်စမ်း၊ ကိုယ်ဝန်ဆောင် ရေတွင်း၊ နတ် ရေချိုးကန်၊ အပူ ဖြာထွက်မြေ၊ ခြင်္သေ့မြေ၊ ဖားပြုတ် ပါးစပ် ကျောင်ထန်း(ရေချိုးကန်)ချောင်း ရေတံခွန် နှင့် ငှက်ရေတွင်း စသည့်ရှုခင်းများ ရုပ်သွင် အလွန် ထူးခြားဆန်းပြားနေပြီး စိတ်ဝင်စားဖွယ် ကောင်းနေသည်။ ထိုထဲတွင် ရေဆူအိုးကြီးသည် ကြီးကျယ် ခမ်းနားဆုံး ဖြစ်သည်။
ပင်လယ်ပူ ရှုခင်းဇုန်၏ ရာသီဥတု နွေးထွေးသည်။ လေထု သန့်ရှင်းပြီး၊ မင်နရယ် စမ်းများ ကြည်လင် သန့်ရှင်းနေသည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိသော ဒြပ်စင်အသေး(microelement) အမျိုးမျိုး ပါဝင်သည်။ အရိုးအဆစ် ကိုက်ခဲရောဂါ၊ အရိုးကျီးပေါင်း၊ လေဖြတ်ပြီးနောက် ကျန်ခဲ့သော ရောဂါ၊ အရေပြား ရောဂါ စသည့် နာတာရှည်ရောဂါ ၁၀ မျိုးကျော်အတွက် ထူးခြားသော အာနိသင်များ ရှိသည်။ ရှုခင်းဇုန်အတွင်း ခရီးသွား ဝန်ဆောင်မှု၊ ဆေးဝါး ကုသမှု တန်ဆာပလာ အပြည့်အစုံ ရှိသည်။စီရင်စုမြို့မှ ပင်လယ်ပူသို့ သွားသော ကတ္တရာလမ်းသည် လမ်းဘေးနှစ်ဘက်မှ စိမ်းစိုနေသော သစ်ရိပ်အကြားတွင် နစ်မြှုပ်နေသည်။ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ မြန်ဆန်သည်။ ယခုအခါ ပင်လယ်ပူသည် ခရီးသွား လည်ပတ်၊ အနားယူရန်၊ သိပ္ပံပညာ လေ့လာရန် အကောင်းဆုံး ရှုခင်းဇုန် ဖြစ်လာပြီ။
ရေဆူအိုးကြီး ရေဆူစမ်းသည် ပင်လယ်ပူ၏ အနောက်မြောက်ဘက် ကုန်းတစ်ဝက်ပေါ်တွင် တည်ရှိသည်။ ပင်လယ်ပူ ရှုခင်းဇုန်၏ အဓိက ရှုခင်းထဲမှ တစ်ခု ဖြစ်သည်။ စမ်းသည် အဝိုင်းပုံစံ ဖြစ်ပြီး အချင်း ၆.၁၂ မီတာ၊ အနက် ၁.၅ မီတာ၊ ရေအပူချိန် 96.6℃ ၊ လျှံထွက်ပမာဏ 0.94L/S ရှိသည်။ ရေဆူစမ်း ပတ်လည်တွင် ကျောက်ပြား ၈ ပြား စီခင်းထားသည်။ ကျောက်ပြားပေါ်တွင် တရုတ်ဘားကွ(၈ ထောင့်မှန်) ထွင်းထားသည်။ စမ်း၏ ဘေးတွင် ဆူပွက်နေသော ရေများ လျှံထွက်နေသည်၊ လှိုင်းထနေသည်။ ရေသံ တဝုန်းဝုန်းနှင့် ရေနွေးငွေ့များ ကောင်းကင်သို့ ပျံ့လွှင့်နေပြီး တိမ်လိုလို၊ နှင်းလိုလိုနဲ့။ အလွန် ကြီးကျယ်ခမ်းနားပါသည်။ စမ်းရေ ကြည်လင်ပြီး ရေအရည်အသွေးသည် အယ်ကာလိုင်း အပျော့ ဖြစ်သည်။ ချော်ပြီး မဆီပါ။ လူ့ခန္ဓာကိုယ်အတွက် အကျိုး ရှိသော ဒြပ်စင်အသေး(microelement) အမျိုးမျိုး ပါရှိသည်။
ဤနေရာတွင် သဘာဝ အပူဖြင့် ထမင်းပေါင်း၊ ကြက်ဥပြုတ်သည်။ အရသာ အလွန် ချိုမွေးပါသည်။
မိန်းမချောကန်ကို နတ် ရေချိုးကန်ဟုလည်း ခေါ်သည်။ ပင်လယ်ပူ ကျောက်ထန်း(ရေချိုးကန်)ချောင်း၏ ဘယ်ဘက်တွင် တည်ရှိသည်။ ရေ အပူချိန် 45℃ ရှိပြီး ရေစီးပမာဏ 3.2L/S ရှိသည်။ ရေကန်သည် ကြည်လင်ပြီး အောက်ထိ မြင်ရသည်။ ရေကန်သည် ကျောက်နံရံနှင့် ကပ်လျက် တည်ရှိသည်။ ကျောက်နံရံ၏ အကွက်များသည် ပန်းချီနှင့်တူသည်။ ၎င်း၏ ရေနွေးအများစု ပုလဲစမ်း၊ ဗုံမြည်စမ်း၊ မျက်မှန်စမ်း၊ ကိုယ်ဝန်ဆောင် ရေတွင်းတို့မှ လာသည်။ စမ်းသည် ကျောက်ဆောင်များမှ စီးဆင်းသဖြင့် ရေတံခွန် အကြီးအသေးများ ဖြစ်ပေါ်လာပြီး ကန်ထဲမှ ရေပူစမ်းနှင့် ပေါင်းစည်းသည်။ တကယ်ကို လှလို့ မဆုံးပါ။
မျက်မှန်စမ်းသည် ပင်လယ်ပူ ကျောက်ထန်း(ရေချိုးကန်)ချောင်း၏ ညာဘက်ကမ်း၊ ပုလဲစမ်း၏ အောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၆၀ မီတာတွင် ရှိသည်။ ရေအပူချိန် 94℃ ရှိပြီး စီးဆင်းပမာဏမှာ 0.7L/S ရှိသည်။ စမ်းရေ ကြည်လင်ပြီး စမ်းရေ စိမ့်ထွက်ပေါက် ကပ်လျက် တည်ရှိသည်။ ပုံသဏ္ဌာန်မှာ မျက်မှန် နှင့် တူသဖြင့် “မျက်မှန်စမ်း”ဟု ခေါ်သည်။ ညီအစ်မ နှစ်ယောက် ပခုံးချင်းဆိုင် ရပ်ပြီး သီချင်းဆိုနေသလို ဖြစ်နေပြန်တော့ “ညီအစ်မစမ်း”ဟုလည်း ခေါ်သည်။
ဗုံမြည်စမ်းသည် ပင်လယ်ပူ ကျောက်ထန်း(ရေချိုးကန်)ချောင်း၏ ညာဘက်ကမ်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၆၀ မီတာတွင် တည်ရှိသည်။ ရေအပူချိန် 94.8℃ ရှိသည်။ ရေအရည်အသွေးမှာ အယ်ကာလိုင်း အပျော့ ဖြစ်သည်။ ဗုံကဲ့သို ဆူပွက်နေသည်။ ကျောက်တုံးကြီး တစ်တုံးက ရေနွေးငွေ့ကို ကာထားသဖြင့် ဆူပွက်သော ရေများ ထွက်လာရာတွင် ဒုန်းဒုန်း မြည်နေသည်။ အသံသည် ဗုံတီးသံနှင့် တူသည်။ ထို့ကြောင့် ဗုံမြည်စမ်းဟု ခေါ်သည်။
ပုလဲစမ်းသည် ပင်လယ်ပူ ကျောက်ထန်း(ရေချိုးကန်)ချောင်း၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ယပ်တောင် ပုံသဏ္ဌာန် ရှိသည်။ စက်ဝိုင်းခြမ်း ၄.၅ မီတာ ရှည်၊ ၂ မီတာ ကျယ်သည်။ ရေအပူချိန် 92.5℃ ရှိပြီး စီးဆင်းပမာဏမှာ 0.2L/S ရှိသည်။ ကြားတွင် အငွေ့ထွက်ပေါက် ရာချီ ရှိပြီး ရေကျင်းများ ဖြစ်လာသည်။ ဆူပွက်သော ရေသည် ကျင်းအောက်မှ စိမ့်ထွက်လာသည်။ လင်းလက်နေသော ပုလဲလုံး အကုံးများကို ထွေးထုတ်နေသလို ဖြစ်နေသည်။ နေရောင်အောက်တွင် အရောင်စုံနေသည်။ ပုလဲလိုလို၊ ကျောက်စိမ်းလိုလို ဖြစ်နေသည်။
ကိုယ်ဝန်ဆောင် ရေတွင်းသည် ပင်လယ်ပူ ကျောက်ထန်း(ရေချိုးကန်)ချောင်း၏ ညာဘက်ကမ်းတွင် တည်ရှိသည်။ ရေအပူချိန် 88℃ ရှိပြီး စီးဆင်းပမာဏမှာ 0.02L/S ရှိသည်။ လေးထောင့် အကွက် ၁၂ ကွက်တွင် တရုတ် zodiac အကောင် ၁၂ ကောင်ပုံ ထွင်းထားသည်။ ၎င်း၏ ရေထဲတွင် ဒြပ်စင်အသေး(microelement) အမျိုးမျိုး ပါရှိသည်။ အာရုံစနစ်ကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်တွင်း သံသရာ လည်ပတ်တာ မြန်စေခြင်း၊ သွေးကြောကို ချဲ့ပေးခြင်း၊ endocrine ထိန်းညှိပေးခြင်း စသည့် လုပ်ဆောင်မှုများ ရှိသည်။ “ဆန်းကြယ်သော ဆေးညွှန်း”ဟုခေါ်တွင် ခံရသည်။
ချောင်းကလေး တစ်ခုသည် အရှေ့မှ အနောက်သို့ ပင်လယ်ပူ တောင်ကြားမှ စီးဆင်းသွားသည်။ ချောင်းရေ နှင့် ချောင်း၏ ကြမ်းခင်းပေါ်မှ အပူ ရောနှောသွားသဖြင့် ချောင်းရေ၏ အပူချိန် မြင့်နေသည်။ ၁နှစ် ၄ရာသီစလုံး ရေနွေးချိုးနိုင်သည်။ လူများသည် ချောင်းထဲတွင် ရေချိုးလေ့ရှိသဖြင့် ကျောက်ထန်း(ရေချိုးကန်)ချောင်းဟု အမည်တွင်ခဲ့သည်။ သိပ္ပံပညာ လေ့လာဇုန် အပိုင်းမှ ချောင်းသည် တောင်များ မတ်စောက်သဖြင့် ချောင်းရေ ခုန်ပြီး ကျဆင်းလာကာ ရေတံခွန် ၃ ထပ် ဖြစ်သွားသည်။ ဆန်းတေရွှေ(ရေ ၃ ဆင့်)ဟု ခေါ်သည်။ ရေနွေးငွေ့များ ပျံ့နှံ့နေပြီး မီးခိုးလိုလို၊ နှင်းလိုလိုနဲ့။ စဉ်သွားသော ရေစက်များ နှင့် မြေအောက်မှ ပန်းထုတ်သော ရေနွေးငွေ့တို့က လှပသော သက်တံ့ မကြာခဏ ဖြစ်ပေါ်စေသည်။ လှပသော ကျောက်ထန်း(ရေချိုးကန်)ချောင်းကို ပိုမို ဆွဲဆောင်မှု ရှိစေသည်။
ဖားဖြုတ်ပါးစပ် ရေပန်းထွက် စမ်းသည် ပင်လယ်ပူ ကျောက်ထန်း(ရေချိုးကန်)ချောင်း ရေတံခွန်၏ ကျောက်ကမ်းပါးပေါ်တွင် တည်ရှိသည်။ ထွက်လာသော ရေ၏ အပူချိန် 95.5℃ ရှိပြီး စီးဆင်းပမာဏမှာ 1L/S ရှိသည်။ သွေးကြောပုံစံ ရေပန်းထွက် စမ်းဖြစ်သည်။ ရေရှည် ဆူပွက် ပန်းထွက်ခြင်းကြောင့် ကယ်လစီယမ် ဖြစ်သွားသော နေရာသည် ဖားဖြုတ်ပါးစပ်၏ ရေပန်းထွက်ပေါက် နှင့်တူသည်။ ဆူပွက်သော ရေသည် ကျောက်ထန်း(ရေချိုးကန်)ချောင်းသို့ တစောင်း ပန်းထွက်သည်။ ပန်းထွက်သော အကွာအဝေး ၁.၅ မီတာ ရှိသည်။ ဖားဖြုတ် အရှင် ၂ကောင်က အေးအေးဆေးဆေး တိမ်ကို မြိုချ၊ နှင်းကို မှုတ်ထုတ် နေသလိုပါပဲ။ ထို့ပြင် ဟူးဟူးဟူး ဆိုသော အာခေါင် ဟန့်သော အသံလည်း ရှိသေးသည်။ ကြည့်ရတာ အလွန် စိတ်ဝင်စားဖွယ် ကောင်းပါသည်။
ပင်လယ်ပူသို့ ဝင်သော လက်မှတ်။ ၆၀ ယွမ်
ပင်လယ်ပူသည် အပူချိန်မြင့်သော နေရာ ဖြစ်သဖြင့် မတူညီသော ခံစားမှု ရရှိမည်။