ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

လည်ပတ်ရာ ကစားနည်း လမ်းပန်းဆက်သွယ်ရေး လမ်းညွှန် အနီးတဝိုက်မှ စားကောင်းသောက်ဖွယ် လည်ပတ်ရာတွင် သတိပြုရန် ဒေသထွက်ကုန်

လည်ပတ်ရာ ကစားနည်း

ပင်မစာမျက်နှာ-လည်ပတ်စရာ နည်းဗျူဟာ-လည်ပတ်ရာ ကစားနည်း

       ကောင်းလီကုန့်တောင် နိုင်ငံတော်အဆင့် သဘာဝ ဘေးမဲ့ဇုန်သည် နုကြမ်းမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ဟိန်တွမ့်တောင်တန်း အနောက်ဘက် အတုံးလိုက်ပြတ်ကြော၊ အိန္ဒိယ ကုန်းမြေ နှင့် ဥရောပကုန်းမြေ တွန်းတိုက်မှု နှင့် ကုန်းမြေ တိုက်ပြီး အောက်ရောက်သွားသော ကုန်းမြေ(subductingplate)၏ အဆက်လိုင်းနယ်မြေ ဖြစ်သည်။ နာမည်ကြီး ကျိုးအက်ကြီး တောင်ကြားနယ်မြေဖြစ်သည်။ တောင်မြင့်ပြီး ဆင်ခြေလျှော မတ်စောက်သည်။ တောင်ကြား နက်နဲသည်။ ထောင့်မှန်ကျအမြင့် ကွာခြားချက် မီတာ ၄၀၀၀ အထက် ရှိသည်။ နှစ်ပေါင်း ဘီလီယန် ထောင်ချီသော သဘာဝ တရားကြီးက ကောင်းလီကုန့်တောင်၏ ကြီးကျယ်ခမ်းနားသော သဘာဝရှုခင်းကို ပန်းပုထုခဲ့သည်။ လွင့်စဉ်သော ကလက်စီ၊ ထူးဆန်းသော တောင်ထိပ် နှင့် ကျောက်တုံး၊ ကျောက်တံခါး ဂိတ်များ၊ တောင်ကြားနံရံ အရိပ် စသည်ဖြင့် ကြီးကျယ်ခမ်းနားသော ရှုခင်း တစ်ခု ဖြစ်လာသည်။ ထူးခြားသော မြေမျက်နှာသွင်ပြင်က “တောင်ခြေ နွေဦး တောင်ထိပ် ရေခဲပြင်၊ တောင်တစ်လုံးမှာ ရာသီ ၄မျိုး၊ ၁၀ မိုင်အတွင်း ရာသီဥတု မတူညီ။”ဟူသော ရာသီဥတုမျိုး ရှိစေသည်။ တောင် တစ်လုံးထဲတွင် အပူပိုင်း၊ အနွေးပိုင်း၊ အအေးပိုင်း ရာသီဥတု အမျိုးအစား ရှိသည်။ ထို့ပြင် ရှေးတရုတ်လူကြီးများ ဖော်ထုတ်ခဲ့သော ရှေးခေတ် “တောင်ဘက် ပိုးလမ်းမ” နှင့် ဒုတိယ ကမ္ဘာစစ်ကာလ ယူနန် အနောက်ဘက် စစ်ပွဲ၏ သမိုင်း နေရာဟောင်းများစွာ ရှိသည်။


       ကောင်းလီကုန့်တောင် နိုင်ငံတော်အဆင့် သဘာဝ ဘေးမဲ့ဇုန်သည် ဟိန်တွမ့်တောင်တန်းထဲမှ ပုလဲလုံး တစ်လုံး ဖြစ်သည်။ ဘေးမဲ့ဇုန်သည် အရှေ့အနောက် ၉ ကီလိုမီတာ ကျယ်သည်။ တောင်မြောက် ၁၃၅ ကီလိုမီတာ ရှည်သည်။ စုစုပေါင်း ဧရိယာ ဟတ်တာ ၁.၂ သိန်း ရှိပြီး သစ်တော ဖုံးလွှမ်းနှုန်း ၈၅% ရှိသည်။ ယူနက်စကိုမှ “မျိုးစိတ် ပုံစံ များပြားခြင်းအတွက် ကာကွယ်ဝန်း”အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာ့ တောရိုင်း သက်ရှိ ဖောင်ဒေးရှင်းမှ A အဆင့် ဘေးမဲ့ဇုန် အဖြစ် သတ်မှတ်ထားသည်။ အပင် နှင့် တိရစ္ဆာန် မျိုးပေါင်း ၅၀၀၀ ကျော် ရှိသည်။ ၁၉၁၉ခုနှစ်တွင် အင်္ဂလန် ဇီဝဗေဒ ပညာရှင် ဖုလီရှိ သည် ကောင်းလီကုန့်တောင်မှ နှစ်ပေါင်း ၂၈၀ ရှိပြီး၊ လုံးပတ် ၂.၆ မီတာ ရှိသော တောင်ဇလပ်ပင်ကို ဖြတ်ပြီး နမူနာ အခြောက် လုပ်ကာ အင်္ဂလန်သို့ သယ်သွားသည်။ လန်ဒန်၏ ဗြိတိသျှ ပြတိုက်တွင် ပြသထားသည်။ “သစ်ပင်ကြီး တောင်ဇလပ်ဘုရင် နမူနာ”ဟု ခေါ်သည်။လေ့လာစုံစမ်းပြီးနောက် ထိုသစ်ပင်သည် သစ်ပင်ကြီး တောင်ဇလပ် ဘုရင် မဟုတ်သေးပါ။ သစ်ပင်ကြီး တောင်ဇလပ် ဘုရင် အစစ်သည် ကောင်းလီကုန့်တောင်တွင် ရှိသည်။ ၎င်း၏ အောက်ခြေအချင်း ၃.၀၇ မီတာ ရှိသည်။ ကောင်းလီကုန့်တောင်သည် ထိန်ချုံး၏ သမိုင်းနှင့်လည်း များစွာ ပတ်သက်နေသည်။ ရှေးခေတ် တောင်ပိုင်း ပိုးလမ်းမ နှင့် ဒုတိယ ကမ္ဘာစစ် ကာလအတွင်း ဖောက်လုပ်ခဲ့သော စတီးဝေး လမ်းမသည် ကောင်းလီကုန့်တောင်ကို ဖြတ်သန်းသွားပြီး ရှေးသမိုင်းနေရာဟောင်း နှင့် ပုံပြင်များစွာ ချန်ထားခဲ့သည်။


သာယာလှပခရီးစဉ်မြေပုံ

နိုင်ငံတော် 4A အဆင့် ရှုခင်း နာမည်ကြီးဇုန်--- ထိန်ချုံး ပင်လယ်ပူ