ထိန်ချုံး စီရင်စုမြို့ အနောက်တောင်ဘက် ၁ ကီလိုမီတာ အကွာရှိ တေးရွှေချောင်းဘေးမှ ရှောင်ထွမ်း တောင်ကုန်းအောက်တွင် တည်ရှိသည်။ တရုတ် အဝေးထွက်တပ် ၂၀ တပ်ပေါင်းစုမှ ထိန်ချုံး လွတ်လပ်ရေး စစ်ပွဲတွင် ကျဆုံးခဲ့သော စစ်သည်များအတွက် သင်္ချိုင်း ဖြစ်သည်။ ရှင့်ဟိုက် တော်လှန်ရေး လူဟောင်း မျိုးချစ် ဆရာ လီကိန်းယွမ်မှ ချူချီ ဂန္ထဝင်စာအုပ်ထဲမှ “ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)”ဟူသော ဆိုင်းဘုတ်ရေးပေးခဲ့သဖြင့် ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)သင်္ချိုင်းဟု ခေါ်သည်။
၁၉၄၄ခုနှစ် သြဂုတ်လ ၂ရက်တွင် တရုတ် အဝေးထွက် တပ်သည် ထိန်ချုံးကို လုံးပေါင်း ထိုးစစ်ဆင် ခဲ့သည်။ သို့သော် ဂျပန်သည် ထိန်ချုံးတွင် အခြေချလာတဲ့ ၂ နှစ်အတွင်း အရေးကြီး ခံတပ် ပေါင်း ၃၀ ကျော်ကို ပြန်လည် ပြုပြင်ခဲ့သည်။ မြို့တွင်း လမ်းများတွင် ခံတပ် နှင့် ကတုတ်ကျင်း အပြည့် ရှိနေသည်။ ထိန်ချုံးမြို့ တမြို့လုံးသည် ကြီးမား ခိုင်ခံ့သော ခံတပ်ကြီး တစ်ခုလို ဖြစ်နေသည်။ ဂျပန်တပ်သည် ခံစစ် တည်ဆောက်ရေး နှင့် လမ်းများ၊ အရပ်ဘက် နေအိမ်များကို အသုံးပြုပြီး အရူးအမူး ခုခံခဲ့သည်။ ၁ လကျော်ကျော် သွေးချောင်းစီးအောင် တိုက်ခိုက်ခဲ့ပြီးနောက် ဂျပန်တပ်အားလုံးကို ချေမှုန်းနိုင်ခဲ့သည်။ ၁၉၄၄ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ထိ မြို့ထဲမှ ရန်သူ အကြွင်းအကျန်များကို ရှင်းလင်းပြီးနောက် ထိန်ချုံးကို ပြန်လည် ရယူနိုင်ခဲ့သည်။ စစ်ပွဲ အလွန်ပြင်းထန်သဖြင့် ဤစစ်ပွဲကို သမိုင်းပညာရှင်များက “မီးကျွမ်းမြေ တော်လှန်ရေးစစ်”ဟု ခေါ်ဆိုကြသည်။
ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)သင်္ချိုင်းကို ၁၉၄၅ခုနှစ် ဇူလိုင်လ ၇ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဧရိယာ ၁၄ ဧက ကျော်သည်။ အဓိက အဆောက်အဦးသည် အလယ်ဝင်ရိုးဖြင့် ဘေးနှစ်ဘက်ကို ခေါက်ချိုးညီ လုပ်ထားသည်။ လှေကားထစ် တစ်ဆင့်ချင်း တက်သွားသော ပုံစံဖြစ်သည်။ တံခါးမကြီးမှ စင်္ကြန်ရှည်ကြီးအတိုင်း တက်လာလျှင် ပထမအဆင့်ကို ရောက်မည်။ ကျောက်လှေကားအတိုင်း ဆက်တက်သွားလျှင် ကျန်ကေရှိတ် ရေးထားသော “သွေးနီသမိုင်း” မော်ကွန်းရှိသော ဒုတိယအဆင့်၏ မြေတားနံရံကို ရောက်မည်။ ဆက်ပြီး တက်လာလျှင် ဒုတိယ လှေကားအဆင့်ကို ရောက်မည်။ “အာဇာနည် သစ္စာ ဓမ္မာရုံ” ဆောက်ထားသည်။ အာဇာနည် သစ္စာ ဓမ္မာရုံကို ရှေးတရုတ် ခေါင်မိုးပုံစံ ဆောက်ထားသည်။ အပေါ် တံစက်မြိတ် အောက်တွင် ကျန်ကေရှိတ် ရေးထားသော “တောတောင်ရေမြေ၏ သူရဲကောင်း ဝိညာဉ်”ဟူသော ဆိုင်းဘုတ် ရှိသည်။ ခန်းမ၏ တံခါးမကြီး အပေါ်တွင် ကူမင်တန် ပါတီခေါင်းဆောင် ယွီရို့ယိမ့်မှ ရေးထားသော “အာဇာနည် သစ္စာ ဓမ္မာရုံ”ဟူသော ဆိုင်းဘုတ် ရှိသည်။ ဓမ္မာရုံ အတွင်းအပြင်ဘက် တိုင်များတွင် ဟော်ရင့်ချင်း နှင့် အဝေးထွက်တပ် ၂၀ တပ်ပေါင်းစု၏ ဗျူဟာမှူး နှင့် ဗိုလ်မှူးများ ရေးထားသော စာတန်းများ ချိတ်ဆွဲထားသည်။ စင်္ကြန်နှစ်ဘက်တွင် ကျန်ကေရှိတ် လက်မှတ်ထိုးထားသော ပြည်သူများ ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)သင်္ချိုင်းကို ထိန်းသိမ်းရန် “ကူမင်တန် အစိုးရ စစ်ရေး ကော်မတီ ကြေညာ”၊ ၂၀ တပ်ပေါင်းစု စစ်သေနာပတိ ဟော်ယန်ကျန်း၏ “ထိန်ချုံးစစ်ပွဲ အကျဉ်းချုပ်”၊ “အာဇာနည် သစ္စာ ဓမ္မာရုံ ကမ္ပည်း” စသည့် မှတ်တမ်း ကျောက်စာများ ရှိသည်။
ဓမ္မာရုံ၏ အရှေ့ဘက်မျက်နှာစာသည် ဒေါက်တာ ဆွန်ယက်စင်၏ ဓာတ်ပုံ နှင့် သေတမ်းစာ ချိတ်ဆွဲထားသည်။ ဘေးနှစ်ဘက် နံရံများတွင် ကျဆုံးခဲ့သော စစ်သည်များ၏ အမည်များကို ကမ္ပည်းထိုးထားသည်။ စုစုပေါင်း ၉၆၈၁ ဦး ဖြစ်သည်။ “အာဇာနည် သစ္စာ ဓမ္မာရုံ”၏ အနောက်ဘက်တွင် အမြင့် ၃၁ မီတာ ရှိသော နိုင်ငံတော်၏ သင်္ကေတ ပုံစံ ရှောင်ထွမ်း တောင်ကုန်းဖြစ်သည်။ တောင်ကုန်းပေါ်တွင် ၂၀ တပ်ပေါင်းစု ထိန်ချုံးကို ပြန်လည် ရယူနိုင်ခဲ့သော အမှတ်တရ ကျောက်တိုင် စိုက်ထားသည်။ တောင်ကုန်း ပတ်လည် အောက်မှ အပေါ်သို့ ကျောက်တိုင်အသေး များစွာ စိုက်ထားသည်။ ကျောက်တိုင်၏ အောက်တွင် ကျဆုံးခဲ့သော စစ်သည်များ၏ အရိုးအိုး မြှုပ်ထားသည်။ သင်္ချိုင်းတံခါး၏ တစ်ဘက်တွင် “ဂျပန်အုတ်ဂူ”တစ်ခု ရှိသည်။ အလောင်း တစ်လောင်း မြှုပ်ထားသည်။ ရှောင်ထွမ်း တောင်ကုန်းမှ အာဇာနည်များကို အဝေးမှ ကြည့်နေသည်။ ကျူးကျော်သူများ ဆိုးရွားစွာ ကျဆုံးခြင်း အဓိပ္ပာယ် ဆောင်နေသည်။ နိုင်ငံသားများကို နိုင်ငံ့ အရှက် မမေ့ရန် သတိပေးခြင်းလည်း ဖြစ်သည်။ ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)သင်္ချိုင်း၏ မြေလွတ်များတွင် ထင်းရှူး၊ ဆိုက်ပရက်စ်(cypress) ပင်၊ သစ်ချပင်၊ ဝါးပင်များ စိုက်ထားသည်။ အပင်အောက်တွင် မြက်များ စိမ်းစိုနေသည်။ လှေကားထစ်ဘေးတွင် ပန်းအိုးများ စိုက်ထားသည်။ ပတ်ဝန်းကျင် ဆိတ်ငြိမ်ပြီး လေးနက်သည်။ လာရောက် ဂါရဝပြုသူ၏ ရင်ထဲတွင် ကြည်လင်စေသည်။ ယခုအခါ ပထမ အထစ်၏ ဘေး ၂ဘက်တွင် တိုင်းရင်းသားပုံစံ ပြခန်း တည်ဆောက်ထားပြီး ထိန်ချုံး တော်လှန်ရေး စစ်ပွဲမှ တန်ဖိုးကြီး ဓာတ်ပုံပေါင်း ရာချီ နှင့် လက်တွေ့ပစ္စည်း အခု ၄၀၊ ၅၀ ကို ပြသပြီး ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)သင်္ချိုင်း၏ ပညာပေး လုပ်ဆောင်မှုကို တိုးမြှင့်ထားသည်။ ကော်ရှန်း (နိုင်ငံ့အတွက် အသက်ပေးခဲ့သူ)သင်္ချိုင်းသည် ယူနန်၌သာ ရှိသော ပြည်တွင်း၌ တွေ့ရခဲသော ဂျပန်တော်လှန်ရေး စစ်ပွဲ အကြီးစား အောက်မေ့လွမ်းဆွတ် သင်္ချိုင်းဖြစ်ပြီး ပြည်တွင်းပြည်ပတွင် ထိရောက်မှု ကျယ်ပြန့်သည်။ စစ်ရေး လမ်းကြောင်း တပြေးညီ ဖြစ်ရေးလုပ်ငန်း၏ အဓိက ပြတင်းပေါက်လည်း ဖြစ်သည်။ ယခုအခါ နိုင်ငံတော် အဆင့် အရေးကြီး ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရန် နေရာ နှင့် မျိုးချစ်ဝါဒ ပညာပေး တပ်ရင်း ဖြစ်သည်။