ထိန်ချုံး ရင်ဖုန်းတောင်သည် မြို့မြောက်ဘက် ၅၀ ကီလိုမီတာရှိ တန်းထန်းကျေးရွာထဲတွင် တည်ရှိသည်။ တောင်ထိပ်ချွန်ပြီး မျှစ်သည် တိမ်ပေါ်သို့ ထိုးထွက်နေသကဲ့သို့ ရှိနေသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၂၄၄၆ မီတာတွင် တည်ရှိသည်။ နှိုင်းယှဉ်အမြင့် ၇၀၀ မီတာ ရှိသည်။ တောင်ထိပ်တွင် မင်ခေတ် ချုံးကျိန်းဘုရင် နန်းတက်ပြီး ၇ နှစ်(၁၆၃၂ ခုနှစ်)တွင် စတင် တည်ဆောက်ခဲ့သော ရင်ဖုန်းကျောင်း ရှိသည်။ ဗုဒ္ဓဘာသာ နှင့် တောင့်ဘာသာ(dao) ၂မျိုးစလုံး ပူဇော်ထားသည်။ ယူနန် အနောက်ဘက် တောင့်ဘာသာ(dao)၏ နာမည်ကြီး တောင်ဖြစ်သည်။ ယူနန် အနောက်ဘက် နှင့် အရှေ့တောင်အာရှတွင် နာမည်ကြီးသည်။ ရှေးအခါက တိုင် တိုင်းရင်းသူ တစ်ဦးသည် ဆုတောင်းပြည့်၍ တောင်ပေါ်တက်ပြီး ဘုရားရှိခိုးပူဇော်ရာ လမ်းတဝက်တွင် ရုတ်တရက် ဗိုက်နာပြီး ကလေးမွေးတော့မလို့ နတ်တောင်ကို မညစ်ညမ်းလိုသဖြင့် ကျောက်ကမ်းပါးမှ ခုန်ချလိုက်သည်။ ၃ ရက်ကြာသော် ၎င်းအမျိုးသမီးသည် အိမ်တွင် ဘေးမသီ ရန်မခဘဲ ကျန်းမာဝဖြိုးသော သားတစ်ဦး မွေးဖွားခဲ့သည်ဟု အများက ပြောကြသည်။ အရပ်တွင် ရင်ဖုန်းနတ်တောင်နှင့် ပတ်သက်သော တန်ခိုးကြီး ပုံပြင် အများအပြား ရှိသည်။ ပုံပြင်တွေ များလေ ၎င်းအား “နတ်တောင်”အဖြစ် ယုံကြည်သူ များလေပင်။ နှစ်စဉ်နှစ်တိုင်း ပြည်တွင်းပြည်ပမှ လာရောက်ပြီး “နတ်တောင်”ကို ရှိခိုးသော နှင့် လည်ပတ်သော ဧည့်သည် ၁ သိန်းကျော်သည်။
ရင်ဖုန်းတောင်သည် ထိန်ချုံး၏ သမိုင်းကြောင်း ကြာရှည်သော “တိမ်လှေကား ၃ခေါက်ချိုး”၊ “တိမ်ထဲမှ နတ်” ရှုခင်း ဖြစ်သည်။ တောင်ကုန်းအလယ်တွင် တိမ်များ ရစ်ပတ်နေတတ်ပြီး ရှေးဘုံကျောင်းသည် တိမ်ပင်လယ်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ တောင်တံခါးသို့ ဝင်ပြီးလျှင် တောင်၏ အနေအထားကို လိုက်ပြီး ကြိုဆိုနန်း၊ ကွမ်ရင်နန်း၊ တုတ်မူ ခန်းဆောင်၊ လွီကျူ နန်း၊ လောင်ကျွင်းနန်း စသည်တို့ကို တည်ဆောက်ထားသည်။ ၎င်း၏ အဓိက အဆောက်အဦးကို တရုတ် Mu ၂ Mu ခန့် ရှိသော ထိပ်အချွန်တွင် ဆောက်ထားသည်။ ဘုံ၏ တံစက်မြိတ်အားလုံး ကျောက်ဆောင်အပြင် တိမ်လွှာများတွင် ထိုးသွင်းနေသည်။ ဖွဲ့စည်းပုံကျစ်လျစ်ပြီး နေရာချထားမှု သင့်လျော်သည်။ တည်ဆောက်ရာတွင် ခက်ခဲပြီး အံ့မခန်း ဖြစ်စေသည်။ “ကျွန်ုပ် မိုးကောင်းကင် အပြင်ဘက်က အနှိုင်းမဲ့ ကျောင်းကို လာ။ ဤနေရာသည် လူ့ပြည့်၏ ပထမ တောင်ထိပ်ပင်တည်း။”ဟူသော စာတန်းကဲ့သို့ပင်။ တောင်ပေါ်သို့ လမ်းလျှောက်တက်လျှင် ရင်ဖုန်းတောင်၏ အလှကို ကြည့်နိုင်သည်။လမ်းတစ်လျှောက်တွင် ထူးဆန်းသော ကျောက်တုံးများ၊ မီးတောက်ကဲ့သို့ တောင်ဇလပ်ပန်းများ၊ အပင်အိုတွင် တွဲလောင်းကျနေသော နွယ်ပင်၊ မျောက်နှင့် ငှက် အော်သံ စသည်တို့ ရှိသည်။ ရှေးအခါက ခရီးသွားပညာရှင်ကြီး ရွှီရှာခက် တောင်ပေါ်သို့ တက်စဉ်က အခြေအနေကို စိတ်ကူးယဉ်မိသည်။ တဖြည်းဖြည်း လျှောက်လာရာ တောင်၏ ခါးလယ်လောက် ရောက်သောအခါ ကျောက်ဆောင်များ မတ်လာသည်။ ကျောက်လှေကားထစ် ၂၆၈၅ ထစ် တက်ပြီးမှ တောင်ထိပ် တံခါးကို ရောက်မည်။ ဧည့်သည်များ အားအင် ကုန်ခန်းနေချိန်မှာ တောင်ထိပ်တံခါးအောက်တွင် ပေ ၆၀ ကျော်သော မတ်စောက်ပြီး အန္တရာယ်ရှိသော ကျောက်ဆောင်ကြီး ရှိနေသေးသည်။ နဂါး၏ ကျောရိုးပေါ်တွင် ထွင်းထားသကဲ့သို့ ကျောက်လှေကားထစ် ၄၃ ထစ်ရှိသေးသည်။ ၎င်း၏ ဘေးတွင် သံကြိုး ဆွဲထားလို့ ဧည့်သည်များကို အန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ “နတ်တောင်” နှင့် ပိုတူရသော အပိုင်းမှာ အန္တရာယ် ကျောက်ဆောင်၏ တစ်ဘက်တွင် အေးမြချိုမြိန်သော ရေ စိမ့်ထွက်နေတဲ့ ရေတွင်း တစ်တွင်း ရှိနေသည်။ ဧည့်သည်များ ထိုရေတွင်းရေ သောက်ပြီးနောက် ပင်ပန်းမှုအားလုံး ချက်ချင်း ပျောက်သွားပြီး အန္တရာယ် ကျောက်ဆောင်ကို တက်ရန် နတ်က ပေးသော အားရှိလာသလို ခံစားရသည်။
ရင်ဖုန်းတောင်ထိပ်တွင် ရပ်ပြီး မိုင်ပေါင်း ရာချီသော တောတောင် လယ်ကွက်များကို မျက်စိတစ်ဆုံး ကြည့်နိုင်သည်။ မနက်တွင် နေထွက်ချိန်၏ အလှ၊ တိမ်ပင်လယ်၏ ခမ်းနားမှုကို ကြည့်နိုင်ပြီး ညအခါ ဖြူဖွေးနေသော လရောင်၊ တက်လာသော ဆီးနှင်းတို့ကို ကြည့်နိုင်သည်။ လောကကြီးကို ထားခဲ့ပြီး တစ်ယောက်တည်း ရပ်တည်နေသလို၊ လောကုတ္တရာမှ ကျော်ထွက်လာသလို ခံစားရစေသည်။ ယခုအခါ တောင်ပေါ်သို့ တက်သော ကေဘယ်ကား တည်ဆောက်ပြီး ဖြစ်သဖြင့် ပိုမိုများပြားသော ဧည့်သည်ကို ရင်ဖုန်းတောင် ရှုခင်း လာကြည့်ရန် ဆွဲဆောင်နိုင်မည်။