ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

လည်ပတ်ရာ ကစားနည်း လမ်းပန်းဆက်သွယ်ရေး လမ်းညွှန် အနီးတဝိုက်မှ စားကောင်းသောက်ဖွယ် လည်ပတ်ရာတွင် သတိပြုရန် ဒေသထွက်ကုန်

အနီးတဝိုက်မှ စားကောင်းသောက်ဖွယ်

ပင်မစာမျက်နှာ-လည်ပတ်စရာ နည်းဗျူဟာ-အနီးတဝိုက်မှ စားကောင်းသောက်ဖွယ်

       တောင်ပို့မှိုသည် သဘာဝ ပတ်ဝန်းကျင်တွင် ပုရွက်ဖြူနှင့် အတူ ပေါက်ဖွားသော မှိုမျိုး ဖြစ်သည်။ ပုရွက်ဖြူသည် ပုရွက်ဆိတ်အသိုက်ကို တည်ဆောက်သည့် တချိန်တည်းမှာ တောင်ပို့မှို၏ အမျှင် ဘောဒီကို ပျိုးထောင်သဖြင့် အတူနေထိုင်သော ဂေဟစနစ် ဖြစ်လာသည်။ ဤသို့သော မှိုသည် နဂိုက ကျွန်ုပ်တို့နိုင်ငံ ယူနန်၊ ကွေ့ကျိုး စသည့် တောင်ပိုင်း ပြည်နယ်၏ သစ်တောထဲ၌သာ ရှိသည်။



ဤသို့ ဖြစ်ပေါ်လာသော တောင်ပို့မှိုကို ထိန်ချုံးဒေသခံများက “အပ်ခေါင်း”ဟု ခေါ်ကြသည်။ အသားထူပြီး ဈေးလည်း ကြီးသည်။


       တောင်ပို့မှိုသည် အသားထူပြီး ဝဖြိုးသည်။ အသားညက်ပြီး အမျှင်ဖြူသည်။ အရသာ ချိုမွှေးကြွပ်သည်။ လူ့ခန္ဓာတွင် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်စစ်၊ ပရိုတိန်း၊ ဖက်တီး အက်စစ်တို့ ပါဝင်သည့်အပြင် ဗီတာမင်ဓာတ် အမျိုးမျိုး နှင့် ကယ်လဆီယမ်၊ ဖောစဖရပ်၊ Riboic အက်စစ်တို့လည်း ပါဝင်သည်။ တောင်ပို့မှို ချက်နည်း အလွန်များသည်။ ဟင်းအနေဖြင့် စားနိုင်သလို အရွက်၊ သားငါး နှင့် စားကောင်းသောက်ဖွယ် အမျိုးမျိုးနှင့်လည်း ရောချက်နိုင်သည်။ အစိုကြော်၊ အခြောက်ကြော်၊ အချဉ်တည်၊ အသုတ်၊ ချက်၊ ကင်၊ နှပ်၊ ပေါင်းခြင်း သို့မဟုတ် ဟင်းရည်ချက် နိုင်သည်။ အရသာ အလွန် လတ်ဆတ်ချိုမြိန်ပြီး မှိုထဲမှ ဘုရင်ဖြစ်သည်။ တောင်ပို့မှိုသည် အနောက်တောင်၊ အရှေ့တောင်ဘက်မှ ပြည်နယ် နှင့် ထိုင်ဝမ်၏ အချို့ဒေသများ၌သာ ထွက်ရှိသည်။ တောင်ပို့မှိုသည် ၎င်း၏ အတွင်းပိုင်း ဆဲလူးလို့စ်အမျှင် ဖွဲ့စည်းပုံ၊ အရောင်တို့သည် ကြက်သားနှင့် တူသည့်အပြင် စားသောအခါ ကြက်သားအနံ့ ရှိနေသည်။ ထို့ကြောင့် တောင်ပို့မှို(ကြက်မှို)ဟု ခေါ်သည်။



ဤသို့သော ပုံသဏ္ဌာန်သည် “ငါးဖမ်းပိုက်၏ အဝ” ဖြစ်လာသည်။


       တောင်ပို့မှိုသည် ပုရွက်ဖြူနှင့်အတူ ပေါက်ဖွားသည်။ ကွေ့ကျိုး အနောက်တောင်ဘက် ဒေသတွင် ပုရွက်ဖြူအုပ်စု အများဆုံး ဖြစ်သည်။ တောင်ပို့မှိုနှင့် အတူ ပေါက်ဖွားတာ ၇ မျိုး ရှိသည်။ ကွေ့ကျိုး အနောက်တောင်ဘက်သည် ကွေ့ကျိုး၊ ယူနန်၊ ကွမ်စီး ပြည်နယ် ၃ခု၏ နယ်နိမိတ်တွင် တည်ရှိသည်။ မိုးရေချိန် များပြားပြီး သဘာဝ ဂေဟစနစ် ကောင်းမွန်သည်။ ညစ်ညမ်းမှု နည်းသည်။ ကျွန်ုပ်တို့နိုင်ငံ၏ တောင်ပို့မှို စသည့်မှိုများ အဓိက ထွက်သော ဒေသဖြစ်သည်။ အရည်အသွေးလည်း အကောင်းဆုံး ဖြစ်သည်။ 



ဤသို့သော အဝါရောင် တောင်ပို့မှိုသည် ထိန်ချုံးတွင် အကြီးဆုံး အမျိုးအစား ဖြစ်သည်။ ၎င်း၏ “ဦးထုပ်” ပွင့်သွားလျှင် စလုံလောက် အရွယ် ရှိနိုင်သည်။


       ကွေ့ကျိုး ကျွန်းရိ၊ လျို့ဖန်ရွှေ စသည့် ဒေသများ၌လည်း ပေါက်ရောက်သည်။ ဒေသခံများက ၎င်းအား “ဆန်းပါးကူး”ဟု အမည်ပေးထားသည်။ အကြောင်းရင်းမှာ ဤမှိုမျိုးကို တစ်စည်း တွေ့ရပါက အနီးတဝိုက်တွင် နောက်ထပ် ၂စည်း ရှိကိုရှိမည်။ လူကြီးများက ၎င်းမှိုကို ခူးရာတွင် စကား ကျယ်ကျယ် မပြောရ။ သို့မဟုတ်လျှင် မှို လန့်ပြီး ထွက်ပြေးတတ်သည်ဟု ပြောကြသည်။ ထို့ပြင် မိုးရွာပြီး ပြန်တိတ်သွားမှသာ မှိုများ ပေါက်မည်။




      ယူနန်သည် ၎င်း၏ တောတောင် မြေမျက်နှာသွင်ပြင် ထူးခြားခြင်း နှင့် လောင်ဂျီတွဒ်၊ လတ္တီတွဒ် တည်နေရာကြောင့် အပင်တိုင်းပြည်ဟု တင်စားခံရသည်။ မှိုသည် အပင်တိုင်းပြည်ထဲတွင် အထူးဆန်းဆုံး အုပ်စု ဖြစ်သည်။ တောင်ပို့မှိုသည် မှိုထဲတွင် အကောင်းစား ဖြစ်သည်။



လောလောဆယ်ပထမဦးဆုံးဆောင်းပါး

ထိန်ချုံးပေးဟိုင် ငါးကင်