ထိန်ချုံးနှင့် မြန်မာနိုင်ငံ ထိဆက်နေသော နယ်မြေတဝိုက်မှ သစ်တောထဲတွင် အရည်အသွေး ခိုင်ခံ့၊ ကိုယ်ထည် ရှည်လျားသော ကြိမ်ပင်များ-- ကြိမ်ချောင်းများ ရှိသည်။ ၎င်း အခွံ၏ အရောင် တောက်ပပြီး၊ လက်ခံစားမှု ချောမွေ့သည်။ ကန်အားကောင်းသည်။ နှီးနှင့် တူပြီး နှီးမဟုတ်ပါ။ ထို့ကြောင့် ကြိမ်နှီးဟု ခေါ်သည်။ ပစ္စည်း ရက်လုပ်ရန် အလွန်ကောင်းသော ကုန်ကြမ်း ဖြစ်သည်။ ထိန်ချုံးသားများသည် ဤပစ္စည်းဖြင့် ကြိမ်ကုလားထိုင်၊ ကြိမ်သေတ္တာ စသည့် နေ့စဉ်သုံးပစ္စည်းများကို ရက်လုပ်သည်။ ထုတ်လုပ်သော နည်းပညာ အသေးစိတ်ပြီး ပေါ့ပါးသည်။ အမျိုးအစား များသည်။ ရေရှည် အသုံးခံသည်။ ရှေးခေတ်မှ ယနေ့ထိ စားသုံးသူ၏ ကြိုက်နှစ်သက်ခြင်းကို ခံရသည်။
ကုန်ကြမ်း၏ သဘာဝ အားသာချက် နှင့် ခေတ်အဆက်ဆက်မှ ကြိုးစားပြီး ဥာဏ်ကောင်းသော လက်မှုပညာရှင်များကြောင့် ထိန်ချုံးသည် ရှေးကတည်းက နာမည်ကြီး “ကြိမ်ဖြင့် ရက်လုပ်ပစ္စည်း၏ ဇာတိ” ဖြစ်လာသည်။ ယခုအခါ ကြိမ် ရက်လုပ်ခြင်း လုပ်ငန်းကို မြို့ရွာအနှံ့တွင် လုပ်ကိုင်လာကြသည်။ ထုတ်လုပ်သော ပစ္စည်းများမှာ ကုလားထိုင်၊ စားပွဲအပု၊ စားပွဲအမြင့် စသည့် အကြီးစားပစ္စည်းအပြင် ခြင်း၊ တောင်း၊ ဗူး၊ သေတ္တာ နှင့် ပန်းစင်၊ စာအုပ်စင်၊ ဧည့်ခန်းသုံး၊ စာဖတ်ခန်းသုံး ပရိဘောဂ အစုံလိုက်များလည်း ရှိသည်။ ပေါ့ပါးပြီး မဟာဆန်သည့်အပြင် ခေတ်မီသည်။ လက်တွေ့ အသုံးဝင်သည့်အပြင် အနုပညာလက်ရာ မြောက်သည်။ ပတ်ဝန်းကျင် အမျိုးမျိုးနှင့် လိုက်ဖက်သည်။ ရိုးရှင်းသော နေရာတွင် ထားလျှင် ခမ်းနားလွန်းသည်ဟု မထင်ရဘဲ ခမ်းနားသော နေရာတွင် ထားလျှင် ဈေးပေါသည်ဟု မထင်ရပါ။ ဆင်းရဲချမ်းသာ မရွေး၊ ရိုးရှင်းခြင်း မဟာဆန်ခြင်းမရွေး သင့်လျော်သည်။ ထို့ကြောင့် အမြဲတမ်း အရောင်းသွက်သည်။