ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

လည်ပတ်ရာ ကစားနည်း လမ်းပန်းဆက်သွယ်ရေး လမ်းညွှန် အနီးတဝိုက်မှ စားကောင်းသောက်ဖွယ် လည်ပတ်ရာတွင် သတိပြုရန် ဒေသထွက်ကုန်

ဒေသထွက်ကုန်

ပင်မစာမျက်နှာ-လည်ပတ်စရာ နည်းဗျူဟာ-ဒေသထွက်ကုန်

201708171202326734.jpg


       ထိန်ချုံး သားရေ အရိပ်ဇာတ်သည် ယူနန်ထိန်ချုံး အရပ်ဘက်တွင် လူကြိုက်များပြီး သမိုင်းကြောင်း ကြာရှည်သော ဟန့်လူမျိုး၏ အနုပညာ တစ်မျိုး ဖြစ်သည်။ ယူနန်ပြည်နယ် ထိန်ချုံး စီရင်စု တဝိုက်တွင် အဓိက ထွန်းကားသည်။ ဒေသတွင် “မီးရိပ်”၊ “သားရေ အရုပ်ဇာတ်”ဟုခေါ်သည်။ “တော ရုပ်ရှင်”ဟုလည်း ခေါ်ကြသည်။ အရုပ်ကို နွားသားရေဖြင့် အများစု ပြုလုပ်သည်။ ကိုယ်ထည်ကြီးသည်။ ၅၀ စီဒီမီတာခန့် မြင့်သည်။ ပုံစံ ရိုးစင်းပြီး ကြိုးအလုံး အသုံးများသည်။ 

       ထိန်ချုံး သားရေ အရိပ်ဇာတ်သည် မင်ခေတ် ဟုန်းဝူ ကာလတွင် ဟူနန်၊ ကွမ်တုန်း၊ စီချွမ်းနယ်တို့မှ ဝင်ရောက်လာသည်။ မှတ်တမ်း ရှိသော သမိုင်းကြောင်း နှစ်ပေါင်း ၂၀၀ ကျော် ရှိသည်။ ယခုခေတ်ထိ အမြဲတမ်း တင်ဆက်နေသေးသည်။ မင်ခေတ် အစောပိုင်းတွင် ကျန်းနန်(မြစ်တောင်ဘက်)၊ ဟူနန်၊ ကွမ်းတုန်း၊ စီချွမ်း စသည့်ဒေသမှ နယ်စပ်သို့ လာရောက် တပ်ဆွဲထားပြီး စိုက်ပျိုးရေး လုပ်ကိုင်သော ရွေ့ပြောင်းသူများနှင့်အတူ ထိန်ချုံးသို့ ရောက်လာသည်ဟု ပြောကြသည်။

       ထိန်ချုံး သားရေ အရိပ်ဇာတ် တင်ဆက်သော အဖွဲ့ကို ကျေးရွာအလိုက် ယူနစ်ခွဲထားသည်။ “အသင်း”ဟု ခေါ်သည်။ ၎င်းသည် ကျေးရွာ တစ်ခု၏ သားရေ အရိပ်ဇာတ် အဖွဲ့နှင့် တူသည်။ မန်ချူးခေတ် အမြင့်ဆုံး ကာလတွင် အသင်း တစ်ရာ နီးပါး ရှိသည်။ လက်ရှိတွင် ထိန်ချုံး၌ အရှိန်အဝါ အရှိဆုံးမှာ ကုတုန်း လျှိုကျားကျိုက်၏ သားရေ အရိပ်ဇာတ် အဖွဲ့ ဖြစ်သည်။ ဤအဖွဲ့သည် အနုပညာရှင်ဟောင်း လျှိုတင့်ကျုံး၏ သင်ကြားပေးမှုဖြင့် သီဆိုသော လေယူလေသိမ်း၊ တင်ဆက်မှု၊ ဂီတ၊ ရုပ်ပုံ၊ သားရေ အရုပ် စသည့်အပိုင်းတွင် ထိုးဖောက်မှု နှင့် ဆန်းသစ်မှုများ ရှိခဲ့သည်။ ၎င်းတို့သည် စီရင်စု၊ မြို့၊ ပြည်နယ်၏ အရပ်ဘက် အနုပညာ တင်ဆက်မှုတွင် ပါဝင်ခဲ့သည်။ ပရိတ်သတ် နှင့် လုပ်ငန်းတူများ၏ ကောင်းချီးပေးမှုကို ရရှိခဲ့သည်။ 

       ယူနန်သာမက အနောက်တောင်ဘက်ဒေသ တခုလုံး၏ ယနေ့ထိ ဆက်လက် တင်ဆက်နေသော အရပ်ဘက် သားရေ အရိပ်ဇာတ်အနေဖြင့် ထိန်ချုံး သားရေ အရိပ် အနုပညာသည် ပြည်နယ်၊ မြို့၊ စီရင်စု အဆင့်ဆင့်မှ ဌာနများနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ၏ အလေးထားမှုကို ရရှိခဲ့သည်။ ပြည်တွင်း ပြည်ပ မီဒီယာများ၏ ဂရုပြုမှုကိုလည်း ရရှိခဲ့သည်။ အနုပညာရှင် လျှိုရုံကျိုးက “အတုမရှိ”သော သားရေအရိပ် ထုတ်လုပ်ခြင်း နှင့် တင်ဆက်ခြင်းကြောင့် ယူနန်ပြည်နယ် ယဉ်ကျေးမှု ရုံးခန်းမှ ချီးမြှင့်သော “ယူနန်ပြည်နယ် တိုင်းရင်းသား အရပ်ဘက် အဆင့်မြင့် ပန်းချီပညာရှင်”ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။ ၎င်းမှ ထုတ်လုပ်သော သားရေအရုပ်သည် “နိုင်ငံ တည်ထောင်ခြင်း နှစ် ၅၀ပြည့် ယူနန်တိုင်းရင်းသား အရပ်ဘက် အနုပညာရှင်၏ ဖန်တီးမှု ပြပွဲ”တွင် ပါဝင်ခဲ့သည်။ ဗဟို ရုပ်မြင်သံကြားဌာန(CCTV) (၁) အစီအစဉ်မှလည်း သီးခြား မေးမြန်းတင်ဆက်ခဲ့သည်။ အနုပညာရှင် လျှိုတင့်ဆန်းသည်လည်း “ယူနန်ပြည်နယ် တိုင်းရင်းသား အရပ်ဘက် ပန်းချီပညာရှင်”ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

       ၂၀၀၀ခုနှစ် ဇွန်လတွင် ထိန်ချုံး ကုတုန်းကျေးရွှာကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ “တရုတ် အရပ်ဘက် အနုပညာ(သားရေ အရိပ်ဇာတ်)၏ ဇာတိ” ဟု အမည်ပေးခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ကုတုန်း လျှိုကျားကျိုက် သားရေ အရိပ်ဇာတ် အသင်းသည် အနောက်တောင်ဘက်၏ တခုတည်းသော သားရေ အရိပ်ဇာတ် ကိုယ်စားလှယ်အဖြစ် ကွမ်ကျိုးသို့ သွားရောက်ကာ “ရွှေခြင်္သေ့ဆု” နိုင်ငံလုံးဆိုင်ရာ ဒုတိယ အကြိမ်မြောက် ရုပ်သေး သားရေ အရိပ်ဇာတ် ပြိုင်ပွဲသို့ တက်ရောက်ခဲ့ရာ (လုံးပေါင်း) တင်ဆက်မှု ကြေးတံဆိပ်ဆုကို ရရှိခဲ့သည်။ အနုပညာရှင် လျှိုရုံကျိုး နှင့် လျှိုတင့်ဆန်းတို့သည် ပုံသဏ္ဌာန် ဖန်တီးဆုကို ရရှိခဲ့သည်။


လောလောဆယ်ပထမဦးဆုံးဆောင်းပါး

ကြိမ်ထည်ပစ္စည်း