ဝင်ကြေးလက်မှတ် ကြိုတင်ဝယ်ယူရန်

ထိန်ချုံး ပေးဟိုင် စိမ့်မြေအရပ်(Wetland) မူပိုင်滇ICP备17005540号-1

ဝက်ဆိုဒ် တည်ဆောက်ရာတွင် ပံ့ပိုးသူ။:ထန်းတုကွန်ရက်

လည်ပတ်ရာ ကစားနည်း လမ်းပန်းဆက်သွယ်ရေး လမ်းညွှန် အနီးတဝိုက်မှ စားကောင်းသောက်ဖွယ် လည်ပတ်ရာတွင် သတိပြုရန် ဒေသထွက်ကုန်

အနီးတဝိုက်မှ စားကောင်းသောက်ဖွယ်

ပင်မစာမျက်နှာ-လည်ပတ်စရာ နည်းဗျူဟာ-အနီးတဝိုက်မှ စားကောင်းသောက်ဖွယ်

20190919130303938393510.jpg


      “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)”သည် ယူနန် ပြည်နယ် ထိန်ချုံးစီရင်စု၏ နာမည်ကြီး အစားအစာ ဖြစ်သည်။ အကောင်းစားဆန်ဖြင့် လုပ်ထားသော ခေါပုတ်ကို အချပ်လိုက်ဖြစ်အောင် ဖြတ်ပြီး အသား၊ ဝက်ပေါင်ခြောက်၊ ကြက်ဥ၊ မှိုအမည်း၊ ငရုတ်ချဉ် စသည်တို့ဖြင့် အစိုကြော်ထားတယ်။ အရသာမှာ ပျော့၊ မွှေးပြီး ခံတွင်း တွေ့တယ်။ မင် ခေတ်ကုန်ခါနီး ရုံလိဘုရင် ကျူးရိုလန်ကို ဝူဆန်းကွေ့က လိုက်သတ်သဖြင့် ထိန်ချုံးသို့ ပြေးလာတယ်။ ဗိုက်ကလည်းဆာ၊ လူကလည်း ပင်ပန်းနဲ့။ ရွာသားတွေက ဒေသရဲ့ စားကောင်းသောက်ဖွယ် ခေါပုတ် အစိုကြော်ကို ဆက်သလိုက်ရာ ရုံလိဘုရင်က အရမ်းကြိုက်သွားပြီး ဘုရင်ဖြစ်တဲ့ သူ့ကို ကယ်လိုက်တယ်လို့ ပြောတယ်။ “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)” ဆိုတဲ့ နာမည် ရသွားတယ်။ ကူမင်းမြို့ ကွမ်းဟွာလမ်း ကျိန့်ရိလမ်းနဲ့ နီးတဲ့ဘက်မှာ “ထိန်ချုံး ဆန်ခေါက်ဆွဲ” သီးသန့်ဆိုင် ရှိတယ်။ အောက်ထပ်သည် စားသောက်တန်း၊ အပေါ်ထပ်မှာ ထိုင်စရာ ကောင်းကောင်း ရှိတယ်။ အဲဒီဆိုင်မှာ ခေါပုတ် အစိုကြော်၊ အရည်ချက် စတဲ့ ချက်နည်း အမျိုးမျိုးနဲ့ ဟင်းပွဲ အစုံလိုက် ရောင်းပါတယ်။

       ဆန်ခေါက်ဆွဲ၊ ခေါပုတ်သည် ယူနန်၏ ဒေသအသီးသီးမှာ လူတိုင်းစားနေတဲ့ ဆန်ထွက် အစားအစာ ဖြစ်တယ်။ သို့သော် အရည်အသွေး နှင့် နာမည်ကျော်ကြားမှုကို ကြည့်ရင် ထိန်ချုံး ဆန်ခေါက်ဆွဲ၊ ခေါပုတ်ကို တခြား ဘယ်နေရာကမှ မမီဘူး။ အထူးသဖြင့် ဘုရင်က နာမည် ချီးမြှင့်ထားတဲ့ “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)”--ထိန်ချုံး ခေါပုတ် အစိုကြော်သည် အရောင်၊ အနံ့၊ အရသာ၊ အဆင်း ၄မျိုးစလုံး လှပြီး ကိုယ်ပိုင် အရည်အသွေးနဲ့ စားကံကြုံတဲ့ အစားကြိုက်သူတွေကို သိမ်းပိုက်နိုင်ခဲ့တယ်။

       ထိန်ချုံးသားများသည် ဆန်ကို ဆန်ခေါက်ဆွဲ၊ ခေါပုတ်အဖြစ် လုပ်ပြီးစားသော သမိုင်း နှစ်ပေါင်း ၄၀၀၊ ၅၀၀ခန့် ရှိခဲ့ပြီ။ အရပ်၏အပြောအရ တောက်ဘက် မင် ခေတ် ဘုရင် ကျူးရိုလန်(ရုံလိဘုရင်)သည် စစ်ရှူံး၍ အနောက်ဘက်စွန်းသို့ ထွက်ပြေးရာ လယ်သမားအိမ် တစ်အိမ်တွင် ခေါပုတ်အစိုကြော် တစ်အိုးကို ကုန်အောင် စားခဲ့တယ်တဲ့။ ဗိုက်ပြည့်သွားတဲ့အပြင် အဲဒီအရသာကို ပြန်ပြီး သတိရနေတယ်။ အဲဒီခေါပုတ်ကို “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)”လို့ ခေါ်တယ်။ ဒါနဲ့ “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)”က ထိန်ချုံး ခေါပုတ် အစိုကြော်ရဲ့ “ဘုရင်က ချီးမြှင့်တဲ့ နာမည်”ဖြစ်သွားရော။ နောက်ပိုင်းတော့ ထိန်ချုံး ဆန်ခေါက်ဆွဲ၊ ခေါပုတ်တွေရဲ့ ကိုယ်စားပြုစကားလုံး ဖြစ်လာတယ်။

       ဇာစ်မြစ်ကို ရှာလိုက်ရင် ထိန်ချုံး ဆန်ခေါက်ဆွဲ၊ ခေါပုတ်ဟာ အရှေ့ဘက်မြို့စွန် ဟူကြားဝမ်းက ထုတ်တာ နာမည်အကြီးဆုံးပဲ။ ၎င်းရဲ့ အသေးစိတ်ထုတ်လုပ်ထားတဲ့ ပစ္စည်းဟာ ကုန်ကြမ်းကို ရွေးချယ်ရာမှာ အလွန် တင်းကျပ်တယ်။ ထုတ်လုပ်နည်းမှာ အရမ်းချေးများတယ်။ ထူးခြားချက်ကတော့ ပျော့ပျောင်းပြီး “ကြောရိုး”ရှိတယ်။ အကြာကြီး ချက်လည်း မပြဲဘူး။ ခဏလေး ပြုတ်လိုက်တာနဲ့ စားလို့ရပြီး။ အရသာ ညက်ပြီး စေးတယ်။

   ထိန်ချုံး ဆန်ခေါက်ဆွဲ၊ ခေါပုတ်မှာ ချက်နည်း အများကြီး ရှိတယ်။ အစိုကြော်၊ ကင်၊ ချက် နိုင်တယ်။ “တာ့ကျို့ကျ(ဘုရင်ကို ကယ်တင်ခြင်း)” ဟာ ခေါပုတ်အလိပ်ကို တြိဂံပုံစံ သို့မဟုတ် အတုံးလိုက် ဖြစ်အောင် ဖြတ်ပြီး အသား၊ ဝက်ပေါင်ခြောက်၊ ကြက်ဥ၊ မှိုအမည်း၊ ဥနီ၊ ခရမ်းချဉ်သီး၊ ပဲလိပ်ပြာရွက် စတဲ့ အစာပလာတွေနဲ့ ဟင်းခတ် အမွှေးအကြိုင်တွေ ထည့်ပြီး အိုးထဲမှာ အစိုကြော်တာပါပဲ။ အရောင်စုံပြီး အရသာ မွှေးကြိုင်နေတယ်။ ချောပြီး မအီဘူး။ စားလို့ကို မဝနိုင်ဘူး။ ခေါပုတ်ကို အပြားလိုက် ဖြတ်ပြီး မီးပေါ်မှာ ဝါအောင် ကင်ပြီးနောက် ခြောက်ကော့၊ ဘကော့၊ နှမ်းဆီ၊ ငရုတ်ဆီ စတဲ့ အစာပလာထည့်ထားတဲ့ တူဟူးနွေးထဲ ထည့်နယ်လိုက်ရင် တိုဟူးနွေး ခေါပုတ်လို့ ခေါ်တယ်။ အသား၊ ဟင်းရည်၊ အရွက်၊ ဆန်ခေါက်ဆွဲတွေကို မြေအိုးထဲမှာ ရောချက်လိုက်ရင် မြေအိုးဆန်ခေါက်ဆွဲ ဖြစ်သွားရော။

       ယခုအခါမှာ ထိန်ချုံး ဒေသ အစားအစာ ဆန်ခေါက်ဆွဲဟာ ကောင်းလီကုန့်တောင် အပြင်ဘက်ကို လျှောက်လှမ်းခဲ့ပြီ။ ကူမင်း၊ ပေကျင်း နဲ့ မြို့ကြီး အတော်များများမှာ အခြေချခဲ့ပြီး စားသုံးသူရဲ့ ကြိုက်နှစ်သက်ခြင်းကို ရရှိခဲ့တယ်။ သူရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ “ယူနန် အမြန်စား ဆန်ခေါက်ဆွဲ”ဟာ ၁၉၉၄၊ ၁၉၉၅၊ ၁၉၉၇ ခုနှစ်တွေမှာ “ယူနန်ပြည်နယ် စားသုံးသူ အကြိုက်ဆုံး ပစ္စည်း” နဲ့ “တတိယအကြိမ် တရုတ် ကျေးလက် ကုမ္ပဏီမှ ပြည်ပ တင်ပို့ပစ္စည်း ပြပွဲ ထူးချွန် ကုန်ပစ္စည်း” အမည် ရခဲ့တယ်။


တောင်ပို့မှို

ဒါကနောက်ဆုံးဆောင်းပါးဖြစ်ပါသည်